Thursday 2 October 2014

ကွက်ခိုင်ဒေသထွက် ဝါးပိုးကောင်နှင့် ပျားကြီးပိုးလောင်းများ ဈေးကောင်းရနေ

ကွတ်ခိုင် ဒေသတွင် တရုတ်လူမျိုးအများစုက ဝါးပင် ၌ နေလေ့ရှိသည့် ဝါးပိုးလောင်း ကောင်လေးများနှင့် ပျားကြီးပိုး လောင်းများကို ဈေးကောင်းပေး ဝယ်ယူလျက်ရှိနေကြောင်း သတင်းရရှိသည်။
ကွတ်ခိုင်မြို့နယ် အတွင်းရှိ ငါးရက်တစ်ဈေးနေ့များတွင် အဓိကထား၍ လိုက်လံဝယ်ယူနေခြင်းဖြစ်သည်။

‘‘ဝါးပင်မှာနေတဲ့  ဝါးပိုး လောင်းတွေဆိုရင် တစ်ပိဿာကို ကျပ်နှစ်သောင်းဈေးနဲ့ဝယ်တယ်။ ပျားကြီးအုံတွေ ဆိုရင် အုံကြီးရင် တစ်ပိဿာကို ကျပ်နှစ်သောင်း ကနေ သုံးသောင်းဈေးပေးဝယ်နေ တယ်။ တရုတ်တွေက ဆေးဖြစ် တယ်ဆိုပြီး ပြန်ကြော်စားကြတာ။ တချို့ကျတော့လည်း ပြန်ကြော် ပြီးရောင်းကြတယ်’’ဟု ကွတ်ခိုင် နမ့်အွမ်ဈေးတွင် ဝါးပိုးကောင် ဝယ်ယူနေသည့် ဒေသခံတစ်ဦးက ပြောသည်။

ဝါးပိုးကောင်နှင့် ပျားကြီးပိုး လောင်း အစိမ်းတစ်ပိဿာလျှင် ကျပ်နှစ်သောင်းမှ သုံးသောင်းဝန်း ကျင်ဖြင့် ဝယ်ယူကာ ကြော်လှော် ၍ ချိုချဉ်ထည့်သည့် ဘူးကြီး များဖြင့်ထည့်ကာ ဝါးပိုးကောင် တစ်ဘူးလျှင် ကျပ်နှစ်သောင်း၊ ပျားကြီးပိုးလောင်းကြော်တစ်ဘူး လျှင် ကျပ်လေးသောင်းဖြင့် ပြန် လည် ရောင်းချ နေကြခြင်း ဖြစ် သည်။ ထိုသို့ ဝါးပိုးကောင်နှင့် ပျားကြီး ပိုးလောင်းများ  ဈေး ကောင်းပေးဝယ်နေသဖြင့် ရှာ ဖွေရောင်းချသူများလည်း များပြား လာနေသည်။ ဝါးပိုးကောင်များ မှာ ဝါးပင်တစ်ပင်လျှင် နို့ဆီဘူး ထက်ဝက် ခန့်သာ ရရှိတတ်ပြီး ရှာဖွေရောင်းချသူများထံမှ နို့ဆီ ဘူးတစ်ဘူးလျှင် ကျပ် ၂,၅၀၀ ဈေး ဖြင့် ပြန်လည် ဝယ်ယူကာပိဿာ အလိုက်စုပြီး တစ်ဆင့်ပြန်လည် ရောင်းချသူများလည်းရှိနေသည်။ ပျားကြီးအုံ များမှာ အပင်ကြီးတစ် ပင်လျှင် ပျားအုံတွေ့ရှိမှုအပေါ်မူ တည်ပြီး တစ်ပိဿာမှ သုံးပိဿာ ခန့်ရရှိတတ်ပြီး ပျားကြီးအုံအတွင်း ရှိနေသည့်  ပျားပိုးလောင်း  အကောင်လေးများကို ထုတ်ယူ၍ကြော်လှော် ရောင်းချကြသည်

7Day DAILY

No comments:

Post a Comment