Tuesday 23 December 2014

အမျိုးသားဒီမိုကရေစီပါတီသစ်မှ ခြံခုန်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း များကို ရွေးချယ်မည်မဟုတ်၊ ခြံခုန်ပါက ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက် ရမည်ဟု ပါတီဥက္ကဋ္ဌ ဦးသိန်းညွန့်ဆို

Photo: အမျိုးသားဒီမိုကရေစီပါတီသစ်မှ ခြံခုန်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း များကို ရွေးချယ်မည်မဟုတ်၊ ခြံခုန်ပါက ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက် ရမည်ဟု ပါတီဥက္ကဋ္ဌ ဦးသိန်းညွန့်ဆို
Tuesday, December 23, 2014

အမျိုးသား ဒီမိုကရေစီပါတီသစ်ကိုယ်စားပြုပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင် ရောက်ယှဉ်ပြိုင်ရန် လွှတ်တော်ကိုယ်စား လှယ်လောင်းများ ရွေးချယ်ရာ တွင် ခြံခုန်မည့်သူများကို ရွေးချယ်မည် မဟုတ်ကြောင်း အမျိုးသား ဒီမို ကရေစီ ပါတီသစ် ဥက္ကဋ္ဌပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးသိန်းညွန့်က ပြောသည်။
''ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်အဖြစ် ပါတီကရွေးချယ်တဲ့ နေရာမှာ ပါတီ ဝင်ရောက်ယှဉ်ပြိုင်မယ့် နေရာ ဒေသကရှိတဲ့ လူထုရဲ့ထောက်ခံမှုရှိတဲ့သူ၊ ပြီးတော့ ဒီပါတီကိုဝင် ဒီပါတီကို ကိုယ်စားပြုပြီး လွှတ်တော်ကိုယ်စား လှယ်အဖြစ်မှ အခြားပါတီကို ခြံခုန်မယ့်သူတွေကို မရွေးဘူး''ဟု အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွန့် ပါတီကိုယ်စားလှယ်လောင်း ရွေးချယ်ရေးမူဝါဒနှင့် ပတ်သက်ပြီး ဒီဇင်ဘာ ၂၂ ရက်က ဒီမိုကရေစီတူဒေး သို့ပြောသည်။

ထိုသို့ မူဝါဒချထားခြင်းမှာ အ ချို့လွှတ်တော် ကိုယ်စားလှယ်လောင်းများသည် ပါတီတစ်ခု ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ပြီး လွှတ်တော် ကိုယ်စား လှယ်လောင်းများ ဖြစ်သွားသည့်အခါတွင် အခြားပါတီတစ်ခုခုသို့ ကူးပြောင်းမှုများ ဖြစ်ပေါ်နေခြင်းများကြောင့် ယခုကဲ့သို့ သတ်မှတ် ထားခြင်းဖြစ်ကြောင်း သိရသည်။

အမျိုးသား ဒီမိုကရေစီပါတီ သစ် ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ပြီး လွှတ်တော် ကိုယ်စားလှယ်ဖြစ်သည့်အခါ၌ ပါတီမှ နုတ်ထွက်ပါက လွှတ်တော်ကိုယ်စား လှယ်လောင်းအဖြစ် နုတ်ထွက်ပေးရန် ကတိပြုရမည်ဟု ယေဘုယျသတ်မှတ် ထားကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီပါတီအနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် သင်္ဃန်းကျွန်းမြို့ နယ်၊ မင်္ဂလာ ဒုံမြို့နယ်၊ သာကေတမြို့နယ်၊ ဒဂုံ ဆိပ်ကမ်းမြို့နယ်နှင့် ဒဂုံတောင်ပိုင်းမြို့နယ်တို့တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

Democracytoday
အမျိုးသား ဒီမိုကရေစီပါတီသစ်ကိုယ်စားပြုပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် လွှတ်တော် ကိုယ်စား လှယ်လောင်းများ ရွေးချယ်ရာတွင် ခြံခုန်မည့်သူများကို ရွေးချယ်မည် မဟုတ်ကြောင်း အမျိုးသား ဒီမို ကရေစီ ပါတီသစ် ဥက္ကဋ္ဌပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးသိန်းညွန့်က ပြောသည်။

''ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်အဖြစ် ပါတီကရွေးချယ်တဲ့ နေရာမှာ ပါတီ ဝင်ရောက်ယှဉ်ပြိုင်မယ့် နေရာ ဒေသကရှိတဲ့ လူထုရဲ့ထောက်ခံမှုရှိတဲ့သူ၊ ပြီးတော့ ဒီပါတီကိုဝင် ဒီပါတီကို ကိုယ်စားပြုပြီး လွှတ်တော် ကိုယ်စား လှယ်အဖြစ်မှ အခြားပါတီကို ခြံခုန်မယ့်သူတွေကို မရွေးဘူး''ဟု အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွန့် ပါတီကိုယ်စားလှယ်လောင်း ရွေးချယ်ရေးမူဝါဒနှင့် ပတ်သက်ပြီး ဒီဇင်ဘာ ၂၂ ရက်က ဒီမိုကရေစီတူဒေး သို့ပြောသည်။

ထိုသို့ မူဝါဒချထားခြင်းမှာ အချို့လွှတ်တော် ကိုယ်စားလှယ်လောင်းများသည် ပါတီတစ်ခု ကိုယ်စားပြု ဝင် ရောက် ယှဉ်ပြိုင်ပြီး လွှတ်တော် ကိုယ်စား လှယ်လောင်းများ ဖြစ်သွားသည့်အခါတွင် အခြားပါတီတစ်ခုခုသို့ ကူးပြောင်းမှုများ ဖြစ်ပေါ်နေခြင်းများကြောင့် ယခုကဲ့သို့ သတ်မှတ် ထားခြင်းဖြစ်ကြောင်း သိရသည်။

အမျိုးသား ဒီမိုကရေစီပါတီ သစ် ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ပြီး လွှတ်တော် ကိုယ်စားလှယ်ဖြစ်သည့် အခါ၌ ပါတီမှ နုတ်ထွက်ပါက လွှတ်တော်ကိုယ်စား လှယ်လောင်းအဖြစ် နုတ်ထွက်ပေးရန် ကတိပြုရမည်ဟု ယေဘုယျသတ်မှတ် ထားကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီပါတီအနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် သင်္ဃန်းကျွန်းမြို့ နယ်၊ မင်္ဂလာ ဒုံမြို့နယ်၊ သာကေတမြို့နယ်၊ ဒဂုံ ဆိပ်ကမ်းမြို့နယ်နှင့် ဒဂုံတောင်ပိုင်းမြို့နယ်တို့တွင် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။

Democracytoday

No comments:

Post a Comment