Tuesday 23 December 2014

ရန်ကုန်တွင် ၁၃ထပ်နှင့်အထက် အထပ်မြင့်အဆောက်အအုံ ၇၀ခန့် တည်ဆောက်နေ

ရန်ကုန်မြို့တွင် ၁၃ထပ်နှင့် အထက် အထပ်မြင့်အဆောက်အအုံ စုစုပေါင်းအလုံးရေ ၇၀ခန့် တည်ဆောက် နေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီကဒီဇင်ဘာ ၂၂ရက် က သတင်းထုတ်ပြန် သည်။

အဆိုပါ ၁၃ထပ်နှင့်အထက် အဆောက်အအုံများတွင် ဗီယက် နမ်၏ ရင်းနှီးမြှုပ်နှံမှုဖြစ်သော ဟောင်အင်းဂရီလာစီမံကိန်း၊ရွှေ တောင်ကုမ္ပဏီပိုင် ဂျန်းရှင်းစကွဲ စင်တာရှေ့ရှိ ကွန်ဒိုစီမံကိန်းများ၊ ဗိုလ်ချုပ် အောင်ဆန်းလမ်းမပေါ်ရှိ အေးရှားဝေါကုမ္ပဏီက တည်ဆောက်မည့် ၃၂ထပ်အဆောက် အအုံများ အပါအ၀င် သန်လျင်မြို့ နယ်ရှိ ကြယ်စင်အိမ်ရာစီမံကိန်း Zone C အစရှိသော ရန်ကုန်၏ ထင်သာမြင် သာသော အဆောက် အအုံများပါဝင်လာသည်။

ရန်ကုန်တွင် ၁၃ထပ်နှင့်အ ထက် ဆောက်လုပ်ခွင့်ရရှိထား သော အထပ်မြင့်အဆောက်အအုံ များတွင် အနိမ့်ဆုံး ၁၄ထပ်မှ အ မြင့်ဆုံးအထပ်အရေအတွက်မှာ ၃၂ထပ်အထိ တည်ဆောက်နေ ကြသည်။ ‘‘အများ ပြည်သူပိုင် မြေတွေ ကို လွဲမှားစွာအသုံးချပြီး ဈေးဝယ် စင်တာတွေ၊ ကွန်ဒိုတွေဆောက် နေတာကတော့ မဖြစ်သင့်တော့ ဘူး’’ဟု မြို့ပြစီမံကိန်းပညာရှင်ဦး မြင့်ဆွေကဝေဖန်သည်။

ရန်ကုန်တွင်အထပ်မြင့်၊ အထပ်နိမ့်အဆောက်အအုံစုစု ပေါင်း ၄၈၀၀ကျော်ကို ၁၀လအ တွင်း ခွင့်ပြုထားပြီး ယခုနှစ်သည် အထပ်မြင့်အဆောက်အအုံတည် ဆောက်မှုအများဆုံးနှစ်တစ်နှစ် ဖြစ်ကြောင်း ရန်ကုန် မြို့တော်စည် ပင်သာယာရေးကော်မတီက ခန့် မှန်းထားသည်။

7Day DAILY

No comments:

Post a Comment