Friday 8 May 2015

ချင်းမိုင်တက္ကသိုလ်မှ တိုက်ရိုက်ပေးအပ်သောဘွဲ့ကို ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် တစ်လလျှင် ငွေကျပ်နှစ်သောင်းဖြင့် တက်ရောက်ရယူနိုင်

ထိုင်းနိုင်ငံရှိ တက္ကသိုလ်တစ်ခုဖြစ်သော ချင်းမိုင် ယူနီဗာစီတီမှ တိုက်ရိုက် ပေးအပ်သော ဘွဲ့ကို ရန်ကုန် စီးပွားရေးတက္ကသိုလ်တွင် တစ်လလျှင် ငွေကျပ်နှစ်သောင်းဖြင့် တက်ရောက်ရယူနိုင်ပြီဖြစ်ကြောင်း သိရသည်။

ရန်ကုန်စီးပွားရေးတက္ကသိုလ် နှင့် ချင်းမိုင်ယူနီဗာစီတီတို့သည် နား လည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပြီး မြန်မာနိုင်ငံတွင်ပင် Master of Eco တန်းကို ကျောင်းသားကျောင်းသူ အယောက် ၄ဝဖြင့် စတင်သင်ကြား ရန် သဘောတူခဲ့ကြကြောင်း၊ ယင်း သင်တန်းကိုတက်ရောက်လိုသူများသည် ဘွဲ့တစ်ခုခုရရှိထားရန်သာလို အပ်ပြီး၊ လစဉ်ကြေးအနေဖြင့် တစ်လလျှင် နှစ်သောင်းကျပ်သာကုန်ကျ မည်ဖြစ်ကြောင်း၊ သင်တန်းကာလ ပြီးဆုံးပါက ချင်းမိုင်ယူနီဗာစီတီမှ တိုက်ရိုက်ပေးအပ်မည့်ဘွဲ့ကိုရရှိမည် ဖြစ်ကြောင်း ရန်ကုန်စီးပွားရေး တက္ကသိုလ်မှ သိရသည်။

''စစချင်းတော့ ချင်းမိုင်နဲ့ကျောင်း သားဖလှယ်ရေးအစီအစဉ်လောက် နဲ့ပဲစခဲ့တယ်။ နောက်ပိုင်း ဒီကကျောင်း သားတွေကို Full Scholar ပေးတယ်။ ဘွဲ့ရပြီးသူတွေကိုလဲ သူတို့ဆီကဘဏ် တွေမှာ အလုပ် ပြန်ပေးတော့ သူတို့လူ တွေလိုဖြစ်ကုန်တယ်။ အဲဒါကြောင့် ဒီမှာ ပြန်သင်မယ့်ဆရာတွေလိုတယ်။ တခြား အစိုးရဌာန တွေရဲ့ ဝန်ထမ်း တွေကို လေ့ကျင့်ပေးဖို့လိုအပ်တာတွေ ကြောင့် သူတို့နဲ့ဆွေးနွေးတော့အ ယောက် ၄၀ သင်ပေးမယ်လို့ သဘော တူခဲ့ကြတယ်။ ကျောင်းသား၊ ကျောင်း သူတွေအတွက် ဘန်ကောက် ဘဏ်က အကုန်တာဝန်ယူပေးထားတယ်။ ဒီဘက်က ဘာပြန်ပေးရမလဲဆိုတော့ လာသင်ပေးမယ့် ဆရာ တွေ အတွက် အကြိုအပို့၊ အထွေထွေအသုံးစရိတ် တွေကို တာဝန်ယူပေးရတယ်။ ဒါ ကြောင့်နှစ်သောင်း ကောက်တာ ပါ''ဟု ရန်ကုန်စီးပွားရေးတက္ကသိုလ်မှပါ မောက္ခဌာနမှူး ဒေါက်တာသီတာကြူ က ပြောသည်။

အဆိုပါသင်တန်းအတွက် ချင်း မိုင်ယူနီဗာစီတီမှပါမောက္ခများ ကိုယ်တိုင် လာရောက်သင်ကြားပေးခြင်းဖြစ် ကြောင်း သိရသည်။

ယင်းသင်တန်းကို နှစ်စဉ်ဖွင့်လှစ် သွားမည်ဖြစ်ပြီး သင်တန်းအမှတ် စဉ် (၁)ကို ယခုနှစ်ဇန်နဝါရီတွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း၊ တက္ကသိုလ် နှစ်ခု၏ သဘောတူညီချက်အရ အစိုးရဝန်ထမ်းများထဲမှ စိတ်ဝင်စား၍ တက်ရောက်လိုသူ၂၅ဦး လက်ခံမည် ဖြစ်ပြီး ပြင်ပမှစိတ်ဝင်စား၍တက် ရောက်လိုသူ၁၅ဦး လက်ခံပေးမည် ဖြစ်ကြောင်း၊ ဘွဲ့ရရှိချိန်တွင် ချင်းမိုင် တက္ကသိုလ်သို့ တက်ရောက်ဘွဲ့ယူရမည် ဖြစ်ကြောင်း သိရသည်။

ATK
Democracytoday‬

No comments:

Post a Comment