Tuesday 3 June 2014

မူးယစ်ဥပဒေတွင် ဆေးဝါးပမာဏကို ပြင်ဆင်ဖြေလျှော့ရန် စီစဉ်

မူးယစ်ဥပဒေတွင် သုံးစွဲ ရန် လက်ဝယ်ထားရှိသည့် မူးယစ် ဆေးဝါးအလေးချိန်နှင့် ပမာဏကိုပြင် ဆင်ဖြေလျှော့ရန် စတင်စဉ်းစားနေပြီး ဆေးဝါးသုံးစွဲသူကိုဆေးသုံးစွဲရုံဖြင့် ထောင်ချခြင်း မပြုလုပ်ဘဲ ဖေးမ ကူညီရန် ဖြစ်ကြောင်းမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးစီမံကိန်းဌာနမှ ဌာနမှူးရဲမှူးကြီး ဇော်လင်းထွန်း ကပြောသည်။

‘‘မူးယစ်ဥပဒေရှိပေမယ့် လည်း ကျွန်တော်တို့ ဖြေလျှော့ပြီး ကိုင်တွယ်နေပါတယ်။ ဥပမာ လက်ထဲမှာ ဆေးပြား ၃၊ ၄၊ ၅ ပြားဆိုတာ သုံးဖို့ထားတာပဲ။ အ ပြား ၁၀၀ ဆိုရင်တော့ သူရောင်း ဖို့ဆောင်ထားတာ။ ဒါကြောင့် ဥပဒေမှာ ဆေးဝါးပမာဏနဲ့ အ လေးချိန်ကို သတ်မှတ်ဖို့စပြီး စဉ်းစားနေပါပြီ။ ဥပဒေတော့ မပြဋ္ဌာန်းရသေးပါဘူး’’ဟု ၎င်းက ပြောသည်။

ဆေးဝါးပမာဏသတ်မှတ် ချက်ကို ပြင်ဆင်ရန် စဉ်းစားရ ခြင်းမှာ ဆယ်နှစ်အတွင်း ဆောင် ရွက်ခဲ့သည့် မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးထင်သလောက် မအောင်မြင်ခဲ့သဖြင့် သုံးစွဲမှု လျှော့ချရေးဘက်ကို ဦးတည်တိုး မြှင့်ဆောင်ရွက်ရာတွင် ကဏ္ဍ တစ်ခုအနေဖြင့် စဉ်းစားခြင်းဖြစ် ကြောင်း ၎င်းကဆိုသည်။

၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေတွင် ဘိန်းဖြူ သုံးဂရမ်အထက်၊ ဘိန်း စိမ်း ၁၀၀ ဂရမ်အထက်၊ ဆေး ခြောက် ၂၅ ဂရမ်ထက်ကျော်ပါက ရောင်းချရန် အလို့ငှာ လက်ဝယ် ထားရှိမှုဖြင့် အနည်းဆုံးထောင် ၁၀ နှစ်ကျခံရမည်ဖြစ်သည်။ ထို့ ပြင်သုံးစွဲပါက အနည်း ဆုံး သုံး နှစ်မှ ငါးနှစ်အထိ ကျခံရမည်ဖြစ် သည်။

‘‘ဥပဒေတစ်ခုပြင်တယ်ဆို တာ ဒီမိုကရေစီခေတ်မှာတော့ လွှတ်တော်အဆုံးအဖြတ်ပေါ့။ ပြင်ဖို့ တင်လာရင် လည်း အားလုံးဆွေးနွေးပြီးမှ ဒါကိုပြောလို့ရမှာပေါ့။ မူးယစ်ဥပဒေက ပြင်းထန်တယ်လို့ ဝေဖန်ကြတာရှိပါ တယ်။ တချို့ကလည်း မပြင်ချင် ဘူးပေါ့။ ဒီဥပဒေပြင်းထန်တာ တောင် ဒီလောက်သုံးနေကြတာ ’’ဟု တရားလွှတ်တော်ရှေ့နေဦးမြင့်စိုးကပြောသည်။ 

