Friday 9 January 2015

ကေတုမတီစက်မှုဥယျာဉ်မြို့တော်တည်ဆောက်ရန် ထောက်ခံပွဲနှင့် ကန့်ကွက် ဆန္ဒ ထုတ်ဖော်မှုများ တောင်ငူတွင် အပြိုင်အဆိုင်ပြုလုပ်

Photo: ကေတုမတီစက်မှုဥယျာဉ်မြို့တော်တည်ဆောက်ရန် ထောက်ခံပွဲနှင့် ကန့်ကွက် ဆန္ဒ ထုတ်ဖော်မှုများ တောင်ငူတွင် အပြိုင်အဆိုင်ပြုလုပ်
Friday, January 9, 2015

ပဲခူးတိုင်းဒေ သကြီး တောင်ငူမြို့နယ်အတွင်း ကေတုမတီစက်မှုဥယျာဉ်မြို့တော် ကြီးတည်ဆောက်ရန် စီစဉ်မှု အား ထောက်ခံပွဲနှင့် ကန့်ကွက်ဆန္ဒထုတ် ဖော်ပွဲများကို ဇန်နဝါရီ ၈ရက် တစ် ရက်တည်းမှာပင် နေရာနှစ်ရာ၌ အပြိုင်အဆိုင်ပြုလုပ် ခဲ့ကြသည်။
အဆိုပါကေတုမတီစက်မှု ဥယျာဉ်မြို့တော်ကို တောင်ငူမြို့နှင့် ၉မိုင်ခန့်ဝေးသော ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၁၄၃နှင့် ၁၄၈ အကြားတွင် မြေဧက ၁၀၇၈၉ ဧကဖြင့် ကေတုမတီ ဖွံ့ဖြိုးတိုးတက် ရေးအများနှင့်သက်ဆိုင်သောကုမ္ပဏီ မှ ဦးဆောင်လုပ် ကိုင်မည်ဖြစ်သည်။

အဆိုပါစက်မှုဥယျာဉ်မြို့ တော်အား ထောက်ခံပွဲကို တောင်ငူ မြို့၏ အနောက်ဘက် မိုင်တိုင် ၁၅၂ အနီးတွင် ဇန်နဝါရီ ၈ရက် မွန်းလွဲ တစ်နာရီခန့်က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကန့်ကွက်ဆန္ဒထုတ်ဖော်ပွဲကို တောင် သူလယ်သမားပါတီမှ ဦးဆောင်ကာ လူအင်အား ၅ဝဝကျော်ဖြင့် ဇန်နဝါရီ ၈ရက် မွန်းလွဲ ၁နာရီခန့်က တောင်ငူ မြို့အတွင်း လမ်းလျှောက်ဆန္ဒထုတ် ဖော်ခဲ့ကြသည်။

ကေတုမတီ စက်မှုဥယျာဉ်စီမံ ကိန်းကိုထောက်ခံခြင်းအခမ်းအနားတွင် သဘာပတိများအဖြစ်မြို့မိ၊ မြို့ဖ ဦးမြင့်ညို၊ ဦးရဲဝင်းနှင့် ဒေါက်တာ ဘ ဆွေတို့ကဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ သဘာပတိဒေါက် တာဘဆွေက ''ဒီ နေ့ပဲ မြို့ထဲမှာ ဆန္ဒထုတ်ဖော်ကြမယ် ပြောတယ်။ သူတို့ပြောနေ၊ တောင်း ဆိုတာတွေနဲ့ပတ်သက်လို့ ပြောချင် တယ်။ တရားမဝင်မြေရောင်းဝယ် တယ်ပြောကြ တယ် ။ မြေဟာ တရား မဝင်ဝယ်လို့မရဘူးလို့ ပြောချင်တယ်။ နောက်မြေပွဲစားတွေဖမ်းရမယ်လို့ ပြောတယ်။ ဘယ်ဥပဒေမှာမှ ပွဲစား ဖမ်းရမယ်၊ ဖမ်းလို့ရတယ် လို့ မကြား ဖူး ဘူး''ဟု ပြောသည်။

