Tuesday 23 December 2014

ကြက်ခြေနီတပ်ဖွဲ့ဝင်များသည် လုံခြုံရေး အရန်အင်အား မဟုတ်ဟု ကြက်ခြေနီအသင်းဥက္ကဋ္ဌပြော

Photo: ကြက်ခြေနီတပ်ဖွဲ့ဝင်များသည် လုံခြုံရေး အရန်အင်အား မဟုတ်ဟု ကြက်ခြေနီအသင်းဥက္ကဋ္ဌပြော
Tuesday, December 23, 2014

ကြက်ခြေနီတပ်ဖွဲ့ဝင် များသည် နိုင်ငံတော်၏လူမှုကရု ဏာလုပ်ငန်းများ ဆောင်ရွက် မည့် အရန်အင်အားသာဖြစ်ပြီး လုံခြုံ ရေးအတွက် အရန်အင်အားများ မဟုတ်ကြောင်း မြန်မာနိုင်ငံကြက် ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာ သာလှရွှေကဆိုသည်။

‘‘တစ်ကမ္ဘာလုံးမှာ ကြက်ခြေ နီနဲ့ လခြမ်းနီအသင်းတွေအကုန် လုံးရဲ့ အရန်အင်အားဆိုတဲ့ အ ချက် သက်ဆိုင်ရာနိုင်ငံအစိုးရ တွေရဲ့ လူမှုကရုဏာလုပ်ငန်းအ ရန်အင်အားတွေပဲဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး သက်ဆိုင်ရာလူ ကြီးတွေကို တင်ပြပြီးဖြေရှင်းနိုင်ဖို့ ဆောင်ရွက်နေပါတယ်’’ဟု ဒေါက်တာသာလှရွှေက ဒီဇင်ဘာ ၂၀ တွင်ပြုလုပ်သော ကြက်ခြေနီမိုဘိုင်းအပလီကေးရှင်းမိတ်ဆက်ပွဲတွင် ထည့်သွင်းပြောကြားသည်။
ယခင်အစိုးရလက်ထက်က ကြက်ခြေနီတပ်ဖွဲ့ဝင်များကို နိုင် ငံတော်၏ အရန်အင်အားဟုသတ် မှတ်ပြီး တပ်မတော်နေ့၊စစ်ရေးပြ အခမ်းအနားများ၌ ထည့်သွင်း ထားခြင်းနှင့်ပတ်သက်ပြီး နိုင်ငံ တော်၏ လုံခြုံရေးအရန်အင်အား အနေဖြင့် ပြည်တွင်းမီဒီယာအချို့ ၏ သရုပ်ဖော်ကာတွန်းအချို့တွင် မှားယွင်းဖော်ပြမှုများရှိနေသည့် အတွက် ပြည်သူများ၏အမြင်တွင် လွဲမှားမှုများရှိနိုင်ကြောင်း မြန်မာ နိုင်ငံကြက်ခြေနီအသင်းမှ တာဝန် ခံတစ်ဦးကဆိုသည်။

‘‘နိုင်ငံတိုင်းမှာလည်း ဘယ် ၀န်ကြီးဌာနကမှ သိန်းချီတဲ့ဝန်ထမ်း တွေမခန့်နိုင်ပါဘူး။ ကြက်ခြေနီ (သို့)လခြမ်းနီအသင်းတွေကအဲဒီ အတွက် အရန်အင်အားအနေနဲ့ ဆောင်ရွက်ရပါတယ်။ အဲဒီအရန် အင်အားကို လုံခြုံရေးရဲ့အရန် အင်အားနဲ့ မှားပြီးတော့ ဖော်ပြကြတာတွေလည်းရှိပါတယ်’’ဟု မြန်မာနိုင်ငံကြက်ခြေနီအသင်း လူမှုကရုဏာဆိုင်ရာပြန်ကြား ဆက်သွယ်ရေးဌာန ညွှန်ကြားရေးမှူးဒေါ်ရွှေစင်မြင့်ကရှင်းပြသည်။
နိုင်ငံတော်စစ်ရေးပြအခမ်း အနားကျင်းပရာတွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအနေဖြင့် နှစ် စဉ်လူ ၃၈၀ကျော်၊ ၄၀၀နီးပါးပြည့် မီစေရန် ထည့်သွင်းပေးနေရသည့် အတွက် သတ်မှတ်ထားသည့် လူ ဦးရေပြည့်မီစေရန် လုပ်ဆောင်နေ ရသည်မှာလည်း တာဝန်တစ်ခုလို ဖြစ်နေကြောင်း ကြက်ခြေနီအဖွဲ့ ၀င်အချို့ကဆိုသည်။

စစ်ရေးပြအခမ်းအနားသို့ သွားရောက်နိုင်ရန် သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းတို့မှ ကြက်ခြေ နီအဖွဲ့ဝင်တစ်ဦးလျှင် ကျပ်တစ် သိန်းခွဲနှုန်းထောက်ပံ့ပေးရပြီး စစ် ရေးပြအခမ်းအနားသို့တစ်ကြိမ် သွားလျှင်သုံးလကြာလေ့ကျင့်ရ ၍ တပ်မတော်စစ်ရေးပြ အခမ်းအနားတွင် ပါဝင်လိုသူမရှိသည့်အတွက် သတ်မှတ်ထားသည့် လူမလွှတ်နိုင်သည့်မြို့နယ်များ၌ လူအရေအတွက်ပြည့်မီစေရန် နှစ်စဉ် လူငှား၍ ထည့်သွင်းနေရကြောင်းသတင်းရရှိသည်။

