Tuesday 23 December 2014

တရုတ်နိုင်ငံရှိ ကမ္ဘာအကြီးဆုံး အဆောက်အအုံ ဖြစ်သော Century Global Center

တကယ်လို့သင်ဟာ ကမ္ဘာအကြီးဆုံးအဆောက်အအုံဟာ ဒူဘိုင်းမှာရှိတဲ့ နိုင်ငံတကာလေဆိပ်ဝင်ပေါက် ၃ လို့ ပြောရင် အရင်ကတော့ မှန်ပါတယ်။
၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှာတော့ တရုတ်နိုင်ငံကနေ Century Global Center ကို တည်ဆောက် လိုက်ပြီး ကမ္ဘာအကြီးဆုံးအဆောက်အအုံအဖြစ် မှတ်တမ်းဝင် သွားခဲ့ပါတယ်။ အဆိုပါ အဆောက်အအုံဟာ ချန်ဒူးမြို့မှာ တည်ရှိပြီး အဆိုပါ အဆောက်အအုံထဲမှာ ရေခဲစကိတ်စီးခြင်း ၊ ကြယ်ငါးပွင့်အဆင့်ဟိုတယ် ရှိခြင်းတို့ ပါဝင်ပါတယ်။

အဆိုပါအဆောက်အအုံဟာ မီတာ ၅၀၀ ရှည်ပြီး မီတာ ၄၀၀ ကျယ်ကာ မီတာ ၁၀၀ မြင့်ပါတယ်။ 

အကျယ်အ၀န်းကို ဥပမာခိုင်းနှိုင်းရရင် မိုနာကိုနိုင်ငံ အကျယ် အ၀န်းလောက် ရှိပါတယ်။ 

အံသြစရာကောင်းတာတွေကတော့ အဆောက်အအုံတစ်လုံးမှာကို ၁၉ မီလီယံစတုရန်ပေနဲ့ တည်ဆောက် ထားပြီး ရုံးခန်းများ ၊ ရှော့ပင်းစင်တာများ ၊ ရုပ်ရှင်ရုံများအပါအ၀င် အားကစားအနေနဲ့ Paradise Island တို့လိုမျိုး ထည့်သွင်းတည်ဆောက်ထားပါတယ်။ နောက်ထပ်ကတော့ ကမ်းခြေအတုကို ဖန်တီးထားပါတယ်။ အဆောက်အအုံထဲမှာ ၂၄ နာရီ ၇ ရက် ပတ်လုံး လင်းနေစေရန် နေရောင်အတုကို ဖန်တီးထားပါတယ်။

ref : googe , barcroft media
Yangon Media Group

No comments:

Post a Comment