ကေတုမတီဖွံ့ဖြိုး တိုးတက်ရေး အများပိုင်ကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက် တာ ဒေါ်ခင်ခင်ဝင်းက ''ကျွန်မတို့က မြေဝယ်ရာမှာ ပွဲစားနဲ့ပဲ ဝယ်တာ မဟုတ်ပါဘူး။ နီးစပ်ရာမိတ်ဆွေများ ကတစ် ဆင့် ဝယ်ခဲ့ တာပါ။ တန်ရာတန် ကြေးညှိနှိုင်းဈေးနဲ့ဝယ်ခဲ့ တာဖြစ်ပါတယ် ။ ရှေ့ဆက်ပြီးပြောရရင် ကျွန်မ တို့ အခုရုံးခန်းဖွင့်ပြီးတော့ဝယ်သွားဖို့ ကြိုးစားသွားမယ်။ ရောင်း ချင်တဲ့ သူ ရုံးကိုလာပြီး ညှိနှိုင်း ဈေးနဲ့ဝယ်သွား မှာပါ''ဟု ပြောသည်။

ဆန္ဒထုတ်ဖော်ပွဲတွင် တောင် သူလယ်သမားပါတီဥက္ကဋ္ဌဌ ဦးကျော် စိုးမိုးက ''အခုလိုလုပ်ရတာက လယ် သမားတွေရဲ့ဘဝတွေ သားစဉ်မြေး ဆက်နစ်နာမှာစိုးလို့ပါ။ လယ်သမား ဆိုတာ လယ်ပဲ လုပ်တတ် တာ။ ဒီ စက်မှုဥယျာဉ်ကြီးပေါ်လာရင် လယ် သမားလူ တန်းစားကနေ အလုပ် သမားလူတန်းစား ဖြစ်သွားမယ်။ လယ်သမားဘဝဆိုရင် လယ်ယာမြေ တွေကို သားစဉ်မြေးဆက် အမွေ ပေးလို့ရ တယ်။ အလုပ်သမားဘဝ ဆိုရင် ဘာမှပေးလို့မရတဲ့အပြင် အသက် ၆ဝပြည့်ရင် ဘာမှလုပ်လို့ မရတော့ဘူး။ ကုမ္ပဏီကလဲ လှည့် ကြည့်မှာမဟုတ်ဘူး။ လယ်သမား ဆိုတာ အသိပညာ ကလဲ နည်း တယ်။ ရရင်လဲ ညစောင့်အလုပ်ပဲ ရမှာ။ သူတို့ဘဝတွေ ပျောက်မှာစိုးလို့ လယ်သမားတွေအတွက် ရည်ရွယ် ပြီးတော့လုပ်တာပါ'' ဟု ပြောသည်။

တောင်ငူမြို့ခံဦးဆွေက ''လက် ပံတောင်းတောင်လို တောင်သူ လယ်သမားတွေကို အဖြစ်မခံနိုင် ဘူး။ စက်မှုစီမံကိန်းကြီးဖြစ်လာပြီ ဆိုရင် တောင်သူလယ်သမားတွေ ဒုက္ခရောက်ရလိမ့်မယ်။ အဲဒါကြောင့် စက်မှုဇုန်ကိုအလိုမရှိပါဘူး။ လယ် သမားတွေရဲ့လယ်တွေ အသိမ်းမခံ နိုင်လို့ ဒီလိုလုပ်နေရတာ။ ကျွဲနဲ့ နွား နဲ့ရုန်းကန်နေလို့ တစ်တိုင်းတစ်ပြည် လုံးထမင်းစားနေကြရတာပဲ။ သူတို့ လယ်မားတွေက ကျွန်တော်တို့ပြည် သူတွေရဲ့ကျေးဇူးရှင်တွေပါပဲ''ဟုဆို သည်။

