Tuesday 3 June 2014

မြန်မာအစိုးရ ဆန့်ကျင်ရေး လှုပ်ရှားသူများ လက်ခံထားခြင်းမရှိဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးအတွင်းဝန် ပြောကြား

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီးဌာန အတွင်းဝန်က မြန်မာ အစိုးရကိုဆန့်ကျင်နေသော အုပ်စုများကို ဘင်္ဂလားဒေ့ရှ်မြေပေါ်တွင် လက်ခံထားခြင်းမရှိဟု ပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ယနေ့ဖော်ပြ သည်။ 

Md Shahidul Haque က ယမန်နေ့တွင် ဒါကာမြို့၌ပြုလုပ်ခဲ့ သော သတင်းစာရှင်းလင်းပွဲတစ်ခု ၌ ''မြန်မာအစိုးရကို ဆန့်ကျင်နေ တဲ့အုပ်စုတွေ ဘင်္ဂလားဒေ့ရှ်မြေပေါ် မှာလှုပ်ရှားနေတယ်ဆိုတဲ့သက်သေ မျိုး လုံးဝမရှိပါဘူး။ မြန်မာအစိုးရ ဘက်က သက်သေပြနိုင်တဲ့အချက် တွေ။ ဒါမှမဟုတ် ထူးခြားတဲ့ သတင်းတွေရှိမယ်ဆိုရင် ကျွန်တော် တို့ကို အသိပေးနိုင်ပါတယ်။ အဲဒီ လိုဆိုရင်တော့ လိုအပ်တဲ့ဆောင် ရွက်ချက်တွေ လက်တွဲဆောင်ရွက် ဖို့အသင့်ပါပဲ။ ကျွန်တော်တို့ဘက် က မြန်မာနိုင်ငံနဲ့ထိစပ်နေတဲ့ နယ် စပ်တွေမှာ ဖြစ်ပွားနေတဲ့တင်းမာမှုတွေကိုနှစ်ဖက်သဘောတူညီချက် နဲ့ ဖြေရှင်းချင်ပါတယ်။ လုံခြုံရေး ဆိုင်ရာ ပုံမှန်ဆွေးနွေးမှုပြုလုပ်နိုင် မယ့်အစီအစဉ်မျိုးဆောင်ရွက်နိုင်ဖို့ ကြိုးစားနေပါတယ်''ဟုပြောသည်။ 

ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေး ဝန် ကြီးဌာနဝန်ကြီး Asaduzzaman KhamKamal က ဘင်္ဂလားဒေ့ရှ်- မြန်မာနယ်စပ်တွင် ဖြစ်ပွားခဲ့သော တင်းမာမှုများမှာ နားလည်မှုလွဲမှား ခြင်းကြောင့်ဖြစ်ပွားခြင်းဖြစ်ကြောင်း၊ မြန်မာအစိုးရဘက်မှ တင်းမာမှုဖြစ် ပွားနေသောနေရာများအနီး၌ ရှိနေ သောတပ်များကို လျှော့ချရန် မျှော်လင့် ကြောင်းပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး Abul Hassam Mahmood Ali ကလည်း နှစ်နိုင်ငံလုံးအနေဖြင့် တင်းမာမှုများဖြေရှင်းရန် ငြိမ်းချမ်းစွာဖြင့်လက်တွဲဆောင်ရွက်ကြမည်ဟု မျှော်လင့်ကြောင်း၊ ဘင်္ဂလားဒေ့ရှ် အစိုးရသည် အိမ်နီးချင်းကောင်းပီသသည့် ဆက်ဆံရေးကိုထိန်းသိမ်းထားရန် ကြိုးစားမည်ဖြစ်ကြောင်း၊ ယခုလ ၉ ရက်မှ ၁၄ ရက်အတွင်း ပြုလုပ်ရန်ရည်ရွယ်ထားသော နှစ်နိုင်ငံနယ်စပ် လုံခြုံရေးအကြီးအကဲများ ဆွေးနွေးပွဲတွင် ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မည့်နည်း လမ်းများရရှိရန်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်မီဒီယာများက ဖော်ပြသည်။

The Union Daily

No comments:

Post a Comment