Friday 14 August 2015

ငါးရှာကိရိယာမသုံးတတ်၍ ထိုင်းနိုင်ငံသားများ ခေါ်ယူအသုံးပြုမည့်အစီအစဉ် ငါးလုပ်ငန်းအဖွဲ့ချုပ် ကန့်ကွက်

တနင်္သာရီတိုင်းဒေသ ကြီးအတွင်း ငါးဖမ်းလုပ်ငန်းလေ လံခေါ်ယူရာတွင် ငါးရှာကိရိယာ (ဆိုနာ)ကို မြန်မာနိုင်ငံသားများ ကျွမ်းကျင်စွာ အသုံးမပြုတတ်သ ဖြင့် ထိုင်းနိုင်ငံသားများ ခေါ်ယူရန် တိုင်းဒေသကြီး အစိုးရ အဖွဲ့က စီစဉ်နေခြင်းအပေါ် ကန့်ကွက်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးဟန်ထွန်းက ပြောကြားသည်။
တိုင်းရင်းသားပိုင် ငါးဖမ်း လှေများပေါ်တွင် ငါးရှာကိရိယာ (ဆိုနာ)အသုံးပြုရန် ထိုင်းနိုင်ငံ သားများကို ခေါ်ယူမည့် အစီအ စဉ်သည် နိုင်ငံခြားငါးဖမ်းသင်္ဘော များအား လုပ်ပိုင်ခွင့်ရပ်ဆိုင်းခြင်း နှင့် ဆန့်ကျင်ဘက်ဖြစ်စေကြောင်းမြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
‘‘တိုင်းရင်းသားအမည်ခံပြီး ငါးလှေတွေပေါ်မှာ ဆိုနာကိရိယာ ကို ကိုင်တွယ်ဖို့ ထိုင်းနိုင်ငံသား တွေကို ခေါ်မယ်ဆိုရင် ဖစ်ရှင်း ရိုက် (နိုင်ငံခြားသင်္ဘောများ ငါး ဖမ်းခွင့်)ကို ပိတ်ထားတာ အလ ကားဖြစ်နိုင်တယ်’’ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် နာယက ဦးစိုးဝင်းက ပြောကြားသည်။

 ငါးဖမ်းလှေများပေါ်တွင် ငါးရှာ ကိရိယာ ကိုင်တွယ်ရသူ များသည် လှေလုပ်သားများအ ပေါ် သြဇာရှိကြသည်။ ထို့ပြင် အကျိုးအမြတ်လည်း ပိုမိုပေးရသ ဖြင့် ၎င်းတို့၏ အုပ်ချုပ်မှုနှင့် ပိုင် ဆိုင်မှုအောက်သို့ ငါးဖမ်းလှေများ ရောက်ရှိသွားမည်ကို စိုးရိမ်သော ကြောင့် လုပ်ငန်းရှင်များက ကန့် ကွက်နေခြင်း ဖြစ်ကြောင်း မြန်မာ နိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်က ပြောကြားသည်။
‘‘ဆိုနာ ကိရိယာကို ကျွန် တော်တို့ နိုင်ငံသားတွေက ကျွမ်း ကျွမ်းကျင်ကျင် အသုံးမပြုနိုင်လို့ ထိုင်းနိုင်ငံသားတွေ ခေါ်မယ်လို့ တနင်္သာရီတိုင်းဒေသကြီးမှာ ငါး ဖမ်းလုပ်ငန်းလေလံပစ်နေတယ်။ အဲဒီအပေါ် တနင်္သာရီရော ထား ၀ယ်က လုပ်ငန်းရှင်တွေပါ ကန့် ကွက်တယ်လို့ အကြောင်းကြား ထားတယ်’’ ဟု ဦးဟန်ထွန်းက ဆက်လက်ပြောကြားသည်။
မြန်မာ့ပင်လယ်ပြင်တွင် ငါး သယံဇာတ လျော့နည်းချိန်၌ ငါးရှာကိရိယာကို ကျွမ်းကျွမ်းကျင် ကျင် အသုံးပြုပြီး ငါးအလွန်အကျွံ ဖမ်းဆီးရန် စီစဉ်သကဲ့သို့ ဖြစ်နေ ကြောင်း ငါးလုပ်ငန်းပညာရှင်များ က ဝေဖန်ထောက်ပြကြသည်။
7 day

No comments:

Post a Comment