Thursday 2 October 2014

ကွန်ဒိုနှင့် အိမ်ရာသစ်များကြောင့် ၂ နှစ်အတွင်း ရန်ကုန်မြို့ လျှပ်စစ်သုံးစွဲမှုမဂ္ဂါဝပ် ၂၀၀ ကျော် တိုးလာမည်

Photo: ကွန်ဒိုနှင့် အိမ်ရာသစ်များကြောင့် ၂ နှစ်အတွင်း ရန်ကုန်မြို့ လျှပ်စစ်သုံးစွဲမှုမဂ္ဂါဝပ် ၂၀၀ ကျော် တိုးလာမည်
Thursday, October 2, 2014

ဒဂုံစီးတီးအပါအ၀င်ရန် ကုန်မြို့တွင် တည်ဆောက်မည့် ကွန်ဒိုနှင့်အိမ်ရာ အဆောက်အ အုံများကြောင့် လာမည့် ၂ နှစ်အ တွင်း ရန်ကုန်မြို့၏ လျှပ်စစ်ဓာတ် အား လိုအပ်ချက်သည် မဂ္ဂါဝပ်၂၀၀ ကျော် ထပ်တိုးလာမည်ဟု ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ သတင်းရရှိသည်။

တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် မဂ္ဂါဝပ် ၁၆၈၈ဖြန့်ဖြူးပေးနေ ပြီး ထက်ဝက်ခန့်(မဂ္ဂါဝပ် ၈၀၀) ကို ရန်ကုန်မြို့တွင် သုံးစွဲနေသည် ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့က မကြာခဏထုတ်ပြန်သည်။ ယခင်သုံးစွဲနေသည့် လျှပ်စစ်ဓာတ်အား ၈၀၀ ခန့်အပြင် ၂ နှစ်အတွင်း မဂ္ဂါဝပ် ၂၀၀ ကျော် ထပ်မံလိုအပ်လာမည်ဖြစ်သည်။

‘‘ရန်ကုန်မြို့ရဲ့  လျှပ်စစ် ဓာတ်အားလိုအပ်ချက်ကိုတွက် ချက်တဲ့အခါ အခုတိုးနေတဲ့အ ဆောက်အအုံတွေရဲ့ လျှပ်စစ်လို အပ်ချက်ကို တွက်ချက်ရတယ်။  ဆောက်တဲ့သူတွေက လျှပ်စစ်ကို စုံစမ်းတာမရှိဘူး။ကိုယ့်ဘာသာပဲ  ဆက်သွယ်မေးမြန်းရတယ်။ လျှပ် စစ်လိုအပ်ချက်တိုးလာရင် အ လွယ်လုပ်လို့မရဘူး။ ထရန်စဖော် မာတွေဆင်ရတယ်။ ထပ်ထည့်ရ တယ်။ အဆင့်တွေအများကြီးပဲ။  အဆောက်အအုံဆောက်က တည်းက လာတိုင်ပင်သင့်တယ်။ အခုဟာက သူတို့တည်ဆောက် တဲ့လုပ်ငန်းတွေအားလုံးစီစဉ်ပြီးမှ  ပဲရောက်ရောက်လာတာ’’ဟုရန် ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ အကြီးတန်းအရာရှိကြီးကထပ်မံပြောသည်။

ဟိုတယ်၊ ရှော့ပင်းမောနှင့်လူနေကွန်ဒိုများပါဝင်မည့် ဒဂုံစီးတီး စီမံကိန်းသည် ၄၅ မဂ္ဂါဝပ်၊ ရွှေတောင် ကုမ္ပဏီက တည်ဆောက်မည့် အဆောက်အအုံအတွက် ၁၅ မဂ္ဂါဝပ်၊ ရှန်ဂရီလာကတည်ဆောက်မည့် အဆောက်အအုံအတွက် ၂၅ မဂ္ဂါဝပ်၊ ကမ္ဘာအေးဘုရားလမ်းတွင် ဗီယက်နမ်ဟိုတယ်အတွက် မဂ္ဂါဝပ် ၂၀ စုစုပေါင်းမဂ္ဂါဝပ် ၁၀၀ နီးပါးလိုအပ်မည်ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့က ကောက်ယူထားသည့် စစ်တမ်းအရ သိရသည်။

