Friday 9 January 2015

ကုလလူ့အခွင့်အရေး ကိုယ်စားလှယ်က ကျောင်းသားသပိတ်များအကြောင်း မေးမြန်း

Photo: ကုလလူ့အခွင့်အရေး ကိုယ်စားလှယ်က ကျောင်းသားသပိတ်များအကြောင်း မေးမြန်း
Friday, January 9, 2015 

မြန်မာနိုင်ငံတွင် ယခုနှစ်ပိုင်းအတွင်း ဖြစ်ပွားနေသော ကျောင်းသားဆန္ဒပြပွဲ၊ ကျောင်းသားသမဂ္ဂ သပိတ်စခန်းများ အကြောင်းနှင့် ၂၀၁၅ ခုနှစ်ဆန်းပိုင်းတွင် ပြုလုပ်မည့် သပိတ်စခန်းများ အကြောင်းကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗ.က.သ) နှင့် တွေ့ဆုံကာ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms. Yanghee Lee က မေးမြန်းခဲ့ကြောင်း ဗ.က.သ ပြန်ကြားရေး တာဝန်ရှိသူ ကိုရဲရင့်ကျော်က ပြောကြားသည်။

ရန်ကုန်မြို့တော်ရှိ ကုလသမဂ္ဂဆိုင်ရာ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) ရုံးတွင် ဇန်နဝါရီလ ၈ ရက်နေ့ ကျောင်းသားသမဂ္ဂများ အပါအဝင် အရပ်ဘက် အဖွဲ့အစည်းများနှင့် တွေ့ဆုံစဉ် ယင်းသို့ မေးမြန်းခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းလင်းပြောကြားသည်။

ဗ.က.သ အဖွဲ့ကိုယ်စား ကျောင်းသား၊ ကျောင်းသူသုံးဦးက ကုလလူ့အခွင့်အရေး ကိုယ်စားလှယ်နှင့် တွေ့ဆုံခဲ့ပြီး လက်ရှိ ပညာရေးစနစ် အပြောင်းအလဲနှင့် လွတ်လပ်စွာ ပညာသင်ကြားခွင့် အခြေအနေအကြောင်း မေးမြန်းခဲ့ကြောင်း ကျောင်းသားသမဂ္ဂဝင်များထံမှ စုံစမ်းသိရှိရသည်။

“ရက် ၆၀ အလွန် ဘာတွေလုပ်ဖို့ ဆောင်ရွက်ထားလဲ။ အင်အားဘယ်လောက် ရှိတာလဲ ဆိုတာ၊ ရခိုင်ပြည်နယ်က ကျောင်းသားတွေ အခြေအနေနဲ့ ဘာသာရေး ကွဲပြားမှုရှိတဲ့ ကျောင်းသားတွေအတွက် ဘယ်လိုသဘောရသလဲ ဆိုတာ မေးပါတယ်” ဟု ကိုရဲရင့်ကျော်က ပြောကြားသည်။

ယင်းအပြင် ကျောင်းသားသမဂ္ဂ အဖွဲ့များ၏ အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေး ပညာရေး ဝန်ကြီးဌာနနှင့် တွေ့ဆုံရန် တောင်းဆိုချက်ကို အစိုးရ တာဝန်ရှိသူများဘက်မှ တုံ့ပြန်မှု တစ်စုံတစ်ရာ မရှိခြင်း အကြောင်းကို Ms. Yanghee Lee မှတစ်ဆင့် အစိုးရထံ မေးမြန်းပေးရန် တောင်းဆိုခဲ့သေးကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“ကျောင်းသားတွေရဲ့ အခြေအနေကို ချပြလိုက်တာပဲ။ သူနဲ့တွေ့ပြီးတော့ ဘာလုပ်မှာလဲ ဆိုတာတော့ ဗ.က.သ မူအတိုင်း ဆက်လုပ်သွားမှာပဲ” ဟု ကုလလူ့အခွင့်အရေး ကိုယ်စားလှယ်နှင့် တွေ့ဆုံခဲ့သူ မြင်းခြံခရိုင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ဝင် ကိုဇော်လင်းအောင်က ရှင်းပြသည်။

Ms. Yanghee Lee ကို လက်တလော ကျောင်းသားလှုပ်ရှားမှု၊ ကျောင်းသားအဖွဲ့များ၏ အစိုးရထံ တောင်းဆိုထားသော အချက်အလက်များနှင့် မြန်မာအစိုးရထံ ထောက်ပံ့နေသော ရန်ပုံငွေများကို ပြန်လည် သုံးသပ်သင့်ကြောင်းနှင့် တိုင်းရင်းသား ဘာသာစကား သင်ကြားခွင့် အခြေအနေတို့ကိုလည်း တင်ပြခဲ့ကြောင်း ဗ.က.သ အဖွဲ့ဝင်များက ဆိုသည်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်တွင် ကျောင်းသား၊ ကျောင်းသူ အင်အား ၂၅၀၀ ကျော်ရှိပြီး ခရိုင် ၂၆ ခုတွင် ဖွဲ့စည်းထားပြီး ဖြစ်သည်။