7Day DAILY

စစ်ရေးပြအခမ်းအနား ကျင်းပနေစဉ် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
စစ်ရေးပြအခမ်းအနား ကျင်းပနေစဉ် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
ကြက်ခြေနီတပ်ဖွဲ့ဝင် များသည် နိုင်ငံတော်၏လူမှုကရု ဏာလုပ်ငန်းများ ဆောင်ရွက် မည့် အရန်အင်အား သာဖြစ်ပြီး လုံခြုံရေးအတွက် အရန်အင်အားများ မဟုတ်ကြောင်း မြန်မာနိုင်ငံကြက် ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာ သာလှရွှေကဆိုသည်။

‘‘တစ်ကမ္ဘာလုံးမှာ ကြက်ခြေ နီနဲ့ လခြမ်းနီအသင်းတွေအကုန် လုံးရဲ့ အရန်အင်အားဆိုတဲ့ အချက် သက်ဆိုင်ရာ နိုင်ငံအစိုးရ တွေရဲ့ လူမှုကရုဏာလုပ်ငန်းအ ရန်အင်အားတွေပဲဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး သက်ဆိုင်ရာလူ ကြီးတွေကို တင်ပြပြီးဖြေရှင်းနိုင်ဖို့ ဆောင်ရွက်နေပါတယ်’’ဟု ဒေါက်တာသာလှရွှေက ဒီဇင်ဘာ ၂၀ တွင်ပြုလုပ်သော ကြက်ခြေနီမိုဘိုင်းအပလီကေးရှင်းမိတ်ဆက်ပွဲတွင် ထည့်သွင်းပြောကြား သည်။ 

ယခင်အစိုးရလက်ထက်က ကြက်ခြေနီတပ်ဖွဲ့ဝင်များကို နိုင် ငံတော်၏ အရန်အင်အားဟုသတ် မှတ်ပြီး တပ်မတော်နေ့၊စစ်ရေးပြ အခမ်းအနားများ၌ ထည့်သွင်း ထားခြင်းနှင့်ပတ်သက်ပြီး နိုင်ငံ တော်၏ လုံခြုံရေးအရန်အင်အားအနေဖြင့် ပြည်တွင်းမီဒီယာအချို့ ၏ သရုပ်ဖော်ကာတွန်းအချို့တွင် မှားယွင်း ဖော်ပြမှုများရှိနေသည့် အတွက် ပြည်သူများ၏အမြင်တွင် လွဲမှားမှုများရှိနိုင်ကြောင်း မြန်မာ နိုင်ငံကြက်ခြေနီ အသင်းမှ တာဝန် ခံတစ်ဦးကဆိုသည်။

‘‘နိုင်ငံတိုင်းမှာလည်း ဘယ် ၀န်ကြီးဌာနကမှ သိန်းချီတဲ့ဝန်ထမ်း တွေမခန့်နိုင်ပါဘူး။ ကြက်ခြေနီ (သို့)လခြမ်းနီအသင်းတွေကအဲဒီ အတွက် အရန်အင်အားအနေနဲ့ ဆောင်ရွက်ရပါတယ်။ အဲဒီအရန် အင်အားကို လုံခြုံရေးရဲ့အရန် အင်အားနဲ့ မှားပြီးတော့ ဖော်ပြကြတာတွေလည်းရှိပါတယ်’’ဟု မြန်မာနိုင်ငံကြက်ခြေနီ အသင်း လူမှုကရုဏာဆိုင်ရာပြန်ကြား ဆက်သွယ်ရေးဌာန ညွှန်ကြားရေးမှူးဒေါ်ရွှေစင်မြင့်ကရှင်းပြသည်။ 

နိုင်ငံတော်စစ်ရေးပြအခမ်း အနားကျင်းပရာတွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအနေဖြင့် နှစ်စဉ်လူ ၃၈၀ကျော်၊ ၄၀၀နီးပါးပြည့်မီစေရန် ထည့်သွင်းပေးနေရသည့်အတွက် သတ်မှတ်ထားသည့် လူဦးရေ ပြည့်မီစေရန် လုပ်ဆောင်နေ ရသည်မှာလည်း တာဝန်တစ်ခုလို ဖြစ်နေကြောင်း ကြက်ခြေနီအဖွဲ့ဝင် အချို့ကဆိုသည်။

စစ်ရေးပြအခမ်းအနားသို့ သွားရောက်နိုင်ရန် သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းတို့မှ ကြက်ခြေ နီအဖွဲ့ဝင် တစ်ဦးလျှင် ကျပ်တစ် သိန်းခွဲနှုန်းထောက်ပံ့ပေးရပြီး စစ်ရေးပြအခမ်းအနားသို့တစ်ကြိမ် သွားလျှင် သုံးလကြာလေ့ကျင့်ရ၍ တပ်မတော်စစ်ရေးပြ အခမ်းအနားတွင် ပါဝင်လိုသူမရှိသည့်အတွက် သတ်မှတ် ထားသည့် လူမလွှတ်နိုင်သည့်မြို့နယ်များ၌ လူအရေအတွက်ပြည့်မီစေရန် နှစ်စဉ် လူငှား၍ ထည့်သွင်းနေရ ကြောင်းသတင်းရရှိသည်။

7Day DAILY

No comments:

Post a Comment