Friday 9 January 2015

ထမင်းစားပြီး လုပ်မိတတ်ကြတဲ့ အဆိုးဆုံး အလေ့အကျင့်များ

Photo: ထမင်းစားပြီး လုပ်မိတတ်ကြတဲ့ အဆိုးဆုံး အလေ့အကျင့်များ
Friday, January 9, 2015 

သင်ဟာ နေ့စဉ်ပုံမှန်စားနေတဲ့ အစားအစာပေါ် အလေးထားဂရုစိုက်တတ်သူ၊  ကိုယ့်ရဲ့ကိုယ်ပိုင်ကျန်းမာရေး၊ အရေပြားတွန့်ခြင်းတွေကို ထိန်းသိမ်းချင်သူတွေထဲက တစ်ဦးဆိုရင်တော့ ကျွမ်းကျင်ပညာများ ပြုစုထားတဲ့ ဒီအချက် (၇) ချက်ကို ကြည့်ရှုလေ့လာသင့်ပါတယ်။ ဒါကတော့ အခြေခံအကျဆုံးနဲ့ မဖြစ်မနေ သိထားသင့်တဲ့ ထမင်းစားပြီးပြီးချင်း မလုပ်သင့်တဲ့ အဆိုးဆုံးအရာတွေပါ။

ဆေးလိပ်သောက်ခြင်း
ထမင်းစားပြီး ဆေးလိပ် ချက်ချင်းသောက်တာမျိုးဟာ ထမင်းစားပြီးချိန်မှာ လုပ်လေ့လုပ်ထရှိကြတဲ့ အဆိုးဆုံးအရာတွေထဲက တစ်ခုပါ။ ထမင်းစားပြီး သောက်တဲ့ ဆေးလိပ်တစ်လိပ်ဟာ တခြားအချိန်မှာသောက်တဲ့ ဆေးလိပ် (၁၀) လိပ်နဲ့ ညီမျှပါတယ်။

သစ်သီးဝလံများ
သစ်သီးဟာ ခန္ဓာကိုယ်ထဲရောက်ပြီဆိုရင် အစာချေဖျက်တာကို ချက်ချင်း စတင်လေ့ရှိပါတယ်။ သို့ပေမယ့်လို့ အဲဒါဟာ ထမင်းနဲ့ ခွဲစားတဲ့အချိန်မှာသာ ဖြစ်တာပါ။ ဒါကြောင့်လည်း သစ်သီးကို အစာပြေအဖြစ် သုံးဆောင်ကြတာဖြစ်ပါတယ်။ ထမင်းစားပြီး အသီးကို ချက်ချင်းစားမယ်ဆိုရင်တော့ ပထမစားထားတဲ့ အစာတွေကြောင့် ခန္ဓာကိုယ်မှာ အဲဒီအတိုင်းဆက်လက်ရှိနေပြီး (cellulite) ဆဲလ်လူလိုက် အဆီဖွဲ့စည်းမှုကို အဟန့်အတားဖြစ်စေတဲ့ အစာအိမ်အဆိပ်အတောက်တွေကို ချန်လှပ်ပေးခဲ့ပါလိမ့်မယ်။ ဒါကြောင့် သစ်သီးကို အစာအိမ် ဟင်းလင်းဖြစ်နေချိန် သို့မဟုတ် ထမင်းစားပြီး ၂ နာရီလောက်အကြာမှာသာ စားသုံးသင့်တယ်လို့ အကြံပြုထားပါတယ်။

လက်ဖက်ရည်သောက်ခြင်း
လက်ဖက်ရည်ရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်တဲ့ theine ဟာ ခန္ဓာကိုယ်အတွင်းရှိ သံဓာတ်နဲ့ ဆက်စပ်နေပြီး အစာချေဖို့ အခက်အခဲဖြစ်စေပါတယ်။ အထူးသဖြင့် သွေးအားနည်းသူတွေမှာ ဖြစ်ပေါ်နိုင်ပါတယ်။ ထို့ကြောင့် အစာစားပြီး အနည်းဆုံး (၁) နာရီအကြာမှသာ သောက်တာ အကောင်းဆုံးဖြစ်ပါတယ်။

ရေကူးခြင်း
ရေက ခန္ဓာကိုယ်အတွင်း သွေးလည်ပတ်မှုကို လှုံ့ဆော်ပေမယ့် အစာစားပြီးတဲ့အချိန်မှာ သွေးက အစာချေ လုပ်ငန်းဆောင်ရွက်ရာဖြစ်တဲ့ အစာအိမ်ဆီသာ သွားရောက်ကြပါတယ်။  အပူချိန် ရုတ်တရက် ပြောင်းလဲမှုတွေဖြစ်ပေါ်ရာဖြစ်တဲ့ လက်နဲ့ ခြေဖ၀ါး စတဲ့နေရာတွေကိုတော့ မဟုတ်ပါဘူး။

