Tuesday 3 June 2014

စပိန်အသင်း ၀ါရှင်တန်သို့ မထွက်ခွာမီ ၀န်ကြီးချုပ်တွေ့ဆုံနှုတ်ဆက်၊ တနင်္လာနေ့ လူစုံလေ့ကျင့်မှုတွင် ဒီယေဂိုကော်စတာ ပါဝင်နိုင်ခဲ့

Photo: စပိန်အသင်း ၀ါရှင်တန်သို့ မထွက်ခွာမီ ၀န်ကြီးချုပ်တွေ့ဆုံနှုတ်ဆက်၊ တနင်္လာနေ့ လူစုံလေ့ကျင့်မှုတွင် ဒီယေဂိုကော်စတာ ပါဝင်နိုင်ခဲ့
Tuesday, June 3, 2014

ကမ္ဘာ့ဖလားပြိုင်ပွဲ၏ လက်ရှိချန်ပီယံ စပိန်အသင်းသည် ပြီးခဲ့သည့် တနင်္လာနေ့က အမေရိကန်နိုင်ငံ၊ ၀ါရှင်တန်မြို့သို့ ထွက်ခွာသွားခဲ့ပြီး ယင်းကဲ့သို့မထွက်ခွာမီ စပိန်ဝန်ကြီးချုပ် မာရီယာနိုရာဂျွိုင်းက တွေ့ဆုံနှုတ်ဆက်၍ ဆုတောင်းစကား ပြောကြားပေးခဲ့ကြောင်း သိရှိရသည်။

စပိန်အသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲ လက်ခံကျင်းပမည့် ဘရာဇီးလ်နိုင်ငံသို့ ဇွန်လ(၇)ရက်နေ့မှ သွားရောက်မည်ဖြစ်ပြီး ယင်းနေ့ရက်မတိုင်မီ ၀ါရှင်တန်တွင် နေထိုင်လေ့ကျင့် သွားမည်ဖြစ်သည်။ စပိန်အသင်းသည် တနင်္လာနေ့ အစောပိုင်းတွင် မက်ဒရစ်၌ ကမ္ဘာ့ဖလားအကြို ပထမဆုံးအကြိမ်အဖြစ် လူစုံလေ့ကျင့်မှုပြုလုပ်ခဲ့ရာ အက်သလက်တီကိုတိုက်စစ်မှူး ဒီယေဂိုကော်စတာ ပါဝင်လာခဲ့ကြောင်းလည်း သိရှိရသည်။ ချန်ပီယံလိဂ်ဗိုလ်လုပွဲကြောင့် ရီးယဲယ်နှင့် အက်သလက်တီကို အသင်းများမှ ကစားသမားများကို အနားပေးထားခဲ့ရသည့်အတွက် ယခုမှ လူစုံလေ့ကျင့် နိုင်ခဲ့ခြင်းဖြစ်ပြီး လေ့ကျင့်မှုအစီအစဉ် ပြီးဆုံးခဲ့ပြီးနောက် ၀န်ကြီးချုပ်က လာရောက်တွေ့ဆုံကာ လာမည့်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ကံကောင်းစေရန် ဆုတောင်းပေးခဲ့ ခြင်းလည်းဖြစ်သည်။ ထို့နောက် တနင်္လာနေ့ နေ့လယ်ပိုင်းတွင် ၀ါရှင်တန်သို့ထွက်ခွာသွားခဲ့ပြီး အိမ်ဖြူတော်တွင် အမေရိကန်သမ္မတ အိုဘားမားနှင့် တွေ့ဆုံနှုတ်ဆက်ရန် စီစဉ်ထားကြောင်းလည်း သိရှိရသည်။

စပိန်အသင်းသည် အမေရိကန်နိုင်ငံ၌ နေထိုင်စဉ်အတွင်း လေ့ကျင့်ရေးအစီအစဉ်(၄)ခု ပြုလုပ်သွားမည်ဖြစ်ပြီး ဇွန်လ(၇) ရက်နေ့တွင် အယ်လ်ဆာဗေးဒိုးအသင်းနှင့် နောက်ဆုံးခြေစမ်းပြီးနောက် ဘရာဇီးလ်သို့ ထွက်ခွာကာ ဘရာဇီးလ်သမ္မတ ရူးဆက်ဖ်နှင့် တွေ့ဆုံသွားမည် ဖြစ်ကြောင်းလည်း သိရှိရသည်။ စပိန်အသင်း၏ လူစုံလေ့ကျင့်မှုတွင် ပါဝင်နိုင်ခဲ့သည့် တိုက်စစ်မှူး ဒီယေဂိုကော်စတာက မိမိ၏ကြံ့ခိုင်မှုအနေအထား ကောင်းမွန်နေပြီဖြစ်ကြောင်း၊ အယ်လ်ဆာဗေးဒိုးနှင့် ခြေစမ်းပွဲတွင် ပါဝင်နိုင်ရန် မျှော်လင့်နေပြီး ကမ္ဘာ့ဖလားအဖွင့်ပွဲ၌ ပါဝင်ကစားနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ တိုက်စစ်နေရာအတွက် ဒီယေဂိုကော်စတာ၊ တောရက်စ်နှင့် ဒေးဗစ်ဗီလာတို့ (၃)ဦးကိုသာ ရွေးချယ်ခဲ့သည့် စပိန်နည်းပြ ဒဲလ်ဘော့စ်ကမူ ဖာဘရီဂတ်စ်ကို တိုက်စစ်နေရာအတွက် လျာထားကြောင်းလည်း သိရှိရသည်။

