Tuesday 3 June 2014

မြန်မာနိုင်ငံအတွင်း တရားမ၀င် ၀င်ရောက်ပြီး သစ်နှင့် သတ္တုသယံဇာတ များအား ထုတ်ယူသည့် တရုတ်နိုင်ငံသား ၁၀၀ ခန့်ကို အနည်းဆုံး ပြစ်ဒဏ်သာချမှတ်ခဲ့

Photo: မြန်မာနိုင်ငံအတွင်း တရားမ၀င် ၀င်ရောက်ပြီး သစ်နှင့် သတ္တုသယံဇာတ များအား ထုတ်ယူသည့် တရုတ်နိုင်ငံသား ၁၀၀ ခန့်ကို အနည်းဆုံး ပြစ်ဒဏ်သာချမှတ်ခဲ့
Tuesday, June 3, 2014

မြန်မာနိုင်ငံအတွင်းသို့ တရားမ၀င် ၀င်ရောက်ကာ သစ်နှင့် သတ္တုသယံဇာတများအား ရှာဖွေခဲ့သည့် တရုတ်နိုင်ငံသား ၁၀၀ ခန့်ကို အနည်းဆုံး ပြစ်ဒဏ်များသာ ချမှတ်ခဲ့ကြောင်း သိရသည်။ ၎င်းတို့အား ငွေနှင့် ပြည်နှင်ဒဏ်ပေးသည့် ပြစ်ဒဏ်သာ အများဆုံးချမှတ်ခဲ့ကြောင်း သိရသည်။

ယမန်နှစ်နှင့် ယခုနှစ်လေးလပိုင်းအထိ ဖမ်းဆီးခဲ့မှုတွင် တရုတ်နိုင်ငံသား ၁၀၀ ခန့် ရှိခဲ့ပြီး အများစုမှာသစ်နှင့် သတ္တုသယံဇာတများကို ရှာဖွေထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ သိရသည်။

ဖမ်းဆီးရမိခဲ့သည့် တရုတ်နိုင်ငံသားများကို အရေးယူမှုပြုလုပ်ခဲ့ရာတွင် လူဝင်မှုကြီးကြပ်ရေးအက် ၇(၁) အရ တွေ့ရှိသည့်နေရာမှ နေရပ်သို့ ပြန်လည်ပို့ဆောင်ခြင်းနှင့်  အက် ၇(၂) အရ တရားစွဲဆိုကာ ပြစ်ဒဏ်ကျခံစေသည့် ဥပဒေများဖြင့် အရေးယူမှု ပြုလုပ်ခဲ့ကြောင်းလည်း လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းထံမှ သိရသည်။

တရုတ်နိုင်ငံသား မည်မျှကိုထောင်ဒဏ်ချမှတ်မှုနှင့် ငွေဒဏ်ချမှတ်မှုအပေါ်တွင် ရှင်းလင်းစွာပြောဆိုခဲ့ခြင်း မရှိခဲ့သော်လည်း ပြည်နှင်ဒဏ်ပေးခြင်းမှာ အများဆုံးဖြစ်ကြောင်း စုံစမ်းသိရသည်။

“ကျွန်တော်တို့ ၀န်ကြီးဌာနအနေနဲ့ ပြစ်ဒဏ်အမြင့်ဆုံးကတော့ ထောင်ဒဏ်တစ်နှစ် ချလိုက်တာတော့ရှိတယ်။ ဒါပေမဲ့ ငွေဒဏ်နဲ့ ပြည်နှင်ဒဏ်ပေးတာတော့ များပါတယ်” ဟု ဦးမောင်မောင်သန်းက ပြောကြားသည်။

ဖမ်းဆီးခဲ့သည် တရုတ်နိုင်ငံသားများကို လုပ်ထုံးလုပ်နည်းအရ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေနှင့်သာ အရေးယူနိုင်ပြီး သစ်ထုတ်လုပ်မှုနှင့် သယံဇာတတူးဖော်မှုများ အတွက်မူ အရေးယူပိုင်ခွင့်မရှိကြောင်း သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းက ပြောကြားသည်။

သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းက “ကျွန်တော်တို့ လုပ်ထုံးလုပ်နည်းက ပြည်ပနိုင်ငံသားတွေက တရားမ၀င် လုပ်နေတာတွေကို ပစ္စည်းပဲသိမ်းလို့ရတာ။ ကျန်တဲ့အပိုင်းက လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနက လုပ်တာပေါ့” ဟု ပြောကြားသည်။