ဆန္ဒထုတ်ဖော်ရာတွင်ပါဝင်သူ တစ်ဦးက ''ဒီလယ်ယာမြေတွေကို ကျွန်တော်တို့ချစ်တယ်။ စိတ်ကူးထဲ တောင်မရှိတဲ့သူတွေက အခုတော့ ချစ်ဟန်ဆောင်နေကြပြီ။ ကျုပ်တို့ လယ်သမားတွေက ဖြူစင်ပါတယ်။ ကျုပ်တို့လယ်ယာမြေတွေကို တန်ဖိုး ထားပါတယ်။ အဲဒါကြောင့် ကျုပ်တို့ လယ်ယာမြေတွေကို မထိပါနဲ့လို့ ပြောချင်ပါတယ်။ အခုလိုဆန္ဒထုတ် ဖော်လို့ ကျွန်တော်တို့ ဘာမှမရပါ ဘူး''ဟု ပြောသည်။

အဆိုပါဆန္ဒထုတ်ဖော်ရာ တွင် 'လယ်သမားရဲ့ဘဝတွေ ခရိုနီတွေ မနှိပ်စက်ကြနဲ့၊ လယ်သမားရဲ့ ဘဝ တွေ ငွေကြေးရှင်များ မနှိပ်စက်ကြ နဲ့၊ စက်မှုဥယျာဉ်မြို့တော် အလိုမရှိ၊ ကေတုမတီ ဖွံ့ဖြိုးတိုး တက်ရေး ကုမ္ပဏီအလိုမရှိ၊ ခရိုနီကုမ္ပဏီလက် ကိုင်တုတ်များ အလိုမရှိ၊ တရား မဝင် မြေရောင်း၊ မြေဝယ်သူများအား အရေးယူပေးရေး ဒို့အရေး၊ မြေပွဲ စားများ ဖမ်ဆီးပေးရေး ဒို့အရေး၊ တို့မြေ အပိုင်စီး သူများကို ဆန့်ကျင် ရေး ဒို့အရေး၊ ခေတ်သစ်မြေရှင် စနစ်ကျဆုံးရေး ဒို့အရေး' စသည့် ကြွေးကြော်သံများနှင့် ဆောင်ပုဒ် များဖြင့် ကန့်ကွက် ဆန္ဒထုတ်ဖော် ခဲ့ကြသည်။

စက်မှုဥယျာဉ်စီမံကိန်း တည် ထောင်ရေးထောက်ခံပွဲတွင် တက် ရောက်လာသူတစ်ဦးဖြစ်သည့် လူ ငယ်များပရဟိတအသင်းမှ ကိုမော် သိန်းနိုင်က ''ရောင်းသူဝယ်သူအသံ မတူဘဲ ဘာမှမ ဖြစ်နိုင်ပါ ဘူး။ ကျွန် တော့်အမြင်အရကတော့ စက်မှုဇုန် လုပ်တာကောင်းပါတယ်။ လူငယ် တွေအလုပ်လုပ်မှ အလုပ်တွေရှိပါမှ တိုးတက်ဖွံ့ ဖြိုးမှုရှိမယ်။ ဒီလိုပဲယူ ဆပါတယ်''ဟု ဆိုသည်။

မြေရောင်းချခဲ့ပြီးဖြစ်သော လယ်သမားများအား တစ်ဦးလျှင် ကုမ္ပဏီက အစုရှယ်ယာ ၁ဝဝကျော် အားပေးအပ်ခဲ့ပြီး စက်မှုဇုန်ဖော် ထုတ်ခြင်းထောက်ခံပွဲကို လူအင် အား ၁ဝဝဝဝခန့် တက်ရောက် ခဲ့ကြ ကြောင်း သိရသည်။

