Thursday 2 October 2014

လုယက်ခိုးယူမှုများဆက်တိုက်ဖြစ်ပွားနေသည့် မန္တလေးဧရာဝတီမြစ်ကြောင်း လုံခြုံရေး ရေကြောင်းရဲတပ်ဖွဲ့စတင်တာဝန်ယူ

Photo: လုယက်ခိုးယူမှုများဆက်တိုက်ဖြစ်ပွားနေသည့် မန္တလေးဧရာဝတီမြစ်ကြောင်း လုံခြုံရေး ရေကြောင်းရဲတပ်ဖွဲ့စတင်တာဝန်ယူ
Thursday, October 2, 2014

လုယက်ခိုးယူမှုများ ဆက်တိုက်ဖြစ်ပွားနေသည့် မန္တ လေးမြစ်ဆိပ်များနှင့် ဧရာဝတီ မြစ်ကြောင်းတစ်လျှောက် လုံခြုံ ရေးအတွက် စက်တင်ဘာ ၃၀ ရက်မှစတင်ကာ ရေကြောင်းရဲ တပ်ဖွဲ့မှ တာဝန်ယူဆောင်ရွက် နေပြီဖြစ်ကြောင်းသတင်းရရှိ သည်။

မြန်မာနိုင်ငံရေကြောင်း ရဲ တပ်ဖွဲ့၊ ရန်ကုန်ရေကြောင်းရဲတပ် ဖွဲ့ခွဲမှ သင်္ဘောတစ်စီး၊ စပိဘုတ် တစ်စီးနှင့် တပ်ဖွဲ့ဝင်အား ၁၆ ဦးသည် စက်တင်ဘာ ၂၉ ရက် ညတွင် မန္တလေးမြို့သို့ရောက်ရှိ လာပြီး ဂေါဝိန်ဆိပ်တွင်အခြေ စိုက်ကာ မန္တလေးဆိပ်ကမ်းများ လုံခြုံရေးနှင့် ဧရာဝတီမြစ်ကြောင်း လုံခြုံရေးတာဝန်များကို စတင် ဆောင်ရွက်နေပြီဟု ရေကြောင်း ရဲတပ်ဖွဲ့ရဲမှူးခွန်မျိုးမြင့်သိန်းက ပြောသည်။

မကြာမီလအတွင်း သင်္ဘောနှစ်စီးနှင့် အင်အားအချို့ထပ်မံရောက်ရှိလာဦးမည်ဖြစ်ပြီး ရေ ကြောင်းရဲတပ်ဖွဲ့အနေဖြင့် သင်္ဘောလေးစီးဖြင့် ဂေါဝိန်ဆိပ်တွင် အခြေစိုက်ကာ ဧရာဝတီမြစ် ကြောင်းတစ်လျှောက် လုံခြုံရေးဆောင်ရွက်သွားမည်ဖြစ်သည်။

မန္တလေးမြို့တွင် ဧရာဝတီ မြစ်ဆိပ်ကမ်းဆယ်ခုရှိပြီး ယင်း ဆိပ်ကမ်းများလုံခြုံရေးအတွက် မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့၏အစီအစဉ်ဖြင့်လည်း ဝပ် ကင်း၊ လှည့်ကင်းများဖြင့် လုံခြုံ ရေးဆောင်ရွက်လျက်ရှိသည်ဟု မန္တလေးတိုင်းဒေသကြီးလုံခြုံရေး နှင့်နယ်စပ်ရေးရာဝန်ကြီးကပြော သည်။

လက်ရှိတွင် မန္တလေးမြို့ရှိ ဧရာဝတီမြစ်   ဆိပ်ကမ်းများ၌ ဆိုက်ကပ်ရပ်နားထားသော ခရီး သည်တင်ရေယာဉ်နှင့် ကုန်တင် သင်္ဘောများ မကြာခဏပစ္စည်း ခိုးယူခံရခြင်းနှင့် လုယက်ခံရခြင်း များကြုံတွေ့နေရသည်။ လုံခြုံ ရေးများတင်းကျပ်ထားသည်ဆို သော်လည်း ခိုးဝှက်လုယက်မှုများ မှာ ဆက်တိုက်ဖြစ်ပွားနေဆဲဖြစ် သည်ဟု မန္တလေးဧရာဝတီမြစ် ဆိပ်များမှ ရေယာဉ်အသင်း တာဝန်ရှိသူများကပြောသည်။

