Friday 14 August 2015

အာဏာရှင်ဆန်သော နိုင်ငံရေးပါတီများ ဖြန်းဖြန်းကွဲမှသာ ပါတီတွင်းပြဿနာများကို အပြင်လူသိရဟု ဒေါ်အောင်ဆန်းစုကြည်ပြော

 ကမ္ဘာ့နိုင်ငံအသီးသီး ရှိ အာဏာရှင်ဆန်သော ပါတီများ အနေဖြင့် ပါတီတွင်းပြဿနာများ ကို အပြင်လူများ သိရှိစေခြင်းမရှိ ဘဲ ယင်းပါတီများ ဖြန်းဖြန်းကွဲမှ သာ အပြင်လူများ သိရှိရကြောင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ဒေါ်အောင်ဆန်းစုကြည် သည် သြဂုတ် ၁၁ ရက်က ရွှေ တောင်မြို့လူထုတွေ့ဆုံပွဲတွင် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။


‘‘နိုင်ငံခြားမှာဆိုရင် နှစ်ရာနဲ့ ချီပြီးတော့ ဒီမိုကရေစီစနစ်နဲ့ ရပ် တည်ခဲ့တဲ့ ပါတီကြီးတွေတောင် မှ ပါတီအတွင်းရေးပြဿနာတွေ အမြဲတမ်းရှိတတ်ပါတယ်။ ပါတီ အတွင်းပြဿနာမရှိဘူးလို့ ထင် တဲ့သူတွေဟာ နိုင်ငံရေးအကြောင်း လုံးဝနားမလည်တာပဲ။ အာဏာရှင်ဆန်သော ပါတီများသည် ပြဿနာရှိမှန်း ဘယ်တော့မှ အပြင်ကနေ မသိရဘူး။ ဖြန်းဖြန်းကွဲမှပဲ သိရတော့တယ်’’ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အနေဖြင့် ဒီမိုကရေစီအရ ပွင့် လင်းမြင်သာမှုရှိသဖြင့် ပါတီတွင်း ပြောဆိုမှုများကို ပြင်ပကပါသိရှိ နိုင်ကြောင်း၊ ယင်းကိစ္စသည် ကောင်းခြင်းရှိသကဲ့သို့ ဆိုးခြင်း လည်း ရှိကြောင်း ၎င်းက ဆက် လက်ပြောကြားသည်။

‘‘ကောင်းတာရှိတယ်ဆိုရာ မှာ ပွင့်လင်းမြင်သာမှုရှိတဲ့အ တွက် ပြည်သူကို ရှင်းပြရတာ လွယ်ကူတယ်။ ဆိုးတာရှိတယ်ဆိုတာ ကတော့ ပွင့်လင်းမြင်သာမှုရှိလွန်း တဲ့အတွက် တစ်ခါတစ်ရံပိုမိုရှုပ် ထွေးတတ်တယ်’’ဟု ၎င်းက ဆက်လက်ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အနေဖြင့် အားနည်းချက်များ ရှိနေသေးသော်လည်း ပြုပြင် ပြောင်းလဲမှုများ၊ ပါတီတွင်း ပြဿ နာများကို ရင်ဆိုင်ဖြေရှင်းသွားနိုင် ကြောင်း၊ မြန်မာနိုင်ငံရှိ ၅၁ သန်း သော ပြည်သူများ၏ ပြဿနာများကို ရင်ဆိုင်ရန် အဆင်သင့်ဖြစ် နေသော အဖွဲ့ချုပ်ဖြစ်နေသည့် အတွက် ဒီချုပ်ကိုယ်စားလှယ် ၁၀၀၀နှင့် ပြဿနာများကို ရင်ဆိုင်ရန်အတွက်မူ အပျော့သာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က  ရွှေတောင်လူထုနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် သည် မကွေးတိုင်းခရီးစဉ်တစ် လျှောက်လုံးတွင် ဒီချုပ်က ရွေးချယ်ခဲ့သည့် ကိုယ်စားလှယ်လောင်း များနှင့် ပတ်သက်၍ ဦးစားပေး ပြောကြားခဲ့ပြီး ကိုယ်စားလှယ် လောင်းများတွင် ဆိုးသည့်သူများ ပါဝင်ပါက ကောင်းအောင် ပြုပြင် မည်ဖြစ်ပြီး ပြုပြင်၍ မရပါက အ ရေးယူမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ကိုယ်စားလှယ် လောင်းကို မကြည့်ဘဲ ပါတီကို သာကြည့်၍ မဲပေးရန်လည်း ၎င်း က ပြောကြားသွားသည်။
7 day

1 comment:

  1. စောက်ကုလားဦးစားပေးပါတီ။

    ReplyDelete