ယင်းကဲ့သို့ လုပ်ထုံးလုပ်နည်းများနှင့် အရေးယူမှုများမှာ တရုတ်နိုင်ငံသားများ တရားမ၀င် ၀င်ရောက်နေမှုကို တားဆီးနိုင်ရန် အခြေအနေ မရှိသည့်အပြင်  သစ်တောကြိုးဝိုင်းအတွင်း လယ်ယာမြေစိုက်ပျိုးမှုကြောင့် ထောင်ဒဏ်သုံးနှစ်အထိ ချမှတ်ခံခဲ့ရသော နိုင်ငံသားများ အပေါ်တွင်လည်း တရားမျှတမှု မရှိနိုင်ကြောင်း လူမှုအဖွဲ့အစည်းများမှ သုံးသပ်လျက်ရှိနေသည်။

ယင်းအပြင် တရုတ်နိုင်ငံသားများ မြန်မာနိုင်ငံအတွင်းသို့ တရားမ၀င် ၀င်ရောက်နေမှုကို တရုတ်ကောင်စစ်ဝန်ရုံးက တာဝန်ယူဖြေရှင်းမည် မဟုတ်ကြောင်း တရုတ်ကောင်စစ်ဝန်ချုပ်မှ မေလအတွင်းက ပြောကြားထားမှုများလည်း ရှိနေသည်။

သို့သော် ယခုနှစ် ဖေဖော်ဝါရီ ၂၆ ရက် က ကျင်းပပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးတွင် မြန်မာနိုင်ငံရှိ သစ်နှင့်သယံဇာတများကို တရုတ်လူမျိုးများက တရားမ၀င် ထုတ်ယူနေမှုများနှင့် ပတ်သက်၍ တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာနသို့ တရားဝင်ကန့်ကွက်ထားကြောင်း နိုင်ငံတော်သမ္မတရုံးမှ ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က ပြောကြားထားသည်။     

တရုတ်လူမျိုးများ အနေဖြင့် ကချင်ပြည်နယ်ရှိ ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ် သစ်တောများတွင် တရားမ၀င် သစ်ထုတ်လုပ်မှုကို ပြုလုပ်နေပြီး ချီဖွေမြို့နယ်နှင့် ဆော့လော်တွင်လည်း တရားမ၀င် ၀င်ရောက်လုပ်ကိုင်နေကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က ဆက်လက်ပြောကြားထားသည်။

Eleven Media Group  

တရုတ်-မြန်မာနယ်စပ် ၀င်/ထွက်ပေါက် တစ်ခုဖြစ်သည့် မူဆယ်နန်းတော် နယ်စပ်ဂိတ်ကို တွေ့ရစဥ်(ဓာတ်ပုံ-နီလာ)
တရုတ်-မြန်မာနယ်စပ် ၀င်/ထွက်ပေါက် တစ်ခုဖြစ်သည့် မူဆယ်နန်းတော် နယ်စပ်ဂိတ်ကို တွေ့ရစဥ်(ဓာတ်ပုံ-နီလာ)
မြန်မာနိုင်ငံအတွင်းသို့ တရားမ၀င် ၀င်ရောက်ကာ သစ်နှင့် သတ္တုသယံဇာတများအား ရှာဖွေခဲ့သည့် တရုတ်နိုင်ငံသား ၁၀၀ ခန့်ကို အနည်းဆုံး ပြစ်ဒဏ်များသာ ချမှတ်ခဲ့ကြောင်း သိရသည်။ ၎င်းတို့အား ငွေနှင့် ပြည်နှင်ဒဏ်ပေးသည့် ပြစ်ဒဏ်သာ အများဆုံးချမှတ်ခဲ့ကြောင်း သိရသည်။

ယမန်နှစ်နှင့် ယခုနှစ်လေးလပိုင်းအထိ ဖမ်းဆီးခဲ့မှုတွင် တရုတ်နိုင်ငံသား ၁၀၀ ခန့် ရှိခဲ့ပြီး အများစုမှာသစ်နှင့် သတ္တုသယံဇာတများကို ရှာဖွေထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ သိရသည်။

ဖမ်းဆီးရမိခဲ့သည့် တရုတ်နိုင်ငံသားများကို အရေးယူမှုပြုလုပ်ခဲ့ရာတွင် လူဝင်မှုကြီးကြပ်ရေးအက် ၇(၁) အရ တွေ့ရှိသည့်နေရာမှ နေရပ်သို့ ပြန်လည်ပို့ဆောင်ခြင်းနှင့်  အက် ၇(၂) အရ တရားစွဲဆိုကာ ပြစ်ဒဏ်ကျခံစေသည့် ဥပဒေများဖြင့် အရေးယူမှု ပြုလုပ်ခဲ့ကြောင်းလည်း လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းထံမှ သိရသည်။

