Tuesday 23 December 2014

ယာဉ်ရပ်နား နေရာရှိကြောင်း ထောက်ခံချက်သည် အဂတိလိုက်စားမှုများ ဖြစ်လာစေနိုင်ဟု ဆို

Photo: ယာဉ်ရပ်နား နေရာရှိကြောင်း ထောက်ခံချက်သည် အဂတိလိုက်စားမှုများ ဖြစ်လာစေနိုင်ဟု ဆို
Tuesday, December 23, 2014

ကားတင်သွင်းရန် ယာဉ်ရပ်နားရန် နေရာကားပါကင် (Car Parking) ရှိကြောင်း ထောက်ခံချက်ပုံစံ၏ များလွန်းသော သတ်မှတ်ချက်များကြောင့် ကားဈေးကွက် အပေါ် ထိခိုက်နိုင်မှုမရှိသော်လည်း အဂတိလိုက် စားမှုများစွာရှိလာနိုင်သည်ဟု ပြည်တွင်း ကား ဝယ်၊ ရောင်းလုပ်ငန်းရှင်များက ဒီဇင်ဘာ ၂၂ ရက်တွင် မှတ်ချက်ပေးပြောကြားသည်။

ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့သည့် ပြဿနာကို အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍတို့ ပူးပေါင်းကာ အဖြေရှာဆွေးနွေးလျက်ရှိသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်ထောင်စုစာရင်းဖြင့် နေထိုင်သူများသည် ယာဉ်ရပ်နားရန်နေရာရှိကြောင်း ထောက်ခံချက်ပုံစံပြနိုင်မှသာ ကားတင်သွင်းခွင့်ရရှိ တော့မည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့က ဒီဇင်ဘာ ၁၈ ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။ ၎င်းထုတ်ပြန်ချက်နှင့် အတူ ထောက်ခံချက် ပုံစံတွင် သတ်မှတ်ချက်များစွာ ထည့်သွင်းထားခြင်းအပေါ် ကားဝယ်ရောင်းများက မှတ်ချက်ပြုပြောလိုက်ခြင်း ဖြစ်သည်။

ကားတင်သွင်းရောင်းချသူတစ်ဦးဖြစ်သူ ဦးအောင်ဇော်ဦး(အရည်ကြို)က “အခက်အခဲက ရန်ကုန်တစ်ခုတည်းပဲ ဖြစ်မှာဆိုတော့ ကားဈေးကွက် ထိခိုက်နိုင်တဲ့အထိ မဖြစ်ပါဘူး။ ကျန်တဲ့တိုင်းဒေသ ဝယ်လိုအားက ရှိနေမှာပဲ။ ဒါပေမဲ့ ရန်ကုန်မှာလည်း ဝယ်လို့ရအောင် လုပ်လာကြမှာဆိုတော့ အပေးအယူကိစ္စ (အဂတိ လိုက်စားမှု) တွေက အများကြီးဖြစ်လာစေမှာပဲ” ဟု ပြောသည်။

ကားရပ်နားရာနေရာရှိကြောင်း ထောက်ခံချက်ပုံစံတွင် လျှောက်ထားသူ၏ နေရပ်လိပ်စာသည် သက်ဆိုင်ရာ လဝကမှ တရားဝင် ထုတ်ပေးသော အိမ်ထောင်စုစာရင်းတွင် ပါဝင်သည့် လိပ်စာဖြစ်ရမည်ဟု ပါရှိသည်။ ၎င်းတစ်ချက်တည်းကပင် ရန်ကုန်မြို့ တွင် ရွှေ့ပြောင်းနေထိုင်သည့် နယ်ဒေသ အိမ်ထောင်စုစာရင်း ကိုင်ထားသူများ အခက်အခဲရှိလာမည်ဖြစ်သည်။

အဆိုပြုနေရာသည် ကိုယ်ပိုင်မြေပေါ်ရှိ ၀င်းခြံအတွင်းဖြစ်ရမည်။ ကွန်ဒိုအခန်းများ ဖြစ်ပါက ကားရပ်နားရန် သီးသန့်သတ်မှတ် ထားသောနေရာဖြစ်ရမည်။ ကားရပ်နား နေရာမပါသော တိုက်ခန်းများ၊ စည်ပင်သာယာ ပိုင်သောလမ်းနှင့် မြေများ၊ အများပြည်သူအသုံးပြုရန် သတ်မှတ်ထားသော နေရာများကို လျှောက်ထား ခွင့်ရမည်မဟုတ်ဟုလည်း သတ်မှတ်ထားသည်။