သက်သောင့်သက်သာဖြစ်စေတဲ့ ခါးပတ်
ဒါက လူတွေ ထမင်းစားချိန်မှာ လုပ်တတ်ကြတဲ့ အလေ့အထတစ်ခုဖြစ်ပါတယ်။ ကိုယ်ကျပ်ဘောင်းဘီ ဝတ်မရခြင်းတွေ ဖြစ်စေနိုင်ပါတယ်။ ဒီလို မလုပ်သင့်တဲ့ နောက်အကြောင်းပြချက်တစ်ခုက နောက်ထပ် တစ်ခုခုထပ်စားဖို့ လိုအပ်နေသလို စိတ်ခံစားချက်ဖြစ်စေလို့ပဲဖြစ်တယ်။

ကိုယ်လက်လှုပ်ရှားခြင်းများ
ကယ်လိုရီးလျော့ချဖို့အတွက် ထမင်းစားပြီး လေ့ကျင့်ခန်း လုပ်ပေးသင့်တယ်လို့ လူအများစုက ယူဆထားကြတယ်။ အမှန်တော့ အပြင်းအထန် အားစိုက်လုပ်ရတဲ့ အလုပ်မျိုး ရှောင်သင့်ပါတယ်။ ဘာလို့လဲ ဆိုတော့ ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုကြောင့် အစာချေစနစ်ကို ထိခိုက်အန္တရာယ်ဖြစ်စေတယ်။ ဒါပေမယ့် လမ်းလျောက်ခြင်းတစ်ခုကိုတော့ လုပ်ဆောင်နိုင်ပါတယ်။

အိပ်ခြင်း
အိမ်ငိုက်လာရင်တောင် ထမင်းစားပြီး အိပ်ခြင်းကို အပြင်းထန် တားမြစ်ထားပါတယ်။ ဘာ့ကြောင့်လဲဆိုရင် ပတ်လက်လှန်အနေအထားနဲ့ ရှိတဲ့ အချိန်မှာ အစာချေစနစ်က ပုံမှန်တိုင်း မလည်ပတ်နိုင်လို့ပဲဖြစ်ပါတယ်။ အဲဒီလိုအိပ်တာက အစာအိမ်ပြသနာတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

Source: HFS
Trend Myanmar
သင်ဟာနေ့စဉ်ပုံမှန်စားနေတဲ့ အစားအစာပေါ် အလေးထားဂရုစိုက်တတ်သူ၊  ကိုယ့်ရဲ့ကိုယ်ပိုင် ကျန်းမာ ရေး၊ အရေပြားတွန့်ခြင်းတွေကို ထိန်းသိမ်းချင်သူတွေထဲက တစ်ဦးဆိုရင်တော့ ကျွမ်းကျင်ပညာများ ပြုစု ထားတဲ့ ဒီအချက်(၇)ချက်ကို ကြည့်ရှုလေ့လာသင့်ပါတယ်။ ဒါကတော့ အခြေခံအကျဆုံးနဲ့ မဖြစ်မနေ သိ ထားသင့်တဲ့ ထမင်းစားပြီးပြီးချင်း မလုပ်သင့်တဲ့ အဆိုးဆုံးအရာတွေပါ။

ဆေးလိပ်သောက်ခြင်း
ထမင်းစားပြီး ဆေးလိပ် ချက်ချင်းသောက်တာမျိုးဟာ ထမင်းစားပြီးချိန်မှာ လုပ်လေ့လုပ်ထရှိကြတဲ့ အဆိုး ဆုံး အရာတွေထဲက တစ်ခုပါ။ ထမင်းစားပြီး သောက်တဲ့ ဆေးလိပ်တစ်လိပ်ဟာ တခြားအချိန်မှာသောက်တဲ့ ဆေးလိပ် (၁၀) လိပ်နဲ့ ညီမျှပါတယ်။

