Tuesday 3 June 2014

တည်ဆဲဥပဒေပေါင်း ၁၃၇ ခုအား ကျန်ရှိသည့် လွှတ်တော်သက်တမ်း ကာလအတွင်း ပြင်ဆင်ရန် ပြည်ထောင်စု လွှတ်တော်အတည်ပြု

Photo: တည်ဆဲဥပဒေပေါင်း ၁၃၇ ခုအား ကျန်ရှိသည့် လွှတ်တော်သက်တမ်း ကာလအတွင်း ပြင်ဆင်ရန် ပြည်ထောင်စု လွှတ်တော်အတည်ပြု
Tuesday, June 3, 2014

လက်ရှိကျင့်သုံးနေသည့် ပြည်ထဲရေး ၀န်ကြီးဌာန၏ တည်ဆဲဥပဒေများအပြင် တည်ဆဲဥပဒေပေါင်း ၁၃၇ ခုအား ကျန်ရှိသည့် လွှတ်တော်သက်တမ်း ကာလအတွင်း ပြင်ဆင်ရန်လိုအပ်ကြောင်း အကြံပြုချက်များ ပါဝင်သည့် ပြည်ထောင်စုလွှတ်တော်၊ ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော်က ဇွန် ၂ ရက်တွင် အတည်ပြုခဲ့သည်။

အစီရင်ခံစာတွင် ပြည်ထောင်စု လွှတ်တော်သက်တမ်း စတင်သည့်အချိန်မှ လက်ရှိအချိန်အထိ ဥပဒေပေါင်း ၉၈ ခုကို ထုတ်ပြန်ခဲ့ရာတွင် အသစ်ပြဋ္ဌာန်းသည့် ဥပဒေ ၁၈ ခု၊ ပြင်ဆင်သည့် ဥပဒေ ၃၅ ခု၊ ရုပ်သိမ်းသည့် ဥပဒေ ၁၁ ခု၊ အစားထိုးပြဋ္ဌာန်းသည့် ဥပဒေ ၂၄ ခုနှင့် စီမံကိန်း၊ ဘဏ္ဍာရေး အရ အသုံးဆိုင်ရာနှင့် အခွန်ဆိုင်ရာဥပဒေ ၁၀ ခုတို့ ပါဝင်ကြောင်း ပါရှိသည်။

ထို့ပြင် ပြည်သူ့လွှတ်တော် ကော်မတီ အသီးသီး၏ လေ့လာစိစစ်မှုစာရင်းအရ ရုပ်သိမ်းခြင်း၊ ပြင်ဆင်ခြင်း၊ အသစ်ရေးဆွဲခြင်း ဆောင်ရွက်သင့်သည့် ဥပဒေပေါင်း ၁၃၇ ခုရှိကြောင်း၊ ၎င်းစာရင်းတွင် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် သက်ဆိုင်သည့် ဥပဒေ ၁၃၄ ခု၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်နှင့် သက်ဆိုင်သည့်ဥပဒေ ၂ ခု၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးနှင့်သက်ဆိုင်သည့် ဥပဒေ ၁ ခုတို့ဖြစ်ကြောင်း ကော်မတီ၏ အစီရင်ခံစာတွင် ပါဝင်သည်။

အစိုးရအဖွဲ့နှင့် သက်ဆိုင်သည့် တည်ဆဲဥပဒေများအနက် ကျန်းမာရေးဝန်ကြီးဌာနမှ ဥပဒေပေါင်း ၁၅ ခုပါဝင်ပြီး အများဆုံးဖြစ်သည်။ ထို့ပြင် ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယအများဆုံးအဖြစ် ဥပဒေပေါင်း ၁၃ ခုပါဝင်သည်။ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဥပဒေ ၁၁ ခု၊ ပို့ဆောင်ရေးဝန်ကြီးဌာနမှ ဥပဒေ ၁၁ ခု၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ ဥပဒေ ၁၂ ခုနှင့် သိပ္ပံနှင့်နည်းပညာ ၀န်ကြီးဌာနမှ ဥပဒေ ၆ ခုတို့ အသီးသီးပါဝင်ကြသည်။