တရုတ်နိုင်ငံသား မည်မျှကိုထောင်ဒဏ်ချမှတ်မှုနှင့် ငွေဒဏ်ချမှတ်မှုအပေါ်တွင် ရှင်းလင်းစွာပြောဆိုခဲ့ခြင်း မရှိခဲ့သော်လည်း ပြည်နှင်ဒဏ်ပေးခြင်းမှာ အများဆုံးဖြစ်ကြောင်း စုံစမ်းသိရသည်။

“ကျွန်တော်တို့ ၀န်ကြီးဌာနအနေနဲ့ ပြစ်ဒဏ်အမြင့်ဆုံးကတော့ ထောင်ဒဏ်တစ်နှစ် ချလိုက်တာတော့ ရှိတယ်။ ဒါပေမဲ့ ငွေဒဏ်နဲ့ ပြည်နှင်ဒဏ်ပေးတာတော့ များပါတယ်” ဟု ဦးမောင်မောင်သန်းက ပြောကြား သည်။

ဖမ်းဆီးခဲ့သည် တရုတ်နိုင်ငံသားများကို လုပ်ထုံးလုပ်နည်းအရ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေနှင့်သာ အရေးယူနိုင်ပြီး သစ်ထုတ်လုပ်မှုနှင့် သယံဇာတတူးဖော်မှုများ အတွက်မူ အရေးယူပိုင်ခွင့်မရှိကြောင်း သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းက ပြောကြားသည်။

သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းက “ကျွန်တော်တို့ လုပ်ထုံးလုပ်နည်းက ပြည်ပနိုင်ငံ သားတွေက တရားမ၀င် လုပ်နေတာတွေကို ပစ္စည်းပဲသိမ်းလို့ရတာ။ ကျန်တဲ့အပိုင်းက လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနက လုပ်တာပေါ့” ဟု ပြောကြားသည်။

ယင်းကဲ့သို့ လုပ်ထုံးလုပ်နည်းများနှင့် အရေးယူမှုများမှာ တရုတ်နိုင်ငံသားများ တရားမ၀င် ၀င်ရောက်နေမှုကို တားဆီးနိုင်ရန် အခြေအနေ မရှိသည့်အပြင်  သစ်တောကြိုးဝိုင်းအတွင်း လယ်ယာမြေစိုက်ပျိုးမှုကြောင့် ထောင်ဒဏ်သုံးနှစ်အထိ ချမှတ်ခံခဲ့ရသော နိုင်ငံသားများ အပေါ်တွင်လည်း တရားမျှတမှု မရှိနိုင်ကြောင်း လူမှုအဖွဲ့အစည်းများမှ သုံးသပ်လျက်ရှိနေသည်။

ယင်းအပြင် တရုတ်နိုင်ငံသားများ မြန်မာနိုင်ငံအတွင်းသို့ တရားမ၀င် ၀င်ရောက်နေမှုကို တရုတ်ကောင်စစ်ဝန်ရုံးက တာဝန်ယူဖြေရှင်းမည် မဟုတ်ကြောင်း တရုတ်ကောင်စစ်ဝန်ချုပ်မှ မေလအတွင်းက ပြောကြားထားမှုများလည်း ရှိနေသည်။

သို့သော် ယခုနှစ် ဖေဖော်ဝါရီ ၂၆ ရက် က ကျင်းပပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးတွင် မြန်မာနိုင်ငံရှိ သစ်နှင့်သယံဇာတများကို တရုတ်လူမျိုးများက တရားမ၀င် ထုတ်ယူနေမှုများနှင့် ပတ်သက်၍ တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာနသို့ တရားဝင်ကန့်ကွက်ထားကြောင်း နိုင်ငံတော်သမ္မတရုံးမှ ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က ပြောကြားထားသည်။     

တရုတ်လူမျိုးများ အနေဖြင့် ကချင်ပြည်နယ်ရှိ ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ် သစ်တောများတွင် တရားမ၀င် သစ်ထုတ်လုပ်မှုကို ပြုလုပ်နေပြီး ချီဖွေမြို့နယ်နှင့် ဆော့လော်တွင်လည်း တရားမ၀င် ၀င်ရောက်လုပ်ကိုင်နေကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က ဆက်လက်ပြောကြားထားသည်။

Eleven Media Group  

No comments:

Post a Comment