Eleven Media Group
ကမ္ဘာ့ဖလားပြိုင်ပွဲ၏ လက်ရှိချန်ပီယံ စပိန်အသင်းသည် ပြီးခဲ့သည့် တနင်္လာနေ့က အမေရိကန်နိုင်ငံ၊ ၀ါရှင်တန်မြို့သို့ ထွက်ခွာသွားခဲ့ပြီး ယင်းကဲ့သို့မထွက်ခွာမီ စပိန်ဝန်ကြီးချုပ် မာရီယာနိုရာဂျွိုင်းက တွေ့ဆုံနှုတ်ဆက်၍ ဆုတောင်းစကား ပြောကြားပေးခဲ့ကြောင်း သိရှိရသည်။

စပိန်အသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲ လက်ခံကျင်းပမည့် ဘရာဇီးလ်နိုင်ငံသို့ ဇွန်လ(၇)ရက်နေ့မှ သွားရောက် မည်ဖြစ်ပြီး ယင်းနေ့ရက်မတိုင်မီ ၀ါရှင်တန်တွင် နေထိုင်လေ့ကျင့် သွားမည်ဖြစ်သည်။ စပိန်အသင်း သည် တနင်္လာနေ့ အစောပိုင်းတွင် မက်ဒရစ်၌ ကမ္ဘာ့ဖလားအကြို ပထမဆုံးအကြိမ်အဖြစ် လူစုံလေ့ကျင့်မှုပြုလုပ်ခဲ့ရာ အက်သလက်တီကိုတိုက်စစ်မှူး ဒီယေဂိုကော်စတာ ပါဝင်လာခဲ့ကြောင်းလည်း သိရှိရသည်။ ချန်ပီယံလိဂ်ဗိုလ်လုပွဲကြောင့် ရီးယဲယ်နှင့် အက်သလက်တီကို အသင်းများမှ ကစားသမား များကို အနားပေးထားခဲ့ရသည့်အတွက် ယခုမှ လူစုံလေ့ကျင့် နိုင်ခဲ့ခြင်းဖြစ်ပြီး လေ့ကျင့်မှု အစီအစဉ် ပြီးဆုံးခဲ့ပြီးနောက် ၀န်ကြီးချုပ်က လာရောက်တွေ့ဆုံကာ လာမည့်ကမ္ဘာ့ဖလားပြိုင်ပွဲ တွင် ကံကောင်းစေရန် ဆုတောင်း ပေးခဲ့ ခြင်းလည်းဖြစ်သည်။ ထို့နောက် တနင်္လာနေ့ နေ့လယ်ပိုင်းတွင် ၀ါရှင်တန်သို့ထွက်ခွာ သွားခဲ့ပြီး အိမ်ဖြူတော်တွင် အမေရိကန်သမ္မတ အိုဘားမားနှင့် တွေ့ဆုံနှုတ်ဆက်ရန် စီစဉ်ထားကြောင်း လည်း သိရှိရသည်။

စပိန်အသင်းသည် အမေရိကန်နိုင်ငံ၌ နေထိုင်စဉ်အတွင်း လေ့ကျင့်ရေးအစီအစဉ်(၄)ခု ပြုလုပ်သွား မည်ဖြစ်ပြီး ဇွန်လ(၇) ရက်နေ့တွင် အယ်လ်ဆာဗေးဒိုးအသင်းနှင့် နောက်ဆုံးခြေစမ်းပြီးနောက် ဘရာဇီးလ်သို့ ထွက်ခွာကာ ဘရာဇီးလ်သမ္မတ ရူးဆက်ဖ်နှင့် တွေ့ဆုံသွားမည် ဖြစ်ကြောင်းလည်း သိရှိရသည်။ စပိန်အသင်း ၏ လူစုံလေ့ကျင့်မှုတွင် ပါဝင်နိုင်ခဲ့သည့် တိုက်စစ်မှူး ဒီယေဂိုကော်စတာက မိမိ၏ကြံ့ခိုင်မှုအနေအထား ကောင်းမွန်နေပြီဖြစ်ကြောင်း၊ အယ်လ်ဆာဗေးဒိုးနှင့် ခြေစမ်းပွဲတွင် ပါဝင်နိုင်ရန် မျှော်လင့်နေပြီး ကမ္ဘာ့ဖလား အဖွင့်ပွဲ၌ ပါဝင်ကစားနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ တိုက်စစ်နေရာအတွက် ဒီယေဂိုကော် စတာ၊ တောရက်စ်နှင့် ဒေးဗစ်ဗီလာတို့ (၃)ဦးကိုသာ ရွေးချယ်ခဲ့သည့် စပိန်နည်းပြ ဒဲလ်ဘော့စ်ကမူ ဖာဘရီဂတ်စ်ကို တိုက်စစ်နေရာအတွက် လျာထားကြောင်းလည်း သိရှိရသည်။

Eleven Media Group 

No comments:

Post a Comment