လွှတ်တော်မှစိစစ်တွေ့ရှိသည့် ရုပ်သိမ်းသင့်သော ဥပဒေများတွင် ၁၉၄၇ ခုနှစ်၊ အမိန့်ထုတ်ဆင့်တောင်းဆိုခြင်း (အရေးပေါ်ပြဋ္ဌာန်းချက်များ) အက်ဥပဒေ၊ ၁၉၆၀ ပြည့်နှစ်၊ ကျေးလက်စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှု ရန်ပုံငွေအက်ဥပဒေနှင့် ဗိုလ်ချုပ်ရန်ပုံငွေအက် ဥပဒေ စသည်တို့ အသီးသီးပါဝင်သည်။

ပြည်ထဲရေးဝန်ကြီးဌာနမှ ပြင်ဆင်ရေးဆွဲသင့်သော ဥပဒေများတွင် ပြည့်တန်ဆာ နှိပ်ကွပ်ရေးအက်ဥပဒေ၊ အထူးစုံစမ်းစစ်ဆေး မှုအုပ်ချုပ်ရေးအဖွဲ့နှင့် အထူးစုံစမ်းစစ်ဆေး ရေးဌာနအက်ဥပဒေ၊ မြေသိမ်းအက်ဥပဒေ နှင့် လောင်းကစားဥပဒေတို့ အသီးသီးပါဝင် သည်။

ထို့ကြောင့် သက်ဆိုင်ရာဝန်ကြီးဌာန များအနေဖြင့် ဥပဒေကြမ်းများကို ဦးစားပေးအလိုက် ကာလသတ်မှတ်ရေးဆွဲ၍ ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့တင်သွင်းကြရန်နှင့် ဥပဒေကြမ်းများကို ကျန်ရှိသည့်လွှတ် တော်သက်တမ်းကာလအတွင်း လွှတ်တော် အသီးသီးတွင် ဆွေးနွေးအတည်ပြုပြဋ္ဌာန်း နိုင်ရေးအစီရင်ခံကြောင်း ပါရှိသည်။

၎င်းအစီရင်ခံစာကို ပြည်ထောင်စုလွှတ် တော်မှ အတည်ပြုမှတ်တမ်းတင်ခဲ့သည်။

Eleven Media Group 

ဇွန် ၂ ရက်က နေပြည်တော်တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို တွေ့ရစဥ်
ဇွန် ၂ ရက်က နေပြည်တော်တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို တွေ့ရစဉ်
လက်ရှိကျင့်သုံးနေသည့် ပြည်ထဲရေး ၀န်ကြီးဌာန၏ တည်ဆဲဥပဒေများအပြင် တည်ဆဲဥပဒေပေါင်း ၁၃၇ ခုအား ကျန်ရှိသည့် လွှတ်တော်သက်တမ်း ကာလအတွင်း ပြင်ဆင်ရန်လိုအပ်ကြောင်း အကြံပြုချက်များ ပါဝင် သည့် ပြည်ထောင်စုလွှတ်တော်၊ ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာကို ပြည်ထောင်စု လွှတ်တော်က ဇွန် ၂ ရက်တွင် အတည်ပြုခဲ့သည်။

အစီရင်ခံစာတွင် ပြည်ထောင်စု လွှတ်တော်သက်တမ်း စတင်သည့်အချိန်မှ လက်ရှိအချိန်အထိ ဥပဒေပေါင်း ၉၈ ခုကို ထုတ်ပြန်ခဲ့ရာတွင် အသစ်ပြဋ္ဌာန်းသည့် ဥပဒေ ၁၈ ခု၊ ပြင်ဆင်သည့် ဥပဒေ ၃၅ ခု၊ ရုပ်သိမ်းသည့် ဥပဒေ ၁၁ ခု၊ အစားထိုးပြဋ္ဌာန်းသည့် ဥပဒေ ၂၄ ခုနှင့် စီမံကိန်း၊ ဘဏ္ဍာရေး အရ အသုံးဆိုင်ရာနှင့် အခွန်ဆိုင်ရာဥပဒေ ၁၀ ခုတို့ ပါဝင်ကြောင်း ပါရှိသည်။

