Friday 9 January 2015

သမ္မတနှင့် နိုင်ငံရေးထိပ်သီးခေါင်းဆောင်များ၊ တိုင်းရင်းသားရေးရာ ဝန်ကြီး များနှင့် တိုင်းရင်းသားကိုယ်စားလှယ်ခေါင်းဆောင်များ ဇန်နဝါရီ ၁၂ ရက်တွင် တွေ့မည်

နိုင်ငံရေး ထိပ်သီးခေါင်းဆောင်များ၊ တိုင်းရင်းသားရေးရာဝန်ကြီးများနှင့် တိုင်းရင်းသားကိုယ်စားလှယ် ခေါင်း ဆောင်များ ယခုလ ၁၂ ရက်နေ့တွင် သမ္မတအိမ်တော်၌ တွေ့ဆုံဆွေးနွေးရန် နိုင်ငံရေး ပါတီ ဥက္ကဋ္ဌများနှင့် တိုင်းရင်း သား ရေးရာဝန်ကြီးများထံသို့ ဖိတ်စာများ ပို့ထားကြောင်း ဖိတ်ကြားခံရသူများ ထံမှ သိရသည်။

နေပြည်တော်ရှိ သမ္မတအိမ်တော် ငုရွှေဝါခန်းမတွင် တွေ့ဆုံကြမည်ဖြစ်ပြီး ''တွေ့ဆုံဆွေးနွေးရေး အစည်း အဝေး''ဟု ခေါင်းစဉ်တပ်ထားသည့် အဆိုပါဖိတ်စာတွင် ဆွေးနွေးကြမည့် အချက်များမှာ ဒီမိုကရေစီ အသွင် ကူးပြောင်းမှုများ ဆက်လက် ဖြစ်ထွန်းစေရေး၊ ငြိမ်းချမ်းရေး ဖြစ် စဉ်ကိုအခြေခံသည့် အမျိုးသားပြန်လည် စည်းလုံးညီ ညွတ်ရေးဆိုင်ရာ နိုင်ငံ ရေးဆွေးနွေး ပွဲများပြု လုပ်နိုင်ရေးတို့ ကို ဆွေးနွေးမည်ဖြစ်သည်။

ထို့အပြင် ၂၀၁၅ ရွေးကောက် ပွဲကို လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအဖြစ်ပြုလုပ်နိုင်ပြီး ညင် သာသော အသွင်ကူးပြောင်းမှု နိုင်ငံရေးလုပ်ငန်းစဉ်များ ပေါ်ပေါက်လာရေးနှင့် ကျန်ရှိနေသေးသည့် ကြား ကာလ နိုင်ငံရေးတည်ငြိမ်မှု ရှိရေးတို့အပါအဝင် နိုင်ငံရေးကိစ္စ ရပ်များကို ဆွေးနွေးမည်ဟု ဖိတ်စာ တွင်ဖော်ပြထားကြောင်း ဖိတ်ကြားခံ ရသည့် ပါတီခေါင်း ဆောင်များက ပြောကြ သည်။

ယင်းတွေ့ဆုံဆွေးနွေး ပွဲသို့ တက် ရောက်ရန်ဖိတ်ကြားထားသူများ စာရင်းနှင့်ပတ်သက်ပြီး သမ္မတရုံး ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦး ကိုမေးမြန်းသော်လည်း လက်ရှိအချိန်တွင် မပြောနိုင်သေးကြောင်း ဒီမိုကရေစီ တူဒေး သတင်းစာသို့ ပြောသည်။

''ဖိတ်စာကတော့ အခုပဲ ရောက် တယ်။ ဘာအကြောင်းအရာတွေ ပြန်ဆွေးနွေးရမလဲဆိုတာတော့ မသိသေး ဘူး''ဟု အမျိုးသားဒီမို ကရေစီ အင်အားစုပါတီဥက္ကဋ္ဌဦးခင်မောင် ဆွေက ဇန်နဝါရီ ၈ရက်နေ့လ ယ်ပိုင်း က ဒီမိုကရေစီတူဒေးသို့ ပြောသည်။

ယခင်က ထိပ်သီးခေါင်းဆောင် များနှင့်တွေ့ဆုံရာတွင် ပါတီများသာ ဖိတ်ကြားခဲ့သော်လည်း ယခုအကြိမ် တွင် တိုင်းရင်းသားရေးရာ ဝန်ကြီးများ ကိုပါ ဖိတ်ကြားလာသည့်အတွက် ထူးခြား မှုတစ်ခုဖြစ်ကြောင်း ဖိတ်ကြား ခံရသည့် ရှမ်းတိုင်းရင်းသားများဒီမို ကရေစီအဖွဲ့ချုပ် ပါ တီပြောရေးဆိုခွင့် ရှိသူဦးစိုင်းလိတ်က ပြောကြားခဲ့ သည်။

ချင်းအမျိုးသားဒီမိုကရက်တစ် ပါတီဥက္ကဋ္ဌဦးဇိုဇမ်ကလည်း ''အခု ခေတ်စားနေတဲ့ အပွင့်ကိစ္စကို ကုစား ပေးနေတယ်လို့ပဲမြင်ပါတယ်။ အခုလို လူတွေများများပါဝင်မှပေါ့ဗျာ။ အပွင့် နည်းရင် တိုင်း ပြည် အတွက် မကောင်း ဘူး''ဟု ယင်းအမြင်ကို ပြောသည်။

ဖိတ်ကြားခြင်း ခံရသူများအ နေဖြင့်လည်း သမ္မတက ဖိတ်ကြားထား သည်ဟုသာပြောနိုင်ပြီး ယခင်အကြိမ် ကကဲ့သို့ ပြည်ထောင်စု လွှတ်တော် နာယက၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ ပါဝင် မည် မပါဝင်မည် ကို မသိရှိရသေးဘဲ တွေ့ဆုံဆွေးနွေးပွဲ တက်ပြီးမှသာ ပြော နိုင်မည်ဟု ပြော ဆိုကြသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့် ကလည်း ယင်းကိစ္စကို မသိရှိသေး ကြောင်း ပြောသည်။ စစ်ကိုင်းတိုင်းဒေသကြီး ချင်း တိုင်းရင်းသားရေးရာဝန်ကြီးနှင့် မကွေး တိုင်း ဒေသကြီး ချင်းတိုင်းရင်းသား ရေးရာဝန်ကြီးတို့ထံသို့လည်း ဖိတ်စာ များရောက်ရှိခဲ့ပြီး ယင်းတို့ကလည်း အထက်ပါ ပုဂ္ဂိုလ်များကဲ့သို့ပင် ပါဝင် ဆွေးနွေးမည့်လူဦးရေစာရင်းကို မသိ ရှိသေး ကြောင်း ပြောဆိုကြသည်။

၂၀၁၄ ခုနှစ် အောက်တိုဘာ လကုန်ပိုင်းကလည်း သမ္မတ၊ ပြည် ထောင်စုလွှတ်တော်နာယက၊ တပ် မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် အပါအဝင် နိုင်ငံရေးခေါင်းဆောင် ၁၄ ဦးတို့တွေ့ ဆုံဆွေးနွေးထားကြသည်။

NTDW
Democracytoday

No comments:

Post a Comment