Thursday 2 October 2014

Homs မြို့ စာသင်ကျောင်းမှာ ဗုံးပေါက်၊ ကျောင်းသား ၄၀ ကျော်သေဆုံး

Photo: Homsမြို့ စာသင်ကျောင်းမှာ ဗုံးပေါက်၊ ကျောင်းသား ၄၀ ကျော်သေဆုံး 
Thursday,October 2, 2014

ဆီးရီးယားနိုင်ငံ Homs မြို့မှာ ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ရာက ကလေးငယ် အယောက်ပေါင်း ၃၀ ကျော် သေဆုံးခဲ့တယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

စာသင်ကျောင်း တစ်ကျောင်းမှာ ဗုံးပေါက်ကွဲခဲတာကြောင့် ကလေးတွေသေဆုံးမှု များတာ ဖြစ်တယ်လို့ အေဘီစီ သတင်းထောက် Matthew Carney က သတင်းပေးပို့ထားပါတယ်။

အသေခံ ဗုံးဖောက် ခွဲရေးသမား တစ်ဦးက ပြုလုပ်ခဲ့တာဖြစ်ပြီး အဲဒီလူဟာ ဗုံးတစ်လုံးကို ကျောင်းရဲ့ နေရာတစ်ခုမှာ ချထားပြီး နောက်ဗုံးတစ်လုံးနဲ့ ကိုယ့်ကိုကိုယ် အသေခံပြီး ဗုံးဖောက်ခွဲ ခဲ့တာပါ။

စာသင်ကျောင်းအတွင်း ဗုံးပေါက်ကွဲမှုကြောင့် အသက် ၆ နှစ်နဲ့ ၁၂ နှစ်အရွယ် ကလေးတွေ အိမ်ပြန်မယ့်အချိန်မှာပဲ သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

Homs မြို့ရဲ့ Alawite လူမျိုးတွေနေထိုင်ရာ Akrameh ရပ်ကွက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အဲဒီဒေသဟာ သမ္မတ Bashar al Assad နဲ့ လူမျိုးခြင်းတူတဲ့ လူတွေ အနေများတဲ့ ဒေသ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဆီးရီးယား အစိုးရကတော့ အသက် ၆ နှစ်နဲ့ ၉ နှစ်အကြားက ကလေးငယ် ၃၁ ယောက် သေဆုံးရတယ်လို့ ပြောပါတယ်။

အခုအချိန်အထိ ဘယ်အဖွဲ့အစည်းကမှ ဒီဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး တာဝန်ယူမှုတွေ မရှိသေးပါဘူး။

အရင်တုန်းကတော့ အခုလို ဆင်တူတဲ့ ဗုံးဖောက်ခွဲမှုကို Al Qaeda အဖွဲ့နဲ့ ဆက်နွယ်တဲ့ Nusra Front အဖွဲ့က ပြုလုပ်ခဲ့ဖူးပါတယ်။

ABC Radio Australia

ဆီးရီးယားနိုင်ငံ Homs မြို့မှာ ဗုံးနှစ်လုံးပေါက်ကွဲခဲ့ရာက ကလေးငယ်အယောက်ပေါင်း ၃၀ ကျော် သေဆုံး ခဲ့တယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေပါတယ်။

စာသင်ကျောင်းတစ်ကျောင်းမှာ ဗုံးပေါက်ကွဲခဲတာကြောင့် ကလေးတွေသေဆုံးမှုများတာ ဖြစ်တယ်လို့ အေဘီစီ သတင်းထောက် Matthew Carney က သတင်းပေးပို့ထားပါတယ်။

အသေခံဗုံးဖောက်ခွဲရေးသမားတစ်ဦးက ပြုလုပ်ခဲ့တာဖြစ်ပြီး အဲဒီလူဟာ ဗုံးတစ်လုံးကို ကျောင်းရဲ့ နေရာ တစ်ခုမှာ ချထားပြီး နောက်ဗုံးတစ်လုံးနဲ့ ကိုယ့်ကိုကိုယ် အသေခံပြီး ဗုံးဖောက်ခွဲ ခဲ့တာပါ။

စာသင်ကျောင်းအတွင်း ဗုံးပေါက်ကွဲမှုကြောင့် အသက် ၆ နှစ်နဲ့ ၁၂ နှစ်အရွယ် ကလေးတွေ အိမ်ပြန်မယ့် အချိန်မှာပဲ သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

Homs မြို့ရဲ့ Alawite လူမျိုးတွေနေထိုင်ရာ Akrameh ရပ်ကွက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အဲဒီဒေသဟာ သမ္မတ Bashar al Assad နဲ့ လူမျိုးခြင်းတူတဲ့ လူတွေ အနေများတဲ့ ဒေသ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဆီးရီးယား အစိုးရကတော့ အသက် ၆ နှစ်နဲ့ ၉ နှစ်အကြားက ကလေးငယ် ၃၁ ယောက် သေဆုံးရတယ်လို့ ပြောပါတယ်။

အခုအချိန်အထိ ဘယ်အဖွဲ့အစည်းကမှ ဒီဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး တာဝန်ယူမှုတွေ မရှိသေးပါဘူး။

အရင်တုန်းကတော့ အခုလို ဆင်တူတဲ့ ဗုံးဖောက်ခွဲမှုကို Al Qaeda အဖွဲ့နဲ့ ဆက်နွယ်တဲ့ Nusra Front အဖွဲ့က ပြုလုပ်ခဲ့ဖူးပါတယ်။

ABC Radio Australia

No comments:

Post a Comment