TLWC
Democracytoday

တောင်ငူမြို့တွင် ဇန်နဝါရီ ၈ရက်က ကေတုမတီစက်မှုဥယျာဉ်မြို့တော် တည်ဆောက် မည့် ကိစ္စအပေါ် ကန့်ကွက်သူများက ဆန္ဒထုတ်ဖော်ကြစဉ်။ ဓာတ်ပုံ-သန့်လွမ်းဝေချစ်
တောင်ငူမြို့တွင် ဇန်နဝါရီ ၈ရက်က ကေတုမတီစက်မှုဥယျာဉ်မြို့တော် တည်ဆောက် မည့် ကိစ္စအပေါ် ကန့်ကွက်သူများက ဆန္ဒထုတ်ဖော်ကြစဉ်။ ဓာတ်ပုံ-သန့်လွမ်းဝေချစ်
ပဲခူးတိုင်းဒေ သကြီး တောင်ငူမြို့နယ်အတွင်း ကေတုမတီစက်မှုဥယျာဉ်မြို့တော် ကြီးတည်ဆောက်ရန် စီစဉ်မှု အား ထောက်ခံပွဲနှင့် ကန့်ကွက်ဆန္ဒထုတ် ဖော်ပွဲများကို ဇန်နဝါရီ ၈ရက် တစ် ရက်တည်းမှာပင် နေရာနှစ်ရာ၌ အပြိုင်အဆိုင်ပြုလုပ် ခဲ့ကြသည်။
အဆိုပါကေတုမတီစက်မှု ဥယျာဉ်မြို့တော်ကို တောင်ငူမြို့နှင့် ၉မိုင်ခန့်ဝေးသော ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၁၄၃နှင့် ၁၄၈ အကြားတွင် မြေဧက ၁၀၇၈၉ ဧကဖြင့် ကေတုမတီ ဖွံ့ဖြိုးတိုးတက် ရေးအများနှင့်သက်ဆိုင်သောကုမ္ပဏီ မှ ဦးဆောင်လုပ် ကိုင်မည်ဖြစ်သည်။

အဆိုပါစက်မှုဥယျာဉ်မြို့ တော်အား ထောက်ခံပွဲကို တောင်ငူ မြို့၏ အနောက်ဘက် မိုင်တိုင် ၁၅၂ အနီးတွင် ဇန်နဝါရီ ၈ရက် မွန်းလွဲ တစ်နာရီခန့်က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကန့်ကွက်ဆန္ဒထုတ်ဖော်ပွဲကို တောင် သူလယ်သမားပါတီမှ ဦးဆောင်ကာ လူအင်အား ၅ဝဝကျော်ဖြင့် ဇန်နဝါရီ ၈ရက် မွန်းလွဲ ၁နာရီခန့်က တောင်ငူ မြို့အတွင်း လမ်းလျှောက်ဆန္ဒထုတ် ဖော်ခဲ့ကြသည်။

ကေတုမတီ စက်မှုဥယျာဉ်စီမံ ကိန်းကိုထောက်ခံခြင်းအခမ်းအနားတွင် သဘာပတိများအဖြစ်မြို့မိ၊ မြို့ဖ ဦးမြင့်ညို၊ ဦးရဲဝင်းနှင့် ဒေါက်တာ ဘ ဆွေတို့ကဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ သဘာပတိဒေါက် တာဘဆွေက ''ဒီ နေ့ပဲ မြို့ထဲမှာ ဆန္ဒထုတ်ဖော်ကြမယ် ပြောတယ်။ သူတို့ပြောနေ၊ တောင်း ဆိုတာတွေနဲ့ပတ်သက်လို့ ပြောချင် တယ်။ တရားမဝင်မြေရောင်းဝယ် တယ်ပြောကြ တယ် ။ မြေဟာ တရား မဝင်ဝယ်လို့မရဘူးလို့ ပြောချင်တယ်။ နောက်မြေပွဲစားတွေဖမ်းရမယ်လို့ ပြောတယ်။ ဘယ်ဥပဒေမှာမှ ပွဲစား ဖမ်းရမယ်၊ ဖမ်းလို့ရတယ် လို့ မကြား ဖူး ဘူး''ဟု ပြောသည်။