အဆိုပါစီမံကိန်းကြီးများက လိုအပ်မည့်ပမာဏဖြစ်ပြီး ရန် ကုန်မြို့အတွင်းတည်ဆောက်နေ သည့် လူနေတိုက်ခန်းများ၏ ပျမ်း မျှလိုအပ်ချက်နှင့် ခန့်မှန်းတွက် ချက်ပါက ရန်ကုန်မြို့၏လျှပ်စစ် ဓာတ်အား လိုအပ်ချက်သည် ၂နှစ်အတွင်းပမာဏများစွာလိုအပ် လာမည်ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှ အ ကြီးတန်း အရာရှိကြီး တစ်ဦးက ပြောသည်။

လာမည့် သုံးလေးနှစ် အ တွင်း ဆောက်လုပ်ပြီးစီးမည့် စီမံ ကိန်း အကြီးစားများ၏ လျှပ်စစ် ဓာတ်အားသုံးစွဲမှုသည် နယ်မြို့  ၁၀ မြို့စာတွင် သုံးစွဲနေသည့် လျှပ်စစ်ဓာတ်အားသုံးစွဲမှုနှုန်းနှင့် ညီမျှကြောင်း၊ ကျောက်မဲမြို့၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် ၂ မဂ္ဂါဝပ်မျှရှိသည်ကို နှိုင်းယှဉ်၍ သုံးစွဲမှုနှုန်းမြင့်မားသည့် အဆောက်အအုံကြီးများဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်ကပြောသည်။

မြန်မာနိုင်ငံတွင် မြို့နယ် ပေါင်း ၃၉၆ မြို့နယ်နှင့် ကျေးရွာ ပေါင်း ခြောက်သောင်းရှိသည့်အနက် မြို့နယ် ၂၂၄ မြို့နယ်နှင့် ကျေးရွာ လေးသောင်းကျော်သာ လျှပ်စစ်မရရှိဘဲ ဖြစ်နေပြီးနိုင်ငံ လူဦးရေ၏ ၇၀ရာခိုင်နှုန်းမှာလျှပ် စစ်ဓာတ်အားမရရှိသေးကြောင်း လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

7Day DAILY 

လျှပ်စစ်သုံးစွဲမှု များပြားသော ရန်ကုန်မြို့လယ် ၀န်းကျင်ကို တွေ့ရစဉ် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)

လျှပ်စစ်သုံးစွဲမှုများပြားသော ရန်ကုန်မြို့လယ်ဝန်းကျင်ကို တွေ့ရစဉ် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)

ဒဂုံစီးတီးအပါအ၀င်ရန် ကုန်မြို့တွင် တည်ဆောက်မည့် ကွန်ဒိုနှင့်အိမ်ရာ အဆောက်အအုံများကြောင့် လာမည့် ၂ နှစ်အတွင်း ရန်ကုန်မြို့၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်သည် မဂ္ဂါဝပ်၂၀၀ ကျော် ထပ်တိုးလာ မည်ဟု ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ သတင်းရရှိသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဂ္ဂါဝပ် ၁၆၈၈ဖြန့်ဖြူးပေးနေပြီး ထက်ဝက်ခန့်(မဂ္ဂါဝပ် ၈၀၀) ကို ရန်ကုန်မြို့ တွင် သုံးစွဲနေသည်ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့က မကြာခဏ ထုတ်ပြန်သည်။ ယခင်သုံးစွဲနေသည့် လျှပ်စစ်ဓာတ်အား ၈၀၀ ခန့်အပြင် ၂ နှစ်အတွင်း မဂ္ဂါဝပ် ၂၀၀ ကျော် ထပ်မံ လိုအပ် လာမည်ဖြစ်သည်။