ထို့ပြင် ပြည်သူ့လွှတ်တော် ကော်မတီ အသီးသီး၏ လေ့လာစိစစ်မှုစာရင်းအရ ရုပ်သိမ်းခြင်း၊ ပြင်ဆင်ခြင်း၊ အသစ်ရေးဆွဲခြင်း ဆောင်ရွက်သင့်သည့် ဥပဒေပေါင်း ၁၃၇ ခုရှိကြောင်း၊ ၎င်းစာရင်းတွင် ပြည်ထောင်စု အစိုးရအဖွဲ့နှင့် သက်ဆိုင်သည့် ဥပဒေ ၁၃၄ ခု၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်နှင့် သက်ဆိုင် သည့်ဥပဒေ ၂ ခု၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးနှင့်သက်ဆိုင်သည့် ဥပဒေ ၁ ခုတို့ဖြစ်ကြောင်း ကော်မတီ၏ အစီရင်ခံစာတွင် ပါဝင်သည်။

အစိုးရအဖွဲ့နှင့် သက်ဆိုင်သည့် တည်ဆဲဥပဒေများအနက် ကျန်းမာရေးဝန်ကြီးဌာနမှ ဥပဒေပေါင်း ၁၅ ခုပါဝင်ပြီး အများဆုံးဖြစ်သည်။ ထို့ပြင် ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယအများဆုံးအဖြစ် ဥပဒေပေါင်း ၁၃ ခုပါဝင် သည်။ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဥပဒေ ၁၁ ခု၊ ပို့ဆောင်ရေးဝန်ကြီးဌာနမှ ဥပဒေ ၁၁ ခု၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ ဥပဒေ ၁၂ ခုနှင့် သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာနမှ ဥပဒေ ၆ ခုတို့ အသီးသီးပါဝင်ကြသည်။

လွှတ်တော်မှစိစစ်တွေ့ရှိသည့် ရုပ်သိမ်းသင့်သော ဥပဒေများတွင် ၁၉၄၇ ခုနှစ်၊ အမိန့်ထုတ်ဆင့် တောင်းဆိုခြင်း (အရေးပေါ်ပြဋ္ဌာန်းချက်များ) အက်ဥပဒေ၊ ၁၉၆၀ ပြည့်နှစ်၊ ကျေးလက်စီးပွားရေး တိုးတက် ဖွံ့ဖြိုး မှု ရန်ပုံငွေအက်ဥပဒေနှင့် ဗိုလ်ချုပ်ရန်ပုံငွေအက် ဥပဒေ စသည်တို့ အသီးသီးပါဝင်သည်။

ပြည်ထဲရေးဝန်ကြီးဌာနမှ ပြင်ဆင်ရေးဆွဲသင့်သော ဥပဒေများတွင် ပြည့်တန်ဆာ နှိပ်ကွပ်ရေးအက်ဥပဒေ၊ အထူးစုံစမ်းစစ်ဆေး မှုအုပ်ချုပ်ရေးအဖွဲ့နှင့် အထူးစုံစမ်းစစ်ဆေး ရေးဌာနအက်ဥပဒေ၊ မြေသိမ်းအက်ဥပဒေ နှင့် လောင်းကစားဥပဒေတို့ အသီးသီးပါဝင် သည်။

ထို့ကြောင့် သက်ဆိုင်ရာဝန်ကြီးဌာန များအနေဖြင့် ဥပဒေကြမ်းများကို ဦးစားပေးအလိုက် ကာလသတ်မှတ် ရေးဆွဲ၍ ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့တင်သွင်းကြရန်နှင့် ဥပဒေကြမ်းများကို ကျန်ရှိသည့်လွှတ် တော်သက်တမ်းကာလအတွင်း လွှတ်တော် အသီးသီးတွင် ဆွေးနွေးအတည်ပြုပြဋ္ဌာန်း နိုင်ရေးအစီရင်ခံ ကြောင်း ပါရှိသည်။

၎င်းအစီရင်ခံစာကို ပြည်ထောင်စုလွှတ် တော်မှ အတည်ပြုမှတ်တမ်းတင်ခဲ့သည်။

Eleven Media Group 

No comments:

Post a Comment