ရေကြောင်း  ရဲတပ်ဖွဲ့ မရောက်မီ စက်တင်ဘာ ၂၇ ရက် ကလည်း ရွှေကြက်ယက်ဆိပ်ကမ်းအနီး ဆိုက်ကပ်ထားသော စက် လှေတစ်စီးတွင် ခြိမ်းခြောက်လု ယက်မှုတစ်ခုဖြစ်ပွားခဲ့သည်ဟု မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ မှူးရုံးမှ သတင်းရရှိသည်။

လုယက်သူများက ဓားဖြင့် ခြိမ်းခြောက်ကာ စက်လှေပေါ်ပါ ကေဘယ်ကြိုးခွေများ၊ အင်ဂျင် ဝိုင်ပုံးများ၊ ဓာတ်ဆီများစသည် တို့ကို ယူဆောင်သွားခဲ့ခြင်းဖြစ်သည်။ ၎င်းလုယက်သူများနှင့် စစ်ကိုင်းတံတားအနီးတွင် ကင်း လှည့်နေသော ရဲတပ်ဖွဲ့ဝင်များနှင့်တွေ့ဆုံကာ နှစ်ဖက်ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့၏ ပစ် ခတ်မှုကြောင့် တဘက်စွဲရွာမှ အမျိုးသားတစ်ဦးသေနတ်ထိမှန် ခဲ့သည်ဟု တိုင်းရဲတပ်ဖွဲ့က သ တင်းထုတ်ပြန်သည်။

ယင်းလုယက်မှုအတွက် တဘက်ဆွဲရွာဒေသခံများအပါ အဝင် သံသယရှိသူခုနစ်ဦးကို အမရပူရမြို့နယ်ရဲစခန်းတွင် ပြစ် မှုပုဒ်မ ၃၉၅ ဖြင့် အမှုဖွင့်ကာ စစ်ဆေးနေသည်ဟု မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

7Day DAILY 

ဧရာဝတီမြစ်တွင်း သွားလာနေသော လှေတစ်စီးကိုတွေ့ရစဉ်-ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
ဧရာဝတီမြစ်တွင်း သွားလာနေသော လှေတစ်စီးကိုတွေ့ရစဉ်-ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
လုယက်ခိုးယူမှုများ ဆက်တိုက်ဖြစ်ပွားနေသည့် မန္တလေးမြစ်ဆိပ်များနှင့် ဧရာဝတီမြစ်ကြောင်း တစ်လျှောက် လုံခြုံရေးအတွက် စက်တင်ဘာ ၃၀ ရက်မှစတင်ကာ ရေကြောင်းရဲ တပ်ဖွဲ့မှ တာဝန် ယူဆောင်ရွက် နေပြီဖြစ်ကြောင်းသတင်းရရှိ သည်။

မြန်မာနိုင်ငံရေကြောင်း ရဲ တပ်ဖွဲ့၊ ရန်ကုန်ရေကြောင်းရဲတပ် ဖွဲ့ခွဲမှ သင်္ဘောတစ်စီး၊ စပိဘုတ် တစ်စီးနှင့် တပ်ဖွဲ့ဝင်အား ၁၆ ဦးသည် စက်တင်ဘာ ၂၉ ရက် ညတွင် မန္တလေးမြို့သို့ရောက်ရှိ လာပြီး ဂေါဝိန်ဆိပ်တွင် အခြေ စိုက်ကာ မန္တလေးဆိပ်ကမ်းများ လုံခြုံရေးနှင့် ဧရာဝတီမြစ်ကြောင်း လုံခြုံရေးတာဝန်များကို စတင် ဆောင်ရွက်နေပြီဟု ရေကြောင်း ရဲတပ်ဖွဲ့ရဲမှူးခွန်မျိုးမြင့်သိန်းက ပြောသည်။

