Friday 9 January 2015

သစ်ခိုးထုတ်မှုဖြင့်ဖမ်းခံရသည့် တရုတ်နိုင်ငံသားများအရေး မျှမျှတတကိုင်တွယ် စေလိုကြောင်း တရုတ်အစိုးရပြောကြား

Photo: သစ်ခိုးထုတ်မှုဖြင့်ဖမ်းခံရသည့် တရုတ်နိုင်ငံသားများအရေး မျှမျှတတကိုင်တွယ် စေလိုကြောင်း တရုတ်အစိုးရပြောကြား
Friday, January 9, 2015

ကချင်ပြည်နယ်အတွင်း သစ်ခိုးထုတ်မှုဖြင့် မြန်မာ့တပ် မတော်က ဇန်နဝါရီပထမပတ် တွင် ဖမ်းဆီးထိန်းသိမ်းထားသော တရုတ်နိုင်ငံသား တစ်ရာကျော် အရေးကို မှန်မှန်ကန်ကန်နှင့် မျှမျှတတကိုင်တွယ်ဆောင်ရွက် စေလိုကြောင်း တရုတ်နိုင်ငံခြား ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိ သူက ဇန်နဝါရီ ၇ ရက်တွင် ပြော ကြားလိုက်သည်။

ထိန်းသိမ်းခံ တရုတ်နိုင်ငံ သားများအရေးအတွက် ရန်ကုန် မြို့ရှိ တရုတ်သံရုံးက စုံစမ်း စစ်ဆေးမှုများစတင်ပြုလုပ်နေပြီ ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူ ဟုန်လေ ကပြောကြားကြောင်း တရုတ် နိုင်ငံမှလာသည့် သတင်းများ၌ ဖော်ပြထားသည်။

ကချင်ပြည်နယ်ဝိုင်းမော်မြို့ နယ်အတွင်း နိုင်ငံခြားသား ၁၀၀ ကျော်အပါအဝင် သစ်ခိုးထုတ်နေ သူများကို ရာနှင့်ချီသောသစ်တင်ယာဉ်များနှင့်အတူ တပ်မတော် စစ်ကြောင်းက ဇန်နဝါရီ ၂ ရက်မှ ၄ ရက်အတွင်း ဖမ်းဆီးထိန်းသိမ်းထားကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

သို့သော်သစ်ခိုးထုတ်မှုတွင် ဖမ်းဆီးရမိသည့် ခိုးဝင်လာသူများကို အမည်ပျက်စာရင်းသွင်းပြီး လဝကဥပဒေအတိုင်း အရေးယူ သွားမည်ဟု လူဝင်မှု ကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီး ဌာနမှသတင်းရရှိသည်။

တရားမဝင် သစ်ခိုးထုတ် စခန်းတွင် ဖမ်းဆီးရမိသူများကို တပ်မတော်ကလူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနနှင့် အခြားဆက်စပ်ဝန်ကြီး ဌာနများသို့ လွှဲပြောင်းပေးမည်ဖြစ် သည်။‘‘၅၂ ဦးလွှဲပြီးပါပြီ။ ဒါပေမဲ့ တရုတ်တွေအပြင် မြန်မာတွေပါ ပါနေတော့ လိုက်ပြီးစိစစ်နေပါ တယ်။ အကုန်လုံးတော့မရောက် လာသေးပါဘူး’’ ဟု ဖမ်းဆီးရာ တွင် လိုက်ပါဆောင်ရွက်နေသူ တစ်ဦးက ဖမ်းဆီးထားသူများကို တပ်မတော်မှ လ၀ကသို့ လွှဲပြောင်းပြီးကြောင်း ပြောသည်။

တရားမဝင် သစ်ခိုးထုတ် စခန်းတွင် မြန်မာနိုင်ငံသား ကျား၊ မ ၂၀ ဦးနှင့် တရုတ်နိုင်ငံသား၁၀၂ ဦးကို ဖမ်းမိခဲ့ခြင်းဖြစ်သည်။

လူများအပြင် တရားမဝင် သစ်ခိုးထုတ်ရာတွင် အသုံးပြု သည့် ဘူဒိုဇာတစ်စီး၊ ပါဂျဲရိုးလေးစီး၊ ပီကင်းဂျစ်လေးစီး၊ ဝန်ဆွဲယာဉ်သုံးစီး၊ နှစ်ခန်းတွဲယာဉ်နှစ်စီး၊ သစ်တင်ယာဉ် ၄၃၆ စီး၊ ဒေါင်ဖန်းယာဉ်သုံးစီး၊ ကရိန်းနှစ်စီး စုစုပေါင်း ယာဉ် ၄၅၅ စီး၊ ဆိုင် ကယ်ကိုးစီးဖမ်းဆီးရမိခဲ့ခြင်းဖြစ် သည်။ ‘‘တစ်ချိန်တည်းမှာပဲ ဖမ်း ဆီးခံတရုတ်နိုင်ငံသားတွေရဲ့ တရားဥပဒေအရ အခွင့်အရေးနဲ့ အကျိုးစီးပွားကို အကာအကွယ် ပေးဖို့ကိစ္စကို သေချာစေချင်ပါ တယ်’’ဟု ထိန်းသိမ်းခံရသည့် တရုတ်နိုင်ငံသားများအရေးနှင့် ပတ်သက်ပြီး ဇန်နဝါရီ ၇ ရက်က ပြုလုပ်သည့်သတင်းစာရှင်းလင်း ပွဲတွင်သတင်းထောက်များ၏ မေးမြန်းမှုကိုတရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဟုန်လေကပြန်လည်ဖြေကြားခဲ့ ကြောင်း တရုတ်နိုင်ငံအခြေစိုက် သတင်းဌာနများက ရေးသားကြ သည်။