ကေတုမတီဖွံ့ဖြိုး တိုးတက်ရေး အများပိုင်ကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက် တာ ဒေါ်ခင်ခင်ဝင်းက ''ကျွန်မတို့က မြေဝယ်ရာမှာ ပွဲစားနဲ့ပဲ ဝယ်တာ မဟုတ်ပါဘူး။ နီးစပ်ရာမိတ်ဆွေများ ကတစ် ဆင့် ဝယ်ခဲ့ တာပါ။ တန်ရာတန် ကြေးညှိနှိုင်းဈေးနဲ့ဝယ်ခဲ့ တာဖြစ်ပါတယ် ။ ရှေ့ဆက်ပြီးပြောရရင် ကျွန်မ တို့ အခုရုံးခန်းဖွင့်ပြီးတော့ဝယ်သွားဖို့ ကြိုးစားသွားမယ်။ ရောင်း ချင်တဲ့ သူ ရုံးကိုလာပြီး ညှိနှိုင်း ဈေးနဲ့ဝယ်သွား မှာပါ''ဟု ပြောသည်။

ဆန္ဒထုတ်ဖော်ပွဲတွင် တောင် သူလယ်သမားပါတီဥက္ကဋ္ဌဌ ဦးကျော် စိုးမိုးက ''အခုလိုလုပ်ရတာက လယ် သမားတွေရဲ့ဘဝတွေ သားစဉ်မြေး ဆက်နစ်နာမှာစိုးလို့ပါ။ လယ်သမား ဆိုတာ လယ်ပဲ လုပ်တတ် တာ။ ဒီ စက်မှုဥယျာဉ်ကြီးပေါ်လာရင် လယ် သမားလူ တန်းစားကနေ အလုပ် သမားလူတန်းစား ဖြစ်သွားမယ်။ လယ်သမားဘဝဆိုရင် လယ်ယာမြေ တွေကို သားစဉ်မြေးဆက် အမွေ ပေးလို့ရ တယ်။ အလုပ်သမားဘဝ ဆိုရင် ဘာမှပေးလို့မရတဲ့အပြင် အသက် ၆ဝပြည့်ရင် ဘာမှလုပ်လို့ မရတော့ဘူး။ ကုမ္ပဏီကလဲ လှည့် ကြည့်မှာမဟုတ်ဘူး။ လယ်သမား ဆိုတာ အသိပညာ ကလဲ နည်း တယ်။ ရရင်လဲ ညစောင့်အလုပ်ပဲ ရမှာ။ သူတို့ဘဝတွေ ပျောက်မှာစိုးလို့ လယ်သမားတွေအတွက် ရည်ရွယ် ပြီးတော့လုပ်တာပါ'' ဟု ပြောသည်။

တောင်ငူမြို့ခံဦးဆွေက ''လက် ပံတောင်းတောင်လို တောင်သူ လယ်သမားတွေကို အဖြစ်မခံနိုင်ဘူး။ စက်မှု စီမံကိန်းကြီးဖြစ်လာပြီ ဆိုရင် တောင်သူလယ်သမားတွေ ဒုက္ခရောက်ရလိမ့်မယ်။ အဲဒါကြောင့် စက်မှုဇုန်ကို အလိုမရှိပါဘူး။ လယ် သမားတွေရဲ့လယ်တွေ အသိမ်းမခံ နိုင်လို့ ဒီလိုလုပ်နေရတာ။ ကျွဲနဲ့ နွား နဲ့ရုန်းကန် နေလို့ တစ်တိုင်းတစ်ပြည် လုံးထမင်းစားနေကြရတာပဲ။ သူတို့ လယ်မားတွေက ကျွန်တော်တို့ပြည် သူတွေရဲ့ကျေးဇူးရှင်တွေပါပဲ''ဟုဆို သည်။