The Voice Weekly
မြန်မာနိုင်ငံတွင် ယခုနှစ်ပိုင်းအတွင်း ဖြစ်ပွားနေသော ကျောင်းသားဆန္ဒပြပွဲ၊ ကျောင်းသားသမဂ္ဂ သပိတ် စခန်းများ အကြောင်းနှင့် ၂၀၁၅ ခုနှစ်ဆန်းပိုင်းတွင် ပြုလုပ်မည့် သပိတ်စခန်းများ အကြောင်းကို ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗ.က.သ) နှင့် တွေ့ဆုံကာ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms. Yanghee Lee က မေးမြန်းခဲ့ကြောင်း ဗ.က.သ ပြန်ကြားရေး တာဝန်ရှိသူ ကိုရဲရင့်ကျော်က ပြောကြားသည်။

ရန်ကုန်မြို့တော်ရှိ ကုလသမဂ္ဂဆိုင်ရာ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) ရုံးတွင် ဇန်နဝါရီလ ၈ ရက်နေ့ ကျောင်းသားသမဂ္ဂများ အပါအဝင် အရပ်ဘက် အဖွဲ့အစည်းများနှင့် တွေ့ဆုံစဉ် ယင်းသို့ မေးမြန်းခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းလင်းပြောကြားသည်။

ဗ.က.သ အဖွဲ့ကိုယ်စား ကျောင်းသား၊ ကျောင်းသူသုံးဦးက ကုလလူ့အခွင့်အရေး ကိုယ်စားလှယ်နှင့် တွေ့ဆုံ ခဲ့ပြီး လက်ရှိ ပညာရေးစနစ် အပြောင်းအလဲနှင့် လွတ်လပ်စွာ ပညာသင်ကြားခွင့် အခြေအနေအကြောင်း မေးမြန်းခဲ့ကြောင်း ကျောင်းသားသမဂ္ဂဝင်များထံမှ စုံစမ်းသိရှိရသည်။

“ရက် ၆၀ အလွန် ဘာတွေလုပ်ဖို့ ဆောင်ရွက်ထားလဲ။ အင်အားဘယ်လောက်ရှိတာလဲဆိုတာ၊ ရခိုင်ပြည် နယ်က ကျောင်းသားတွေ အခြေအနေနဲ့ ဘာသာရေး ကွဲပြားမှုရှိတဲ့ ကျောင်းသားတွေအတွက် ဘယ်လို သဘောရသလဲ ဆိုတာ မေးပါတယ်” ဟု ကိုရဲရင့်ကျော်က ပြောကြားသည်။ 

ယင်းအပြင် ကျောင်းသားသမဂ္ဂ အဖွဲ့များ၏ အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေး ပညာရေး ဝန်ကြီးဌာန နှင့် တွေ့ဆုံရန် တောင်းဆိုချက်ကို အစိုးရ တာဝန်ရှိသူများဘက်မှ တုံ့ပြန်မှု တစ်စုံတစ်ရာ မရှိခြင်း အကြောင်း ကို Ms. Yanghee Lee မှတစ်ဆင့် အစိုးရထံ မေးမြန်းပေးရန် တောင်းဆိုခဲ့သေးကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“ကျောင်းသားတွေရဲ့ အခြေအနေကို ချပြလိုက်တာပဲ။ သူနဲ့တွေ့ပြီးတော့ ဘာလုပ်မှာလဲ ဆိုတာတော့ ဗ.က.သ မူအတိုင်း ဆက်လုပ်သွားမှာပဲ” ဟု ကုလလူ့အခွင့်အရေး ကိုယ်စားလှယ်နှင့် တွေ့ဆုံခဲ့သူ မြင်းခြံခရိုင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ဝင် ကိုဇော်လင်းအောင်က ရှင်းပြသည်။

Ms. Yanghee Lee ကို လက်တလော ကျောင်းသားလှုပ်ရှားမှု၊ ကျောင်းသားအဖွဲ့များ၏ အစိုးရထံ တောင်း ဆို ထားသော အချက်အလက်များနှင့် မြန်မာအစိုးရထံ ထောက်ပံ့နေသော ရန်ပုံငွေများကို ပြန်လည် သုံးသပ် သင့်ကြောင်းနှင့် တိုင်းရင်းသား ဘာသာစကား သင်ကြားခွင့် အခြေအနေတို့ကိုလည်း တင်ပြခဲ့ ကြောင်း ဗ.က.သ အဖွဲ့ဝင်များက ဆိုသည်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်တွင် ကျောင်းသား၊ ကျောင်းသူ အင်အား ၂၅၀၀ ကျော် ရှိပြီး ခရိုင် ၂၆ ခုတွင် ဖွဲ့စည်းထားပြီး ဖြစ်သည်။

The Voice Weekly 

No comments:

Post a Comment