‘‘ရန်ကုန်မြို့ရဲ့  လျှပ်စစ် ဓာတ်အားလိုအပ်ချက်ကိုတွက် ချက်တဲ့အခါ အခုတိုးနေတဲ့အ ဆောက်အအုံတွေရဲ့ လျှပ်စစ်လို အပ်ချက်ကို တွက်ချက်ရတယ်။  ဆောက်တဲ့သူတွေက လျှပ်စစ်ကို စုံစမ်းတာမရှိဘူး။ ကိုယ့် ဘာသာပဲ  ဆက်သွယ်မေးမြန်းရတယ်။ လျှပ်စစ်လိုအပ်ချက်တိုးလာရင် အလွယ်လုပ်လို့မရဘူး။ ထရန်စဖော် မာတွေဆင်ရတယ်။ ထပ်ထည့်ရ တယ်။ အဆင့်တွေအများကြီးပဲ။  အဆောက်အအုံဆောက်က တည်းက လာတိုင်ပင်သင့်တယ်။ အခုဟာက သူတို့တည်ဆောက် တဲ့လုပ်ငန်းတွေအားလုံးစီစဉ်ပြီး မှပဲ ရောက်ရောက်လာတာ’’ဟုရန် ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ အကြီးတန်းအရာရှိကြီးက ထပ်မံပြောသည်။

ဟိုတယ်၊ ရှော့ပင်းမောနှင့်လူနေကွန်ဒိုများပါဝင်မည့် ဒဂုံစီးတီး စီမံကိန်းသည် ၄၅ မဂ္ဂါဝပ်၊ ရွှေတောင် ကုမ္ပဏီက တည်ဆောက်မည့် အဆောက်အအုံအတွက် ၁၅ မဂ္ဂါဝပ်၊ ရှန်ဂရီလာကတည်ဆောက်မည့် အဆောက်အအုံအတွက် ၂၅ မဂ္ဂါဝပ်၊ ကမ္ဘာအေးဘုရားလမ်းတွင် ဗီယက်နမ်ဟိုတယ်အတွက် မဂ္ဂါဝပ် ၂၀ စုစုပေါင်းမဂ္ဂါဝပ် ၁၀၀ နီးပါးလိုအပ်မည်ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့က ကောက်ယူ ထားသည့် စစ်တမ်းအရ သိရသည်။

အဆိုပါစီမံကိန်းကြီးများက လိုအပ်မည့်ပမာဏဖြစ်ပြီး ရန် ကုန်မြို့အတွင်းတည်ဆောက်နေ သည့် လူနေ တိုက်ခန်း များ၏ ပျမ်း မျှလိုအပ်ချက်နှင့် ခန့်မှန်းတွက် ချက်ပါက ရန်ကုန်မြို့၏လျှပ်စစ် ဓာတ်အား လိုအပ်ချက်သည် ၂နှစ်အတွင်းပမာဏများစွာလိုအပ် လာမည်ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးရေး အဖွဲ့မှ အ ကြီးတန်း အရာရှိကြီး တစ်ဦးက ပြောသည်။

လာမည့် သုံးလေးနှစ်အတွင်း ဆောက်လုပ်ပြီးစီးမည့် စီမံကိန်းအကြီးစားများ၏ လျှပ်စစ် ဓာတ်အား သုံးစွဲမှုသည် နယ်မြို့  ၁၀ မြို့စာတွင် သုံးစွဲနေသည့် လျှပ်စစ်ဓာတ်အားသုံးစွဲမှုနှုန်းနှင့် ညီမျှကြောင်း၊ ကျောက်မဲမြို့၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် ၂ မဂ္ဂါဝပ်မျှရှိသည်ကို နှိုင်းယှဉ်၍ သုံးစွဲမှုနှုန်းမြင့်မားသည့် အဆောက်အအုံကြီးများဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်ကပြောသည်။

မြန်မာနိုင်ငံတွင် မြို့နယ် ပေါင်း ၃၉၆ မြို့နယ်နှင့် ကျေးရွာ ပေါင်း ခြောက်သောင်းရှိသည့်အနက် မြို့နယ် ၂၂၄ မြို့နယ် နှင့် ကျေးရွာ လေးသောင်းကျော်သာ လျှပ်စစ်မရရှိဘဲ ဖြစ်နေပြီးနိုင်ငံ လူဦးရေ၏ ၇၀ ရာခိုင်နှုန်း မှာလျှပ် စစ်ဓာတ်အားမရရှိသေးကြောင်း လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

7Day DAILY 

No comments:

Post a Comment