Tuesday 23 December 2014

ထိုင်းနိုင်ငံဘက်မှ ဒုက္ခရောက်လာသူ သားသည်မိခင်အား နေရပ်ပြန်နိုင်ရေးအတွက် တာချီလိတ်ဒေသခံများက ကူညီ

Photo: ထိုင်းနိုင်ငံဘက်မှ ဒုက္ခရောက်လာသူ သားသည်မိခင်အား နေရပ်ပြန်နိုင်ရေးအတွက် တာချီလိတ်ဒေသခံများက ကူညီ
Tuesday, December 23, 2014

အမျိုးသမီးတစ်ဦး ထိုင်းနိုင်ငံအတွင်း တရားမ၀င် ၀င်ရောက်နေထိုင်မှုနှင့် မယ်ဟုတ်ဆောင်အချုပ်တွင် ကိုယ်ဝန်ဆောင်ဖြင့် အချုပ်ကျရာမှ ကလေးမွေးပြီးပြန်လည်လွတ်မြောက်လာရာ တာချီလိတ်မြို့ တာလော့ဈေးအတွင်း ကလေးငယ်ဖြင့် ဒုက္ခရောက်နေသည်ကို အမြင်မတော်သဖြင့် မြို့သူ/သားများနှင့် လူမှုရေးအသင်းအဖွဲ့များနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ ကူညီမှုဖြင့် နေရပ်ပြန်နိုင်ခဲ့သည်။

“ကျွန်တော်လည်း ဈေးရောင်းရင်း သနားစရာ အမြင်မတော်လို့ အုပ်ချုပ်ရေးမှူးရုံးပို့ပေးခဲ့တာ ကလေးက ငယ်ငယ်လေးနဲ့ ထိုင်းနိုင်ငံ အချုပ်က လွတ်လာတာလို့ပြောတယ်၊ ဖမ်းခံရတုန်းက ကိုယ်ဝန်နဲ့ အချုပ်လွတ်တဲ့နေ့ မွေးတာဘဲတဲ့”ဟု ဈေးသည်တစ်ဦးမှပြောသည်။

ဈေးသည်တစ်ဦးမှ တာလော့ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ပို့ဆောင်ပေးခဲ့သော မိခင် မနီနီဝင်းနှင့် သားလေး မောင်အောင်ဇော်ဦးအား မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ (CNCMC)အဖွဲ့ဝင် ဦးအောင်ဖြိုးရှိန်သို့ အကြောင်းကြားခဲ့သဖြင့် ၎င်းမှတဆင့် မဇ္ဈိမလူမှုကူညီရေးအသင်းသို့ အကြောင်းကြားခဲ့ပြီး လိုအပ်သည့် ငွေကြေးနှင့် ခရီးစရိတ်များကို ထောက်ပံ့ပေးခဲ့သည်။

“ကျွန်မ ထိုင်းနိုင်ငံကိုရောက်တာ (၂)နှစ်လောက်ရှိပြီ နောက်တစ်ခါဘယ်တော့မှ မလာတော့ပါဘူး အထင်ကြီးပြီးလာခဲ့တာ အခုလို အားလုံးကူညီကြလို့ အရမ်းဝမ်းသာတာဘဲ၊ ဘာဆက်လုပ်ရမှန်းမသိတဲ့ အခြေအနေမှာ မထင်မှတ်ဘဲ ဒီလိုအကူညီတွေရခဲ့လို့ ပြောမပြတတ်အောင် ၀မ်းသာပါတယ်”ဟု မနီနီဝင်းမှပြောသည်။

နေရပ်ပြန်ရန် အခက်အခဲဖြစ်နေသော မနီနီဝင်းတို့ သားအမိအား ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်းမှ ခရီးစရိတ် (၆၀၀၀၀)ကျပ်၊ တာလော့ဈေးသည် တစ်ဦးမှ (၄၀၀၀၀)ကျပ်၊ အခြားသော မြို့သူ/သားများမှ (၅၀၀၀၀)ကျပ်နှင့် မဇ္ဈိမလူမှုကူညီရေး(တာချီလိတ်)မှ (၅၀၀၀၀)ကျပ် ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ဒီဇင်ဘာလ(၂၃)ရက် နံနက်ပိုင်းမှာ ဒို့ညီနောင်လိုင်းကားဖြင့် မြောင်းမြမြို့နယ်၊ ကြံခင်းကျေးရွာသို့ ပြန်သွားကြောင်း သိရှိရသည်။

