Friday 9 January 2015

ဒုက္ခသည်နှင့် နေရပ်စွန့်ခွာသူ အများဆုံးစာရင်းတွင် မြန်မာပါဝင်

မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာတိမ်းရှောင်နေရသူနှင့် ဒုက္ခ သည် စုစုပေါင်း ရှစ်သိန်းကျော်ရှိ ပြီး ကမ္ဘာပေါ်၌ ဒုက္ခသည်အများဆုံးနိုင်ငံများစာရင်းတွင် ပါဝင်နေကြောင်း ကုလသမဂ္ဂက ဇန်န၀ါရီ ၇ ရက်စွဲဖြင့် သတင်း ထုတ်ပြန် သည်။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)က ထုတ်ပြန်သော ၂၀၁၄ နှစ်လယ် အစီရင် ခံစာတွင် မြန်မာနိုင်ငံ၌ ဒုက္ခသည်လေးသိန်းရှစ်သောင်း ခန့်နှင့် နေရပ်စွန့်ခွာနေရသူ သုံးသိန်းခုနစ်သောင်း ကျော် ရှိ ကြောင်း ဖော်ပြထားသည်။

UNHCR က ၂၀၁၄ ပထမခြောက်လတာကာလတွင် ကမ္ဘာပေါ်၌ ဒုက္ခသည်ဦးရေ ၅ဒသမ၅ သန်းတိုးမြင့် လာသည်ဟု ထုတ် ပြန်သည်။ ကမ္ဘာပေါ်ရှိ ဒုက္ခသည်ဦးရေအများဆုံးနိုင်ငံများ စာရင်း တွင် ဆီးရီးယား၊ အာဖဂန်နစ္စတန်၊ဆိုမာလီယာ၊ ဆူဒန်၊ တောင်ဆူ ဒန်နှင့် ကွန်ဂိုနိုင်ငံများနောက်၌မြန်မာနိုင်ငံက အဆင့် (၇)နေရာ တွင် ရပ်တည်နေသည်။

ဆီးရီးယားမှာ ဒုက္ခသည် သုံး သန်းနီးပါးဖြင့် အများဆုံးဖြစ်နေ သည်။ အာဖဂန်နစ္စတန်က ဒုက္ခ သည်ဦးရေ ၂ ဒသမ ၇ သန်းဖြင့် ဒုတိယ၊ ဆိုမာလီယာက ၁ ဒသမ၁ သန်း၊ ဆူဒန်က ခြောက်သိန်းကျော်၊ တောင်ဆူ ဒန်က ငါးသိန်းကျော်၊ ကွန်ဂိုက ငါးသိန်းနီးပါးနှင့် အီရတ်က လေး သိန်းနှစ်သောင်းကျော် ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။

‘‘ဒုက္ခသည်တိုးလာတယ်ဆို တာဟာ တိုင်းပြည်အခြေအနေ မကောင်းတာကို ပြတာပေါ့။ ဒုက္ခ သည်ရှိ တာကို မရှိဘူးလို့လည်း ဖုံး ထားလို့မရဘူးလေ။ အခုလို ဒီမို ကရေစီစနစ်ကို သွားနေတယ်လို့ အစိုးရက ပြောချိန်မှာ ဒုက္ခသည် အရေအတွက်တိုးလာတာဟာ ဘာကြောင့်လဲဆိုတဲ့ အကြောင်း ရင်းကို ရှာဖွေ သင့်တယ်။ ပြည် တွင်းစစ်ကြောင့်လည်းပါသလို တစ်ဖက်မှာလည်း ပဋိပက္ခတွေ ကြောင့်လည်း ပါနိုင်တယ်။ အဓိက အကြောင်းရင်းကို ရှာဖွေ ပြီး အစိုးရက ဖြေရှင်းပေးနိုင်ရပါ မယ်’’ဟု Triangle Women Sup-port Group မှ ဒေါ်ခင်လေးက ပြောသည်။

ထို့အပြင် UNHCR အစီရင် ခံစာတွင် ရခိုင်ပြည်နယ်၌ ခိုလှုံ နေသည့် နိုင်ငံမဲ့ လူဦးရေစုစုပေါင်း တစ်သန်းခန့် ရှိကြောင်း ဖော်ပြထားသည်။ ၂၀၁၂ အတွင်းက ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခ များ ကြောင့် လူပေါင်း တစ်သိန်းကျော်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများတွင်လည်း မြန်မာတပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ဒေသခံတစ်သိန်းကျော် ယာယီစခန်း များ၌ နေထိုင်နေရသည်။

ထိုင်း-မြန်မာနယ်စပ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (TBC) က ထိုင်းနိုင်ငံအတွင်းရှိ ယာယီစခန်း များတွင် နေထိုင်သော မြန်မာနိုင်ငံမှ ဒုက္ခသည် တစ်သိန်းသုံးသောင်းခန့်ရှိပြီး မြန်မာနိုင်ငံအရှေ့ တောင်ပိုင်းဒေသ များတွင်လည်း နေရပ်စွန့်ခွာတိမ်းရှောင်နေရသူ (IDP) သိန်းဂဏန်းရှိကြောင်း သ တင်းထုတ်ပြန်ထားသည်။

7Day DAILY 

No comments:

Post a Comment