ဆန္ဒထုတ်ဖော်ရာတွင်ပါဝင်သူ တစ်ဦးက ''ဒီလယ်ယာမြေတွေကို ကျွန်တော်တို့ချစ်တယ်။ စိတ်ကူးထဲ တောင်မရှိတဲ့သူတွေက အခုတော့ ချစ်ဟန်ဆောင်နေကြပြီ။ ကျုပ်တို့ လယ်သမားတွေက ဖြူစင်ပါတယ်။ ကျုပ်တို့လယ်ယာမြေတွေကို တန်ဖိုး ထားပါတယ်။ အဲဒါကြောင့် ကျုပ်တို့ လယ်ယာမြေတွေကို မထိပါနဲ့လို့ ပြောချင်ပါတယ်။ အခုလိုဆန္ဒထုတ် ဖော်လို့ ကျွန်တော်တို့ ဘာမှမရပါ ဘူး''ဟု ပြောသည်။

အဆိုပါဆန္ဒထုတ်ဖော်ရာတွင် 'လယ်သမားရဲ့ဘဝတွေ ခရိုနီတွေ မနှိပ်စက်ကြနဲ့၊ လယ်သမားရဲ့ ဘဝ တွေ ငွေကြေးရှင်များ မနှိပ်စက်ကြနဲ့၊ စက်မှုဥယျာဉ်မြို့တော် အလိုမရှိ၊ ကေတုမတီ ဖွံ့ဖြိုးတိုး တက်ရေး ကုမ္ပဏီ အလိုမရှိ၊ ခရိုနီကုမ္ပဏီလက် ကိုင်တုတ်များ အလိုမရှိ၊ တရား မဝင် မြေရောင်း၊ မြေဝယ်သူများအား အရေးယူ ပေးရေး ဒို့အရေး၊ မြေပွဲ စားများ ဖမ်ဆီးပေးရေး ဒို့အရေး၊ တို့မြေ အပိုင်စီး သူများကို ဆန့်ကျင် ရေး ဒို့အရေး၊ ခေတ်သစ်မြေရှင် စနစ်ကျဆုံးရေး ဒို့အရေး' စသည့် ကြွေးကြော်သံများနှင့် ဆောင်ပုဒ် များဖြင့် ကန့်ကွက် ဆန္ဒထုတ်ဖော် ခဲ့ကြသည်။

စက်မှုဥယျာဉ်စီမံကိန်း တည် ထောင်ရေးထောက်ခံပွဲတွင် တက် ရောက်လာသူတစ်ဦးဖြစ်သည့် လူငယ်များ ပရဟိတအသင်းမှ ကိုမော် သိန်းနိုင်က ''ရောင်းသူဝယ်သူအသံ မတူဘဲ ဘာမှမ ဖြစ်နိုင်ပါဘူး။ ကျွန်တော့် အမြင်အရကတော့ စက်မှုဇုန်လုပ်တာကောင်းပါတယ်။ လူငယ်တွေအလုပ်လုပ်မှ အလုပ်တွေ ရှိပါမှ တိုး တက် ဖွံ့ ဖြိုးမှုရှိမယ်။ ဒီလိုပဲယူ ဆပါတယ်''ဟု ဆိုသည်။

မြေရောင်းချခဲ့ပြီးဖြစ်သော လယ်သမားများအား တစ်ဦးလျှင် ကုမ္ပဏီက အစုရှယ်ယာ ၁ဝဝကျော် အားပေး အပ်ခဲ့ပြီး စက်မှုဇုန်ဖော် ထုတ်ခြင်းထောက်ခံပွဲကို လူအင် အား ၁ဝဝဝဝခန့် တက်ရောက် ခဲ့ကြကြောင်း သိရသည်။

TLWC
Democracytoday

No comments:

Post a Comment