သတင်း ။ ။ မင်းသုတ
Tachileik Online News
အမျိုးသမီးတစ်ဦး ထိုင်းနိုင်ငံအတွင်း တရားမ၀င်ဝင်ရောက်နေထိုင်မှုနှင့် မယ်ဟုတ်ဆောင်အချုပ်တွင် ကိုယ်ဝန်ဆောင်ဖြင့် အချုပ်ကျရာမှ ကလေးမွေးပြီးပြန်လည်လွတ်မြောက်လာရာ တာချီလိတ်မြို့ တာလော့ ဈေးအတွင်း ကလေးငယ်ဖြင့် ဒုက္ခရောက်နေသည်ကို အမြင်မတော်သဖြင့် မြို့သူ/သားများနှင့် လူမှုရေး အသင်းအဖွဲ့များနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ ကူညီမှုဖြင့် နေရပ်ပြန်နိုင်ခဲ့သည်။

“ကျွန်တော်လည်း ဈေးရောင်းရင်း သနားစရာ အမြင်မတော်လို့ အုပ်ချုပ်ရေးမှူးရုံးပို့ပေးခဲ့တာ ကလေးက ငယ်ငယ်လေးနဲ့ ထိုင်းနိုင်ငံ အချုပ်က လွတ်လာတာလို့ပြောတယ်၊ ဖမ်းခံရတုန်းက ကိုယ်ဝန်နဲ့ အချုပ်လွတ် တဲ့နေ့ မွေးတာဘဲတဲ့”ဟု ဈေးသည်တစ်ဦးမှပြောသည်။

ဈေးသည်တစ်ဦးမှ တာလော့ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ပို့ဆောင်ပေးခဲ့သော မိခင် မနီနီဝင်းနှင့် သား လေး မောင်အောင်ဇော်ဦးအား မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသား များအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ (CNCMC)အဖွဲ့ဝင် ဦးအောင်ဖြိုးရှိန်သို့ အကြောင်းကြားခဲ့သဖြင့် ၎င်းမှတဆင့် မဇ္ဈိမလူမှုကူညီရေးအသင်းသို့ အကြောင်းကြားခဲ့ပြီး လိုအပ်သည့် ငွေကြေးနှင့် ခရီးစရိတ်များကို ထောက်ပံ့ပေးခဲ့သည်။

“ကျွန်မ ထိုင်းနိုင်ငံကိုရောက်တာ (၂)နှစ်လောက်ရှိပြီ နောက်တစ်ခါဘယ်တော့မှ မလာတော့ပါဘူး အထင် ကြီးပြီးလာခဲ့တာ အခုလိုအားလုံးကူညီကြလို့ အရမ်းဝမ်းသာတာဘဲ၊ ဘာဆက်လုပ်ရမှန်းမသိတဲ့ အခြေအနေ မှာ မထင်မှတ်ဘဲ ဒီလိုအကူညီတွေရခဲ့လို့ ပြောမပြတတ်အောင် ၀မ်းသာပါတယ်”ဟု မနီနီဝင်းမှပြောသည်။

နေရပ်ပြန်ရန် အခက်အခဲဖြစ်နေသော မနီနီဝင်းတို့ သားအမိအား ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်းမှ ခရီးစရိတ် (၆၀၀၀၀)ကျပ်၊ တာလော့ဈေးသည် တစ်ဦးမှ (၄၀၀၀၀)ကျပ်၊ အခြားသော မြို့သူ/သားများမှ (၅၀၀၀၀)ကျပ်နှင့် မဇ္ဈိမလူမှုကူညီရေး(တာချီလိတ်)မှ (၅၀၀၀၀)ကျပ် ထောက်ပံ့ ပေးအပ်ခဲ့ကြပြီး ဒီဇင်ဘာလ(၂၃)ရက် နံနက်ပိုင်းမှာ ဒို့ညီနောင်လိုင်းကားဖြင့် မြောင်းမြမြို့နယ်၊ ကြံခင်း ကျေးရွာ သို့ ပြန်သွားကြောင်း သိရှိရသည်။

သတင်း ။ ။ မင်းသုတ
Tachileik Online News

No comments:

Post a Comment