လျှောက်ထားမှု မြေနေရာအကျယ် အဝန်းမှာလည်း ဆလွန်းကား၊ ဗင်ကား၊ မီနီဝက်ဂွန်များ ဖြစ်ပါက အလျား ၁၅ ပေနှင့် အနံ ရှစ်ပေအကျယ် ရှိရမည်ဖြစ်သည်။ ဝက်ဂွန်၊ Hatch Back ၊ ပစ်ကပ်၊ လိုက်ထရပ် ကားများဖြစ်ပါက အလျားပေ ၂၀ နှင့် အနံ ၁၀ ပေရှိရမည်ဖြစ်သည်။ ၎င်းမြေနေရာ နှစ်မျိုးစလုံးမှာ ကားမောင်းနှင် ဝင်ထွက်နိုင်သည့် နေရာဖြစ်ရမည်ဟု စည်းကမ်းသတ်မှတ်ထားသည်။

မြန်မာနိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်၊ တင်သွင်း၊ ဖြန့်ဖြူးရောင်းချသူများအသင်းမှ ဦးမိုးကျော်စွာက “ကား ဝယ်ဖို့အတွက်က တကယ် ခက်သွားမှာပါ။ ခက်အောင်လည်း တမင်တကာလုပ်ထားတာဖြစ်တော့ ခက်သွားမှာပါပဲ။ ဒါကြီးက တကယ်ရော အဆင်ပြေတဲ့ နည်းလမ်းဟုတ်ရဲ့လားဆိုတာတော့ ကြိုမပြောနိုင်ဘူး” ဟု ဆိုသည်။

ကားတင်သွင်းခွင့်ပြုခဲ့ချိန်မှ ၂၀၁၄ ခုနှစ် နိုဝင်ဘာလအထိ စုစုပေါင်း ကားအရေအတွက် ၃၈၀,၀၀၀ ကျော် တင်သွင်းခွင့်ပြု ထားခဲ့ပြီးဖြစ်သည်။

Mizzima - News in Burmese 

ယာဉ်ကြောပိတ်ဆို့လျက်ရှိသည့် ရန်ကုန်မြို့တွင်း တစ်နေရာကို တွေ့ရစဉ်။ (ဓာတ်ပုံ - သက်ကို၊ မဇ္ဈိမ)
ယာဉ်ကြောပိတ်ဆို့လျက်ရှိသည့် ရန်ကုန်မြို့တွင်း တစ်နေရာကို တွေ့ရစဉ်။ (ဓာတ်ပုံ - သက်ကို၊ မဇ္ဈိမ) 
ကားတင်သွင်းရန် ယာဉ်ရပ်နားရန် နေရာကားပါကင် (Car Parking) ရှိကြောင်း ထောက်ခံချက်ပုံစံ၏ များလွန်းသော သတ်မှတ်ချက်များကြောင့် ကားဈေးကွက် အပေါ် ထိခိုက်နိုင်မှုမရှိသော်လည်း အဂတိလိုက် စားမှုများစွာရှိလာနိုင်သည်ဟု ပြည်တွင်း ကား ဝယ်၊ ရောင်းလုပ်ငန်းရှင်များက ဒီဇင်ဘာ ၂၂ ရက်တွင် မှတ်ချက်ပေးပြောကြားသည်။

ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့သည့် ပြဿနာကို အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍတို့ ပူးပေါင်းကာ အဖြေရှာ ဆွေးနွေးလျက်ရှိသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်ထောင်စုစာရင်းဖြင့် နေထိုင်သူများသည် ယာဉ်ရပ်နားရန်နေရာ ရှိကြောင်း ထောက်ခံချက်ပုံစံပြနိုင်မှသာ ကားတင်သွင်းခွင့်ရရှိ တော့မည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့က ဒီဇင်ဘာ ၁၈ ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။ ၎င်းထုတ်ပြန်ချက်နှင့် အတူ ထောက်ခံချက် ပုံစံတွင် သတ်မှတ်ချက်များစွာ ထည့်သွင်းထားခြင်းအပေါ် ကားဝယ်ရောင်းများက မှတ်ချက်ပြုေ ပြာလိုက် ခြင်း ဖြစ်သည်။

