Friday 9 January 2015

အစ္စလာမ္မစ်နှင့်အကြမ်းဖက်မှု စကားလုံးများကို လုံးဝခွဲထုတ်ရန် အီးယူ တိုက်တွန်း

Photo: အစ္စလာမ္မစ်နှင့်အကြမ်းဖက်မှု စကားလုံးများကို လုံးဝခွဲထုတ်ရန် အီးယူ တိုက်တွန်း
Friday, January 9, 2015 

ဥရောပသမဂ္ဂ (အီးယူ) က ညီညွတ်မှုကို ပြသကြဖို့ ဆော်သြရင်း အစ္စလာမ္မစ် ဆိုတဲ့ စကားလုံးနဲ့ အကြမ်းဖက်မှုဆိုတဲ့ စကားလုံးတို့ကို လုံးဝခွဲထုတ်ဖို့ လူတွေကို မနေ့က တိုက်တွန်းလိုက်ပါတယ်။

“ဥရောပအတွက် ကျမတို့တည်ရှိမှုရဲ့ အခြေခံတန်ဖိုးက စာနယ်ဇင်းလွတ်လပ် ခွင့်ပါ။ ဒါဟာ ကျမတို့ရဲ့ အတွေးအခေါ် လွတ်လပ်မှု၊ ဘဝရဲ့ ဘုံလမ်းကြောင်း အတွက် နှလုံးသားထဲမှာ ရှိတဲ့အရာပါ။ ဥရောပသမဂ္ဂဟာဆက်ပြီး အတွင်းရော အပြင်ပါ ညီညွတ်နေမယ်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဟာ နိုင်ငံရေးအရသာ မဟုတ်ဘဲ လုံခြုံရေးအတွက် ယဉ်ကျေးမှုဓလေ့အရပါ အဓိကစိန်ခေါ်မှုပဲ” လို့ ဥရောပ သမဂ နိုင်ငံခြားရေး မူဝါဒခေါင်းဆောင် ဖေဒေရီကာ မိုဂီရီနီက လတ်ဗီယာနိုင်ငံခြားရေးဝန်ကြီးနဲ့အတူ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

လူမဆန်တဲ့ ရက်စက်တဲ့ အပြုအမူကို လုပ်ရာမှာ အသုံးချနိုင်တဲ့ ဘာသာတရား မရှိဘူးလို့လည်း သူက ပြောဆိုခဲ့ပါတယ်။

ပြင်သစ်မြို့တော် ပါရီက အပတ်စဉ်ထုတ် သရော်စာသတင်းစာတိုက်  ရှာလီ ယေဘဒို ရဲ့ ရုံးခန်းကို သေနတ်သမားတွေဟာ ဘုရားသခင်က အကြီးမြတ်ဆုံး လို့ အဓိပ္ပာယ်ရတဲ့ အာရပ်ဘာသာစကား အလ်လာဟူ အက်ကဘာလို့ အော်ရင်း ဝင်ရောက်ပစ်ခတ်ခဲ့တဲ့အတွက် သတင်းစာတိုက် တည်ထောင်သူ အယ်ဒီတာ ချုပ် အပါအဝင် လူ ၁၂ ယောက် သေဆုံးခဲ့ပါတယ်။

အဲဒီနောက် သေနတ်သမားတွေဟာ ကားအနက်ရောင်တစီးနဲ့ အတူအော်ဟစ် ရင်း ထွက်ပြေးလွတ်မြောက်သွားတယ်လို့ မျက်မြင်သက်သေတွေက ပြောခဲ့ ပါတယ်။ 

ဒီဗွီဘီ

ဖေဒေရီကာ မိုဂီရီနီ
ဖေဒေရီကာ မိုဂီရီနီ
ဥရောပသမဂ္ဂ (အီးယူ) က ညီညွတ်မှုကို ပြသကြဖို့ ဆော်သြရင်း အစ္စလာမ္မစ်ဆိုတဲ့ စကားလုံးနဲ့ အကြမ်း ဖက်မှုဆိုတဲ့ စကားလုံးတို့ကို လုံးဝခွဲထုတ်ဖို့ လူတွေကို မနေ့က တိုက်တွန်းလိုက်ပါတယ်။

“ဥရောပအတွက် ကျမတို့တည်ရှိမှုရဲ့ အခြေခံတန်ဖိုးက စာနယ်ဇင်းလွတ်လပ်ခွင့်ပါ။ ဒါဟာကျမတို့ရဲ့ အတွေးအခေါ်လွတ်လပ်မှု၊ ဘဝရဲ့ဘုံလမ်းကြောင်းအတွက် နှလုံးသားထဲမှာ ရှိတဲ့အရာပါ။ ဥရောပ သမဂ္ဂဟာ ဆက်ပြီး အတွင်းရော အပြင်ပါ ညီညွတ်နေမယ်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဟာ နိုင်ငံရေး အရသာ မဟုတ်ဘဲ လုံခြုံရေးအတွက် ယဉ်ကျေးမှုဓလေ့အရပါ အဓိကစိန်ခေါ်မှုပဲ” လို့ ဥရောပသမဂ နိုင်ငံခြားရေး မူဝါဒခေါင်းဆောင် ဖေဒေရီကာ မိုဂီရီနီက လတ်ဗီယာနိုင်ငံခြားရေးဝန်ကြီးနဲ့အတူ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

လူမဆန်တဲ့ ရက်စက်တဲ့ အပြုအမူကို လုပ်ရာမှာ အသုံးချနိုင်တဲ့ ဘာသာတရား မရှိဘူးလို့လည်း သူက ပြော ဆိုခဲ့ပါတယ်။

ပြင်သစ်မြို့တော် ပါရီက အပတ်စဉ်ထုတ် သရော်စာသတင်းစာတိုက်  ရှာလီ ယေဘဒို ရဲ့ ရုံးခန်းကို သေနတ် သမားတွေဟာ ဘုရားသခင်က အကြီးမြတ်ဆုံး လို့ အဓိပ္ပာယ်ရတဲ့ အာရပ်ဘာသာစကား အလ်လာ ဟူ အက်ကဘာလို့ အော်ရင်း ဝင်ရောက်ပစ်ခတ်ခဲ့တဲ့အတွက် သတင်းစာတိုက် တည်ထောင်သူ အယ်ဒီတာ ချုပ် အပါအဝင် လူ ၁၂ ယောက် သေဆုံးခဲ့ပါတယ်။

အဲဒီနောက် သေနတ်သမားတွေဟာ ကားအနက်ရောင်တစီးနဲ့ အတူအော်ဟစ်ရင်း ထွက်ပြေးလွတ်မြောက် သွားတယ်လို့ မျက်မြင်သက်သေတွေက ပြောခဲ့ ပါတယ်။ 

ဒီဗွီဘီ

No comments:

Post a Comment