Friday 8 May 2015

အမေရိကန်က ပြည်တွင်းလူမှုအဖွဲ့အစည်း ၁၁ ဖွဲ့ကို ငွေကြေးထောက်ပံ့မည်

အမေရိကန်သံရုံးက ပြည်တွင်းလူမှုအဖွဲ့အစည်း ၁၁ဖွဲ့အား ဒေါ်လာနှစ်သိန်းခန့်ထောက် ပံ့ကြေး ပေးအပ် မည် ဖြစ်ကြောင်း သတင်းရရှိသည်။

ထောက်ပံ့ကြေးပေးအပ်မည့် အဖွဲ့အစည်းများသည် ပဋိပက္ခဖြစ်ပွားရာဒေသများ၊ ဖွံ့ဖြိုးမှု နည်းပါးသော ဒေသများ ဖွံ့ဖြိုးတိုး တက်ရေး၊ အမျိုးသမီးအခွင့်အ ရေးနှင့် လူနည်းစုတိုင်းရင်းသား အရေးကို ဆောင်ရွက် နေသော အဖွဲ့အစည်းများဖြစ်သည်ဟု အ မေရိကန် သံရုံးက ကြေညာခဲ့ သည်။ အမေရိကန်သံရုံးက အဖွဲ့ အစည်းများအား ထောက်ပံ့မည့် ငွေပမာဏမှာ အမေရိကန်ဒေါ် လာ ၁၉၀,၀၀၀ ခန့်ရှိသည်။

ထောက်ပံ့ကြေးရယူရန် အ မေရိကန်သံရုံးသို့ တစ်နှစ်တာအ တွင်း တင်ပြလာသည့် အဖွဲ့အ စည်းများ အနက် ၁၁ ဖွဲ့ကို ရွေး ချယ်ခဲ့ခြင်းဖြစ်သည်။ ရွေးချယ်ရာ တွင်လည်း ဒီမိုကရေစီဖွံ့ဖြိုးရေး၊ လူ့အခွင့်အရေး၊ တရားဥပဒေ စိုး မိုးရေး၊ လူထုအဖွဲ့အစည်းများ ညှိ နှိုင်းဆောင် ရွက်မှုစွမ်းရည်နှင့်ငြိမ်း ချမ်းရေး တည်ဆောက်မှုမြှင့်တင် ဆောင်ရွက်ရာတွင် အထောက်အ ကူပြုသည့် အချက်များဖြင့် ဆုံး ဖြတ်ခဲ့ကြောင်း သံရုံးကထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

ထောက်ပံ့ကြေးပေးအပ်ရန် ယခုနှစ်ဆန်းကတည်းက အဖွဲ့အ စည်းများအား လျှောက်ထားစေခဲ့ခြင်း ဖြစ်သည်။

ထောက်ပံ့သည့် အဖွဲ့များ တွင် ချင်းပြည်နယ်၊ ရှမ်းပြည် နယ်၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှအဖွဲ့ အစည်းများပါဝင်ပြီး အဖွဲ့တစ်ဖွဲ့ လျှင် ဒေါ်လာ ၃,၀၀၀ မှ ၂,၃၀၀၀ ထိ လျှောက်ထားစဉ်ကအတိုင်း တစ်ဖွဲ့နှင့်တစ်ဖွဲ့မတူညီသောနှုန်း ထားများဖြင့် ရရှိမည်ဖြစ် သည်။

‘‘သံရုံးကအသေးစားထောက် ပံ့ကြေးအတွက် လျှောက်လို့ရ တယ်ဆိုလို့ လျှောက်တာပါ။ ငွေ ကြေး ပမာဏက မများပေမယ့် ပထမခြေလှမ်းဆိုတော့အထောက် အကူပြုမှာပါ’’ဟု ရှမ်းပြည်နယ် မြောက်ပိုင်း တွင် အမျိုးသမီးဘ၀ ဖွံ့ဖြိုးရေးလုပ်ဆောင်နေသော တအာင်န်းအမျိုးသမီးအဖွဲ့မှတွဲဖက် အထွေထွေ အတွင်းရေးမှူး (၂) မဒီဒီပိုးကျိန်ကပြောသည်။

၎င်းတို့အဖွဲ့အတွက်ထောက် ပံ့ကြေးမှာ ဒေါ်လာနှစ်သောင်းဖြစ် ပြီး ဝေးလံခေါင်ဖျားသော ဒေသ များတွင် စာကြည့်တိုက်ဆောက် ရန်ရည်ရွယ်ပြီးလျှောက်ခဲ့ကြောင်း ၎င်းကဆိုသည်။

ယင်းကဲ့သို့ ထောက်ပံ့မှုများ ကို အမေရိကန်သံရုံးက ၂၀၀၆ တွင် စတင်ဆောင်ရွက်ခဲ့ပြီး အ ရပ်ဘက် အဖွဲ့ အစည်းများအား လက်ရှိအချိန်ထိ ဒေါ်လာ ၂ဒသမ ၅ သန်း ထောက်ပံ့ပေးပြီး ဖြစ်သည်ဟု အမေရိကန် သံရုံးကထုတ်ပြန် သည်။

7Day DAILY 

No comments:

Post a Comment