Tuesday 23 December 2014

ဂျာမနီတွင် အစ္စလာမ်ဆန့်ကျင်ရေးဆန္ဒထုတ်ဖော်သူ စံချိန်တင် များပြား

Photo: ဂျာမနီတွင် အစ္စလာမ်ဆန့်ကျင်ရေးဆန္ဒထုတ်ဖော်သူ စံချိန်တင် များပြား
Tuesday, December 23, 2014

ဂျာမနီနိုင်ငံ ဒရက်စ်ဒန်မြို့တွင် ပြုလုပ်သော အစ္စလာမ်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ပွဲသို့ စံချိန်တင် လူ ၁၇၅၀၀ ခန့်ပါဝင် ခဲ့ကြသည်ဟု ရဲတပ်ဖွဲ့ ၏ခန့်မှန်းစာရင်းအရ သိရသည်။

ဆန္ဒထုတ်ဖော်သူများက ခရစ်စမတ်ကယ်ရိုသီးချင်းများ သီဆိုခြင်း၊ ပြည်ပမှရွှေ့ပြောင်းအခြေချသူများ၊ နိုင်ငံရေး ခိုလှုံသူ များနှင့် ပတ်သက်သည့် မိန့်ခွန်းများ နားဆင်ခြင်းတို့ ပြုလုပ်ခဲ့ကြသည်။

ဂျာမနီနိုင်ငံတွင် အပတ်စဉ်ဆန္ဒထုတ်ဖော်ပွဲကို အောက်တိုဘာလမှစတင်၍ “အနောက်နိုင်ငံများတွင် အစ္စလာမ်လွှမ်းမိုး ရန်ကြိုးစားမှု ဆန့်ကျင်သည့် မျိုးချစ်ဥရောပသားများအဖွဲ့”(Pegida) က လုပ်ဆောင်နေခြင်းဖြစ်ပြီး ယခုတပတ်တွင် တတ်ရောက်သူ စံချိန်တင်များပြားခဲ့သည်။

တင်္နလာနေ့က တန်ပြန်ဆန္ဒထုတ်ဖော်မှုအချို့ ရှိခဲ့ကြောင်းလည်း သိရသည်။
ဂျာမနီအဓိပတိ အန်ဂယ်လာမာကဲနှင့် အခြားဝါရင့်နိုင်ငံရေးသမားများကမူ Pegida ဆန္ဒထုတ်ဖော်ပွဲများကို ဝေဖန်ပြောဆို ထားသည်။

News Watch
ဂျာမနီနိုင်ငံ ဒရက်စ်ဒန်မြို့တွင် ပြုလုပ်သော အစ္စလာမ်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ပွဲသို့ စံချိန်တင် လူ ၁၇၅၀၀ ခန့်ပါဝင် ခဲ့ကြသည်ဟု ရဲတပ်ဖွဲ့ ၏ခန့်မှန်းစာရင်းအရ သိရသည်။

ဆန္ဒထုတ်ဖော်သူများက ခရစ်စမတ်ကယ်ရိုသီးချင်းများ သီဆိုခြင်း၊ ပြည်ပမှရွှေ့ပြောင်းအခြေချသူများ၊ နိုင်ငံရေး ခိုလှုံသူ များနှင့် ပတ်သက်သည့် မိန့်ခွန်းများ နားဆင်ခြင်းတို့ ပြုလုပ်ခဲ့ကြသည်။

ဂျာမနီနိုင်ငံတွင် အပတ်စဉ်ဆန္ဒထုတ်ဖော်ပွဲကို အောက်တိုဘာလမှစတင်၍ “အနောက်နိုင်ငံများတွင် အစ္စလာမ်လွှမ်းမိုးရန်ကြိုးစားမှု ဆန့်ကျင်သည့် မျိုးချစ်ဥရောပသားများအဖွဲ့”(Pegida) က လုပ်ဆောင် နေခြင်းဖြစ်ပြီး ယခုတပတ်တွင် တတ်ရောက်သူ စံချိန်တင်များပြားခဲ့သည်။

တင်္နလာနေ့က တန်ပြန်ဆန္ဒထုတ်ဖော်မှုအချို့ ရှိခဲ့ကြောင်းလည်း သိရသည်။ ဂျာမနီအဓိပတိ အန်ဂယ်လာ မာကဲ နှင့် အခြားဝါရင့်နိုင်ငံရေးသမားများကမူ Pegida ဆန္ဒထုတ်ဖော်ပွဲများကို ဝေဖန်ပြောဆို ထားသည်။

News Watch

No comments:

Post a Comment