သစ်သီးဝလံများ
သစ်သီးဟာ ခန္ဓာကိုယ်ထဲရောက်ပြီဆိုရင် အစာချေဖျက်တာကို ချက်ချင်း စတင်လေ့ရှိပါတယ်။ သို့ပေ မယ့်လို့ အဲဒါဟာ ထမင်းနဲ့ ခွဲစားတဲ့အချိန်မှာသာ ဖြစ်တာပါ။ ဒါကြောင့်လည်း သစ်သီးကို အစာပြေအဖြစ် သုံးဆောင် ကြတာဖြစ်ပါတယ်။ ထမင်းစားပြီး အသီးကို ချက်ချင်းစားမယ်ဆိုရင်တော့ ပထမစားထားတဲ့ အစာတွေကြောင့် ခန္ဓာကိုယ်မှာ အဲဒီအတိုင်းဆက်လက်ရှိနေပြီး (cellulite) ဆဲလ်လူလိုက် အဆီဖွဲ့စည်းမှုကို အဟန့် အတားဖြစ်စေတဲ့ အစာအိမ်အဆိပ်အတောက်တွေကို ချန်လှပ်ပေးခဲ့ပါလိမ့်မယ်။ ဒါကြောင့် သစ်သီး ကို အစာအိမ် ဟင်းလင်းဖြစ်နေချိန် သို့မဟုတ် ထမင်းစားပြီး ၂ နာရီလောက်အကြာမှာသာ စားသုံးသင့် တယ်လို့ အကြံပြုထားပါတယ်။

လက်ဖက်ရည်သောက်ခြင်း
လက်ဖက်ရည်ရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်တဲ့ theine ဟာ ခန္ဓာကိုယ်အတွင်းရှိ သံဓာတ်နဲ့ ဆက်စပ်နေပြီး အစာချေဖို့ အခက်အခဲဖြစ်စေပါတယ်။ အထူးသဖြင့် သွေးအားနည်းသူတွေမှာ ဖြစ်ပေါ်နိုင်ပါတယ်။ ထို့ကြောင့် အစာစားပြီး အနည်းဆုံး (၁) နာရီအကြာမှသာ သောက်တာ အကောင်းဆုံးဖြစ်ပါတယ်။

ရေကူးခြင်း
ရေက ခန္ဓာကိုယ်အတွင်း သွေးလည်ပတ်မှုကို လှုံ့ဆော်ပေမယ့် အစာစားပြီးတဲ့အချိန်မှာ သွေးကအစာချေ လုပ်ငန်းဆောင်ရွက်ရာဖြစ်တဲ့ အစာအိမ်ဆီသာ သွားရောက်ကြပါတယ်။  အပူချိန် ရုတ်တရက် ပြောင်း လဲမှုတွေ ဖြစ်ပေါ်ရာဖြစ်တဲ့ လက်နဲ့ ခြေဖ၀ါး စတဲ့နေရာတွေကိုတော့ မဟုတ်ပါဘူး။

သက်သောင့်သက်သာဖြစ်စေတဲ့ ခါးပတ်
ဒါက လူတွေ ထမင်းစားချိန်မှာ လုပ်တတ်ကြတဲ့ အလေ့အထတစ်ခုဖြစ်ပါတယ်။ ကိုယ်ကျပ်ဘောင်းဘီ ဝတ် မရခြင်းတွေ ဖြစ်စေနိုင်ပါတယ်။ ဒီလို မလုပ်သင့်တဲ့ နောက်အကြောင်းပြချက်တစ်ခုက နောက်ထပ် တစ်ခုခုထပ်စားဖို့ လိုအပ်နေသလို စိတ်ခံစားချက်ဖြစ်စေလို့ပဲဖြစ်တယ်။

ကိုယ်လက်လှုပ်ရှားခြင်းများ
ကယ်လိုရီးလျော့ချဖို့အတွက် ထမင်းစားပြီး လေ့ကျင့်ခန်း လုပ်ပေးသင့်တယ်လို့ လူအများစုက ယူဆထားကြ တယ်။ အမှန်တော့ အပြင်းအထန် အားစိုက်လုပ်ရတဲ့ အလုပ်မျိုး ရှောင်သင့်ပါတယ်။ ဘာလို့လဲ ဆိုတော့ ပြင်း ထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုကြောင့် အစာချေစနစ်ကို ထိခိုက်အန္တရာယ်ဖြစ်စေတယ်။ ဒါပေမယ့် လမ်းလျောက်ခြင်းတစ်ခုကိုတော့ လုပ်ဆောင်နိုင်ပါတယ်။

အိပ်ခြင်း
အိမ်ငိုက်လာရင်တောင် ထမင်းစားပြီး အိပ်ခြင်းကို အပြင်းထန် တားမြစ်ထားပါတယ်။ ဘာ့ကြောင့်လဲဆိုရင် ပတ်လက်လှန်အနေအထားနဲ့ ရှိတဲ့ အချိန်မှာ အစာချေစနစ်က ပုံမှန်တိုင်း မလည်ပတ်နိုင်လို့ပဲဖြစ်ပါတယ်။ အဲဒီလိုအိပ်တာက အစာအိမ်ပြသနာတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

Source: HFS
Trend Myanmar 

No comments:

Post a Comment