မြန်မာနိုင်ငံရဲတပ်ဖွဲ့မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးစီမံ ကိန်းဌာနသည် WHO, UNODC၊ UNAIDS စသည့် နိုင်ငံတကာ NGO များနှင့် ပူးပေါင်း၍ မူးယစ် ဆေးစွဲသူများအား HIV အသည်း ရောင်အသားဝါ အပါအ၀င် နောက်ဆက်တွဲရောဂါများ၏ ဆိုး ကျိုးများကို သိရှိစေရန် အသိပ ညာပေးမှုလုပ်ငန်းများဆောင် ရွက်နေသည်။ 

ထို့အပြင် မူးယစ်ဆေးစွဲနေ သူများအတွက် မလိုလားအပ် သည့် ရောဂါဆိုးများကာကွယ်နိုင် ရန် ဆေးထိုးအပ်များမျှဝေခြင်း၊ ကွန်ဒုံးများဖြန့်ဝေခြင်း၊ မူးယစ် အစားထိုးဆေးဝါးများ (မက်သ ဒုန်း)များတိုက် ကျွေးခြင်း တို့ကို အဆိုပါ NGO များ၏ အကူအညီ ဖြင့် ပြုလုပ်နေသည်။ 

‘‘တစ်ဖက်က သုံးစွဲမှုလျှော့ ချရေးလုပ်နေချိန်မှာ တည်ဆဲဥပ ဒေတွေလည်းရှိတော့ ဆေးသုံး နေတဲ့သူကို တွေ့ရင်တန်းပြီး ဖမ်းတာဆီးတာလုပ်တာထက် လူ သားချင်းစာနာထောက်ထားမှု အရ နောက်ပိုင်းဆေးဝါး ကုသရေး ဘက်ကို ဦးတည်ပြီး လုပ်ပေးရ တယ်။ ဥပဒေကလည်းရှိနေတော့ တချို့ဆေးဖိုးရှာတဲ့အနေနဲ့ သုံးတဲ့ သူကိုယ်တိုင်ရောင်းတော့ လက် ၀ယ်မိရင် ဖမ်းရတာတော့ရှိသေး တယ်။ အတတ်နိုင်ဆုံးတော့ ဆေးသုံးသူကို လက်ဝယ်မိတဲ့ပမာဏကြောင့် အမှုစွဲတင်တာမျိုးလုပ်ပါတယ်’’ဟု ရဲမှူးကြီးကပြောသည်။
မကြာသေးမီက ရုပ်ရှင်မင်း သားရဲတိုက်မှာ ဆေးခြောက် တစ် ကျပ်ခွဲသားလက်ဝယ်တွေ့ရှိမှုဖြင့် ထောင်ခြောက်နှစ်ချခံခဲ့ရပြီး ၎င်း ၏ ပြစ်ဒဏ်အပေါ် အနုပညာ လောကသားအချို့က ကန့်ကွက် မှုများရှိခဲ့သည်။ 

‘‘ရဲမှူးကြီးကို ကျွန်တော်ကြို ဆိုတယ်။ ဖြစ်သင့်တာကြာပြီ။ လူ ငယ်ဆိုတာ အသစ်အဆန်းကို စမ်းကြည့် တာတော့ ရှိပါတယ်။ ကျွန်တော်တို့ အဆိုတော်လောက မှ မဟုတ်ဘူး။ လောကတိုင်းက လူငယ်အများစုမှာ ဒီပြဿနာက အကြီးကြီးပဲဖြစ်နေတယ်။ သုံးတဲ့ သူကလည်း အနည်းဆုံးတော့ သူ့မှာ နောက်ရက်စိတ်မပူရအောင်ထားထားမှာပဲလေ။ အလွန်အကျွံဖြစ်ရင်တော့ ဖမ်းပေါ့ဗျာ။ မလုပ်နိုင်ရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမဲ့တစ်ခါတလေ စမ်းသုံးတာ ဆွဲစေ့ခံလိုက်ရရင်အဲဒါကမှ လူညွန့်တုံးစေတာ’’ဟု အမည်မဖော်လိုသည့် ဟစ်ဟော့ပ်အဆိုရှင်တစ်ဦးက ပြောသည်။

7 Days Daily

No comments:

Post a Comment