Tuesday 23 December 2014

၂၀၁၄ မတ်လနောက်ပိုင်း ဝင်ငွေခွန်အများဆုံး ပေးဆောင်ထားသည့် ပြည်တွင်းပြည်ပကုမ္ပဏီ ၁၈၅ ခု ရှိ

၂၀၁၃-၁၄ စည်းကြပ်နှစ်၊ မတ်လ ၃၀ ရက်နောက်ပိုင်း ဝင်ငွေခွန်အများဆုံး ထမ်းဆောင်ထားသည့် ပြည် တွင်း၊ ပြည်ပ ကုမ္ပဏီ/လုပ်ငန်း ၁၈၅ ခုရှိသည်ဟု ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

၂၀၁၄ ခုနှစ်၊ မတ်လ ၃၁ ရက် နောက်ပိုင်းတွင် ဝင်ငွေခွန်အများဆုံး ထမ်းဆောင်ထားသည့် မြန်မာ လုပ်ငန်းရှင်/ကုမ္ပဏီ ၁၇၇ ဦးရှိပြီး ကျပ်သန်း ၂၀၀၀ အောက် ဝင်ငွေခွန်အများဆုံး ထမ်းဆောင်ထားသည့် ကုမ္ပဏီများစာရင်းတွင် Information Technology Services ကုမ္ပဏီ၊ Associate of Civil Engineering ကုမ္ပဏီစသည့် လုပ်ငန်း နှစ်ခုပါဝင်သည်။

ကျပ်သန်း ၆၀၀ အောက်စာရင်းတွင် ကုမ္ပဏီတစ်ခု၊ ကျပ်သန်း ၄၀၀ အောက်တွင် ကုမ္ပဏီ သုံးခု၊ ကျပ် သန်း ၃၀၀ အောက်တွင် ကုမ္ပဏီ လေးခု၊ ကျပ်သန်း ၂၀၀ အောက်မှ ကျပ်သန်း ၅၀ အောက်အထိ ကုမ္ပဏီ ပေါင်း ၁၆၇ ခု ပါဝင်သည်။

မတ်လ ၃၁ ရက်နောက်ပိုင်း ဝင်ငွေခွန်အများဆုံး ပေးဆောင်ထားသည့် နိုင်ငံခြားကုမ္ပဏီ ရှစ်ခုရှိပြီး ကျပ်သန်း ၄၀၀ အောက် စာရင်းတွင် PRA-FMI Pansea Hotel Development ကုမ္ပဏီတစ်ခုသာ ပါဝင်ကာ ကျပ်သန်း ၂၀၀ အောက်တွင် ကုမ္ပဏီ တစ်ခု၊ ကျပ်သန်း ၁၀၀ အောက်တွင် ကုမ္ပဏီ သုံးခု၊ ကျပ်သန်း ၅၀ အောက်တွင် ကုမ္ပဏီ သုံးခုတို့ အခွန်အများဆုံး ထမ်းဆောင်ထားသည်။

ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ထမ်းဆောင်ထားသည့် ပြည်တွင်းကုမ္ပဏီ ၁၃၇ ခု ရှိပြီး ကျပ်သန်း ၈၀၀ အောက်စာရင်းတွင် Kian Ho ကုမ္ပဏီနှင့် LM Jewellery ကုမ္ပဏီ နှစ်ခုပါဝင်သည်။ ကျပ်သန်း ၆၀၀ အောက် စာရင်းတွင် ကုမ္ပဏီတစ်ခု၊ ကျပ်သန်း ၅၀၀ အောက်တွင် ကုမ္ပဏီ သုံးခု၊ ကျပ်သန်း ၄၀၀ အောက် မှ ကျပ်သန်း ၅၀ အောက်အတွင်း ကုမ္ပဏီ ၁၃၁ ခု ပါဝင်သည်။

ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ပေးဆောင်သူ နိုင်ငံခြားကုမ္ပဏီများ စာရင်းတွင် ကျပ်သန်း ၄၀ အောက် ဖြင့် အများဆုံး အခွန်ထမ်းဆောင် ထားသည့် ကုမ္ပဏီ နှစ်ခုရှိပြီး Myanmar Vineyard Estate ကုမ္ပဏီ၊ Myanmar DCR ကုမ္ပဏီတို့မှ ထမ်းဆောင်ထားခြင်းဖြစ်သည်။

ဒီဇင်ဘာ ၂၂ ရက်တွင် ပြည်တွင်းအခွန်များဦးစီးဌာနမှ ဝင်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ထမ်းဆောင်ထားသည့် ပြည်တွင်း ကုမ္ပဏီ/လုပ်ငန်းရှင် ၁၀၀၀ စာရင်း၊ ဝင်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် အများဆုံးထမ်းဆောင်ထားသည့် နိုင်ငံခြားကုမ္ပဏီများ စာရင်းတို့ကို ထုတ်ပြန်ခဲ့ပြီး ဒီဇင်ဘာ ၂၃ ရက်တွင် ၂၀၁၃-၁၄ စည်းကြပ်နှစ်၊ မတ်လ ၃၁ ရက်နောက်ပိုင်း ဝင်ငွေခွန်၊ ကုန်သွယ်ခွန် အများဆုံးထမ်းဆောင် ထားသည့် ပြည်တွင်းပြည်ပကုမ္ပဏီများ စာရင်းကို ဆက်လက်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

Mizzima - News in Burmese 

No comments:

Post a Comment