ကားတင်သွင်းရောင်းချသူတစ်ဦးဖြစ်သူ ဦးအောင်ဇော်ဦး(အရည်ကြို)က “အခက်အခဲက ရန်ကုန်တစ်ခု တည်းပဲ ဖြစ်မှာဆိုတော့ ကားဈေးကွက် ထိခိုက်နိုင်တဲ့အထိ မဖြစ်ပါဘူး။ ကျန်တဲ့တိုင်းဒေသ ဝယ်လိုအားက ရှိနေမှာပဲ။ ဒါပေမဲ့ ရန်ကုန်မှာလည်း ဝယ်လို့ရအောင် လုပ်လာကြမှာဆိုတော့ အပေးအယူကိစ္စ (အဂတိ လိုက်စားမှု) တွေက အများကြီးဖြစ်လာစေမှာပဲ” ဟု ပြောသည်။

ကားရပ်နားရာနေရာရှိကြောင်း ထောက်ခံချက်ပုံစံတွင် လျှောက်ထားသူ၏ နေရပ်လိပ်စာသည် သက်ဆိုင် ရာ လဝကမှ တရားဝင် ထုတ်ပေးသော အိမ်ထောင်စုစာရင်းတွင် ပါဝင်သည့် လိပ်စာဖြစ်ရမည်ဟု ပါရှိသည်။ ၎င်းတစ်ချက်တည်းကပင် ရန်ကုန်မြို့ တွင် ရွှေ့ပြောင်းနေထိုင်သည့် နယ်ဒေသ အိမ်ထောင်စု စာရင်း ကိုင်ထားသူများ အခက်အခဲရှိလာမည်ဖြစ်သည်။

အဆိုပြုနေရာသည် ကိုယ်ပိုင်မြေပေါ်ရှိ ၀င်းခြံအတွင်းဖြစ်ရမည်။ ကွန်ဒိုအခန်းများ ဖြစ်ပါက ကားရပ်နားရန် သီးသန့်သတ်မှတ် ထားသောနေရာဖြစ်ရမည်။ ကားရပ်နား နေရာမပါသော တိုက်ခန်းများ၊ စည်ပင်သာယာ ပိုင်သောလမ်းနှင့် မြေများ၊ အများပြည်သူအသုံးပြုရန် သတ်မှတ်ထားသော နေရာများကို လျှောက်ထား ခွင့်ရမည်မဟုတ်ဟုလည်း သတ်မှတ်ထားသည်။

လျှောက်ထားမှု မြေနေရာအကျယ် အဝန်းမှာလည်း ဆလွန်းကား၊ ဗင်ကား၊ မီနီဝက်ဂွန်များ ဖြစ်ပါက အလျား ၁၅ ပေနှင့် အနံ ရှစ်ပေအကျယ် ရှိရမည်ဖြစ်သည်။ ဝက်ဂွန်၊ Hatch Back ၊ ပစ်ကပ်၊ လိုက်ထရပ် ကားများဖြစ်ပါက အလျားပေ ၂၀ နှင့် အနံ ၁၀ ပေရှိရမည်ဖြစ်သည်။ ၎င်းမြေနေရာ နှစ်မျိုးစလုံးမှာ ကား မောင်းနှင် ဝင်ထွက်နိုင်သည့် နေရာဖြစ်ရမည်ဟု စည်းကမ်းသတ်မှတ်ထားသည်။

မြန်မာနိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်၊ တင်သွင်း၊ ဖြန့်ဖြူးရောင်းချသူများအသင်းမှ ဦးမိုးကျော်စွာက “ကား ဝယ်ဖို့အတွက်က တကယ် ခက်သွားမှာပါ။ ခက်အောင်လည်း တမင်တကာလုပ်ထားတာဖြစ်တော့ ခက်သွားမှာပါပဲ။ ဒါကြီးက တကယ်ရော အဆင်ပြေတဲ့ နည်းလမ်းဟုတ်ရဲ့လားဆိုတာတော့ ကြိုမပြော နိုင်ဘူး” ဟု ဆိုသည်။

ကားတင်သွင်းခွင့်ပြုခဲ့ချိန်မှ ၂၀၁၄ ခုနှစ် နိုဝင်ဘာလအထိ စုစုပေါင်း ကားအရေအတွက် ၃၈၀,၀၀၀ ကျော် တင်သွင်းခွင့်ပြု ထားခဲ့ပြီးဖြစ်သည်။

Mizzima - News in Burmese 

No comments:

Post a Comment