Thursday 2 October 2014

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား Daewoo International Co.,Ltd. မှ နေ့လည်စာဖြင့်တည်ခင်းဧည့်ခံ

Photo: တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား Daewoo International Co.,Ltd. မှ နေ့လည်စာဖြင့်တည်ခင်းဧည့်ခံ
Thursday, October 2, 2014

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၁ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ဆိုးလ်မြို့၊ Samcheonggak Restaurant သို့ရောက်ရှိရာ Daewoo International Co.,Ltd မှ President ဖြစ်သူ Mr.Jeon Beyong II နှင့် တာဝန်ရှိသူများကကြိုဆိုကြသည်။

ထို့နောက် Mr.Jeon Beyong II က မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံ လုပ်ကိုင် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့သည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ဝင်များသည် Daewoo International Co.,Ltd မှ President ဖြစ်သူ Mr.Jeon Beyong II တို့နှင့်အတူ နေ့လည်စာအား အတူတကွသုံးဆောင်ခဲ့ကြသည်။ နေ့လည်စာစားပွဲအပြီးတွင် အမှတ်တရ လက်ဆောင်ပစ္စည်များ အပြန်အလှန်လဲလှယ်ခဲ့ကြကြောင်း သတင်းရရှိသည်။

Credia to : Senior General Min Aung Hlaing

No comments:

Post a Comment