မကြာမီလအတွင်း သင်္ဘောနှစ်စီးနှင့် အင်အားအချို့ထပ်မံရောက်ရှိလာဦးမည်ဖြစ်ပြီး ရေကြောင်းရဲ တပ်ဖွဲ့ အနေဖြင့် သင်္ဘောလေးစီးဖြင့် ဂေါဝိန်ဆိပ်တွင် အခြေစိုက်ကာ ဧရာဝတီမြစ် ကြောင်းတစ်လျှောက် လုံခြုံရေးဆောင်ရွက်သွားမည်ဖြစ်သည်။

မန္တလေးမြို့တွင် ဧရာဝတီ မြစ်ဆိပ်ကမ်းဆယ်ခုရှိပြီး ယင်း ဆိပ်ကမ်းများလုံခြုံရေးအတွက် မန္တလေးတိုင်း ဒေသကြီးအစိုးရ အဖွဲ့၏အစီအစဉ်ဖြင့်လည်း ဝပ်ကင်း၊ လှည့်ကင်းများဖြင့် လုံခြုံ ရေးဆောင်ရွက်လျက် ရှိသည်ဟု မန္တလေးတိုင်းဒေသကြီးလုံခြုံရေး နှင့်နယ်စပ်ရေးရာဝန်ကြီးကပြော သည်။

လက်ရှိတွင် မန္တလေးမြို့ရှိ ဧရာဝတီမြစ်   ဆိပ်ကမ်းများ၌ ဆိုက်ကပ်ရပ်နားထားသော ခရီး သည်တင် ရေယာဉ် နှင့် ကုန်တင် သင်္ဘောများ မကြာခဏပစ္စည်း ခိုးယူခံရခြင်းနှင့် လုယက်ခံရခြင်း များကြုံတွေ့နေ ရသည်။ လုံခြုံ ရေးများတင်းကျပ်ထားသည်ဆို သော်လည်း ခိုးဝှက်လုယက်မှုများ မှာ ဆက်တိုက်ဖြစ်ပွားနေ ဆဲဖြစ် သည်ဟု မန္တလေးဧရာဝတီမြစ် ဆိပ်များမှ ရေယာဉ်အသင်း တာဝန်ရှိသူများကပြောသည်။

ရေကြောင်း  ရဲတပ်ဖွဲ့ မရောက်မီ စက်တင်ဘာ ၂၇ ရက် ကလည်း ရွှေကြက်ယက်ဆိပ်ကမ်းအနီး ဆိုက်ကပ် ထားသော စက် လှေတစ်စီးတွင် ခြိမ်းခြောက်လု ယက်မှုတစ်ခုဖြစ်ပွားခဲ့သည်ဟု မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးမှ သတင်းရရှိသည်။

လုယက်သူများက ဓားဖြင့် ခြိမ်းခြောက်ကာ စက်လှေပေါ်ပါ ကေဘယ်ကြိုးခွေများ၊ အင်ဂျင် ဝိုင်ပုံးများ၊ ဓာတ်ဆီများစသည် တို့ကို ယူဆောင်သွားခဲ့ခြင်းဖြစ်သည်။ ၎င်းလုယက်သူများနှင့် စစ်ကိုင်းတံတားအနီးတွင် ကင်း လှည့်နေသော ရဲတပ်ဖွဲ့ဝင်များနှင့်တွေ့ဆုံကာ နှစ်ဖက်ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့၏ ပစ် ခတ်မှုကြောင့် တဘက်စွဲရွာမှ အမျိုးသားတစ်ဦးသေနတ်ထိမှန် ခဲ့သည်ဟု တိုင်းရဲတပ်ဖွဲ့က သ တင်းထုတ်ပြန်သည်။

ယင်းလုယက်မှုအတွက် တဘက်ဆွဲရွာဒေသခံများအပါ အဝင် သံသယရှိသူခုနစ်ဦးကို အမရပူရမြို့နယ် ရဲစခန်းတွင် ပြစ် မှုပုဒ်မ ၃၉၅ ဖြင့် အမှုဖွင့်ကာ စစ်ဆေးနေသည်ဟု မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

7Day DAILY 

No comments:

Post a Comment