Tuesday 3 June 2014

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ရထားနှစ်စီးတိုက်မိရာမှ စက်ခေါင်းမောင်းသူတစ်ဦးနှင့် ခရီးသည်လေးဦးဒဏ်ရာရ

Photo: မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ရထားနှစ်စီးတိုက်မိရာမှ စက်ခေါင်းမောင်းသူတစ်ဦးနှင့် ခရီးသည်လေးဦးဒဏ်ရာရ
Tuesday, June 3, 2014

ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ရထားနှစ်စီးတိုက်မိရာမှ ရထားစက်ခေါင်းမောင်းသူတစ်ဦးနှင့် ခရီးသည်လေးဦးဒဏ်ရာရရှိမှု ဇွန် ၂ ရက် မွန်းလွဲ ၁၂ နာရီ မိနစ် ၃၀ ခန့်က ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ပုဇွန်တောင်မြို့နယ် ပုဇွန်တောင်ဘူတာနှင့် မလွှကုန်းဘူတာကြားရှိ မိုင်တိုင်အမှတ် ဗဗ-၁၀၂၊ မီးပွိုင့်အမှတ် ဗ -၉၅ တွင် မီးပွိုင့်မီးနီ၍ ရပ်ထားသော စက်ခေါင်းအမှတ် RBE-2540 (အင်ကြင်း-၂) သီလ၀ါ-ရန်ကုန်ရထား၏ နောက်တွဲအား ရွာသာကြီးဘက်မှ ရန်ကုန်သို့ မောင်းနှင်လာသော စက်ခေါင်းအမှတ် DD-918 (မင်းသား -၇) မြို့ပတ်ရထားမှ ၀င်တိုက်မိခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ခဲ့သည်။

အင်ကြင်း-၂ ရထားပေါ်ပါခရီးသည် ကျားသုံးဦး၊ မတစ်ဦးနှင့် မင်းသား-၇ မြို့ပတ်ရထား စက်ခေါင်းမောင်းသူတို့တွင် ပေါက်ပြဲနာကျင်ဒဏ်ရာများ ရရှိခဲ့သည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သော အင်ကြင်း-၂ ပါခရီးသည် ကိုဥာဏ်မင်းသန့် (၃၂) နှစ်၊ ကိုနိုင်ဖြိုးဝေ (၂၁) နှစ်၊ ဦးသက်ပိုင် (၄၄)နှစ်၊ ဒေါ်ခင်ပြုံးလွင် (၄၆) နှစ်နှင့် မြို့ပတ်ရထားမောင်းသူ ဦးမူတူး (၆၀) နှစ်တို့ ရန်ကုန်ဆေးရုံကြီး အတွင်းလူနာ (မစိုးရိမ်ရ) များအဖြစ် ဆေးကုသမှုခံယူလျက်ရှိသည်။          

အဆိုပါမတော်တဆမှုကြောင့် ရထားတွဲများ လမ်းချော်သွားခဲ့ကြောင်းသိရပြီး စစ်ဆေးပြုပြင်မှုများ ပြုလုပ်နေကြောင်း သိရသည်။

"ရထားနှစ်စီးတိုက်မိတဲ့ဖြစ်စဉ် ကျွန်တော်တို့ဆီမှာ အမှုလာဖွင့်ထားတာ မရှိပါဘူး။ ထိခိုက်ဒဏ်ရာရသူ အနည်းငယ်တော့ ရှိခဲ့ပါတယ်" ဟု မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းမှူး ဒုရဲမှူးသန်းဦးက ဇွန် ၂ ရက် ည ၈ နာရီခန့်က ပြောကြားခဲ့သည်။

Eleven Media Group

မတော်တဆမှုဖြစ်ပွားခဲ့သည့် စက်ခေါင်းအမှတ် RBE 2540 ရထားအား တွေ့ရစဉ် (ဓာတ်ပုံ - Yangon Police )
မတော်တဆမှုဖြစ်ပွားခဲ့သည့် စက်ခေါင်းအမှတ် RBE 2540 ရထားအား တွေ့ရစဉ် (ဓာတ်ပုံ - Yangon Police)
ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ရထားနှစ်စီးတိုက်မိရာမှ ရထားစက်ခေါင်းမောင်းသူတစ်ဦးနှင့် ခရီးသည်လေးဦးဒဏ်ရာရရှိမှု ဇွန် ၂ ရက် မွန်းလွဲ ၁၂ နာရီ မိနစ် ၃၀ ခန့်က ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ပုဇွန်တောင်မြို့နယ် ပုဇွန်တောင်ဘူတာနှင့် မလွှကုန်းဘူတာကြားရှိ မိုင်တိုင်အမှတ် ဗဗ-၁၀၂၊ မီးပွိုင့်အမှတ် ဗ -၉၅ တွင် မီးပွိုင့်မီးနီ၍ ရပ်ထားသော စက်ခေါင်းအမှတ် RBE-2540 (အင်ကြင်း-၂) သီလ၀ါ-ရန်ကုန်ရထား၏ နောက်တွဲအား ရွာသာကြီးဘက်မှ ရန်ကုန်သို့ မောင်းနှင်လာသော စက်ခေါင်းအမှတ် DD-918 (မင်းသား -၇) မြို့ပတ်ရထားမှ ၀င်တိုက်မိခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ခဲ့သည်။

အင်ကြင်း-၂ ရထားပေါ်ပါခရီးသည် ကျားသုံးဦး၊ မတစ်ဦးနှင့် မင်းသား-၇ မြို့ပတ်ရထား စက်ခေါင်းမောင်းသူ တို့တွင် ပေါက်ပြဲနာကျင်ဒဏ်ရာများ ရရှိခဲ့သည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သော အင်ကြင်း-၂ ပါခရီးသည် ကိုဥာဏ်မင်းသန့် (၃၂) နှစ်၊ ကိုနိုင်ဖြိုးဝေ (၂၁) နှစ်၊ ဦးသက်ပိုင် (၄၄)နှစ်၊ ဒေါ်ခင်ပြုံးလွင် (၄၆) နှစ်နှင့် မြို့ပတ်ရထားမောင်းသူ ဦးမူတူး (၆၀) နှစ်တို့ ရန်ကုန်ဆေးရုံကြီး အတွင်းလူနာ (မစိုးရိမ်ရ) များအဖြစ် ဆေးကုသမှုခံယူလျက်ရှိသည်။          

အဆိုပါမတော်တဆမှုကြောင့် ရထားတွဲများ လမ်းချော်သွားခဲ့ကြောင်းသိရပြီး စစ်ဆေးပြုပြင်မှုများ ပြုလုပ်နေ ကြောင်း သိရသည်။

"ရထားနှစ်စီးတိုက်မိတဲ့ဖြစ်စဉ် ကျွန်တော်တို့ဆီမှာ အမှုလာဖွင့်ထားတာ မရှိပါဘူး။ ထိခိုက်ဒဏ်ရာရသူ အနည်း ငယ်တော့ ရှိခဲ့ပါတယ်" ဟု မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းမှူး ဒုရဲမှူးသန်းဦးက ဇွန် ၂ ရက် ည ၈ နာရီခန့် က ပြောကြားခဲ့သည်။

Eleven Media Group

No comments:

Post a Comment