7Day DAILY 

သစ်ခိုးထုတ်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းထားသော တရုတ်နှင့် မြန်မာနိုင်ငံသား အချို့ကို တွေ့ရစဉ် (ဓာတ်ပုံ − ကာကွယ်ရေးဦးစီးရုံး)
သစ်ခိုးထုတ်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းထားသော တရုတ်နှင့် မြန်မာနိုင်ငံသား အချို့ကို တွေ့ရစဉ် (ဓာတ်ပုံ − ကာကွယ်ရေးဦးစီးရုံး) 
ကချင်ပြည်နယ်အတွင်း သစ်ခိုးထုတ်မှုဖြင့် မြန်မာ့တပ် မတော်က ဇန်နဝါရီပထမပတ် တွင် ဖမ်းဆီး ထိန်းသိမ်း ထားသော တရုတ်နိုင်ငံသား တစ်ရာကျော် အရေးကို မှန်မှန်ကန်ကန်နှင့် မျှမျှတတ ကိုင်တွယ် ဆောင်ရွက် စေလိုကြောင်း တရုတ်နိုင်ငံခြား ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိ သူက ဇန်နဝါရီ ၇ ရက်တွင် ပြော ကြားလိုက်သည်။

ထိန်းသိမ်းခံ တရုတ်နိုင်ငံ သားများအရေးအတွက် ရန်ကုန်မြို့ရှိ တရုတ်သံရုံးက စုံစမ်း စစ်ဆေးမှုများ စတင်ပြုလုပ်နေပြီဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟုန်လေကပြောကြားကြောင်း တရုတ် နိုင်ငံမှလာသည့် သတင်းများ၌ ဖော်ပြထားသည်။

ကချင်ပြည်နယ်ဝိုင်းမော်မြို့ နယ်အတွင်း နိုင်ငံခြားသား ၁၀၀ ကျော်အပါအဝင် သစ်ခိုးထုတ်နေ သူများကို ရာနှင့်ချီသောသစ်တင်ယာဉ်များနှင့်အတူ တပ်မတော် စစ်ကြောင်းက ဇန်နဝါရီ ၂ ရက်မှ ၄ ရက်အတွင်း ဖမ်းဆီးထိန်းသိမ်းထားကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

သို့သော်သစ်ခိုးထုတ်မှုတွင် ဖမ်းဆီးရမိသည့် ခိုးဝင်လာသူများကို အမည်ပျက်စာရင်းသွင်းပြီး လဝကဥပဒေ အတိုင်း အရေးယူ သွားမည်ဟု လူဝင်မှု ကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီး ဌာနမှသတင်း ရရှိသည်။

တရားမဝင် သစ်ခိုးထုတ် စခန်းတွင် ဖမ်းဆီးရမိသူများကို တပ်မတော်ကလူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီး ဌာနနှင့် အခြားဆက်စပ်ဝန်ကြီး ဌာနများသို့ လွှဲပြောင်းပေးမည်ဖြစ် သည်။‘‘၅၂ ဦးလွှဲပြီး ပါပြီ။ ဒါပေမဲ့ တရုတ်တွေအပြင် မြန်မာတွေပါ ပါနေတော့ လိုက်ပြီးစိစစ်နေပါ တယ်။ အကုန်လုံးတော့ မရောက် လာသေးပါဘူး’’ ဟု ဖမ်းဆီးရာ တွင် လိုက်ပါဆောင်ရွက်နေသူ တစ်ဦးက ဖမ်းဆီးထားသူများကို တပ်မတော်မှ လ၀ကသို့ လွှဲပြောင်းပြီးကြောင်း ပြောသည်။

တရားမဝင် သစ်ခိုးထုတ် စခန်းတွင် မြန်မာနိုင်ငံသား ကျား၊ မ ၂၀ ဦးနှင့် တရုတ်နိုင်ငံသား၁၀၂ ဦးကို ဖမ်းမိ ခဲ့ခြင်းဖြစ်သည်။

လူများအပြင် တရားမဝင်သစ်ခိုးထုတ်ရာတွင် အသုံးပြုသည့် ဘူဒိုဇာတစ်စီး၊ ပါဂျဲရိုးလေးစီး၊ ပီကင်းဂျစ် လေးစီး၊ ဝန်ဆွဲယာဉ်သုံးစီး၊ နှစ်ခန်းတွဲယာဉ်နှစ်စီး၊ သစ်တင်ယာဉ် ၄၃၆ စီး၊ ဒေါင်ဖန်းယာဉ်သုံးစီး၊ ကရိန်း နှစ်စီး စုစုပေါင်း ယာဉ် ၄၅၅ စီး၊ ဆိုင် ကယ်ကိုးစီးဖမ်းဆီးရမိခဲ့ခြင်းဖြစ် သည်။ ‘‘တစ်ချိန်တည်းမှာပဲ ဖမ်း ဆီးခံတရုတ်နိုင်ငံသားတွေရဲ့ တရားဥပဒေအရ အခွင့်အရေးနဲ့ အကျိုးစီးပွားကို အကာအကွယ် ပေးဖို့ကိစ္စကို သေချာစေချင်ပါ တယ်’’ဟု ထိန်းသိမ်းခံရသည့် တရုတ်နိုင်ငံသားများအရေးနှင့် ပတ်သက်ပြီး ဇန်နဝါရီ ၇ ရက်က ပြုလုပ်သည့်သတင်းစာရှင်းလင်း ပွဲတွင်သတင်းထောက်များ၏ မေးမြန်းမှုကို တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဟုန်လေကပြန်လည်ဖြေကြားခဲ့ ကြောင်း တရုတ်နိုင်ငံ အခြေစိုက် သတင်းဌာနများက ရေးသားကြ သည်။

7Day DAILY 

No comments:

Post a Comment