Thursday 2 October 2014

လွှတ်တော်တစ်ခုပြီးတိုင်း လွှတ်တော်အစီရင်ခံစာ ထုတ်ဝေပေးမည်

လွှတ်တော် စောင့်ကြည့်လေ့လာရေး အစီအစဉ်အရ လွှတ်တော်တစ်ခုပြီးတိုင်း လွှတ်တော်၏ လုပ်ဆောင် မှုများကို အစီရင်ခံစာ ထုတ်ဝေသွားနိုင်ရန် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်လင်း မြန်မာ့ ရှေ့ဆောင် အဖွဲ့မှ ပညာရေးနှင့်သုတေသနအဖွဲ့၏ အကြံပေးတစ်ဦးဖြစ်သူ ဦးကိုကိုကြီးက ပြောသည်။

ယင်းအဖွဲ့အနေဖြင့် သုတေသနလုပ်ငန်းကို စိတ်ဝင်စားသော လူငယ်မျိုး ဆက်များကို စုစည်း ကာ လွှတ်တော်စောင့်ကြည့်လေ့လာရေး အစီအ စဉ်ကို အဓိကထားကာ သုတေသနပြု ဆောင် ရွက်နေပြီး ဆဋ္ဌမအကြိမ်အထိ ကျင်းပခဲ့ပြီးသည့် လွှတ်တော်ဆိုင်ရာ မေးခွန်းနှင့်အဆိုများ၊ အစီရင် ခံစာ စာအုပ်များကို သီးခြားစီထုတ်ဝေနိုင်ခဲ့သည်။

ဦးကိုကိုကြီးက ''နောက်ပိုင်းမှာ ကျွန်တော်တို့က Section Result အနေနဲ့ လွှတ်တော် Section တစ်ခုပြီး တိုင်း တစ်ခုပြီးတိုင်းမှာ အစီ ရင်ခံစာထုတ်နိုင်ဖို့ ဆက်ပြီးတော့ ကြိုးစားသွား မှာဖြစ်ပါတယ်''ဟု ပြောသည်။

လွှတ်တော်အစီရင်ခံစာ ထုတ်ဝေနိုင်ရန် ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော် လွှတ် တော်နှစ်ရပ် စလုံးမှ ဥက္ကဋ္ဌများ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ၏ ပံ့ပိုးကူညီမှုဖြင့် ပထမအဆင့်တွင် ပုံနှိပ်ထုတ် ဝေထားသည့် လွှတ်တော်မှတ်တမ်းများဖြင့် ပထမဆုံး အစီရင်ခံစာ ကို ထုတ်ဝေနိုင်ခဲ့ခြင်းဖြစ် ကြောင်း ဦးကိုကိုကြီးက ပြောသည်။

''သုတေသနတာဝန်ယူပြီး သုတေသနလုပ်ငန်းလုပ်ပြီဆိုတော့ ကျွန်တော်တို့က ဒီအဖွဲ့အ စည်းတွေ၊ ပုဂ္ဂိုလ်တွေ ကို မျှမျှတတရပ်တည်ပြီး တော့ သက်ဆိုင်တဲ့ အချက်အလက်တွေကိုတွေ့ ရှိတဲ့အတိုင်း မှတ်တမ်းတင်ဖို့၊ ပြုစုဖို့ လုပ်ဆောင် သွားမှာပါ။ သုတေသနရဲ့ သဘာဝဟာလွတ်လပ် ဖို့နဲ့ ဘက်မလိုက်ဖို့ လိုအပ်ပါတယ်''ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီးနောက် ပါလီမန်ဒီမိုကရေစီစနစ် လွှတ်တော်၊ တစ်ပါတီ စနစ်ကို အခြေခံသည့် ဆိုရှယ်လစ်စနစ်လွှတ်တော် များကို ဖြတ်သန်းခဲ့ကြရပြီး ယခုအချိန်မှ ပါတီစုံ ဒီမိုကရေစီစနစ် လွှတ်တော်ကို ပြုစုပျိုးထောင် နေကြရပြီး လွှတ်တော်ယဉ်ကျေးမှု ပြန်လည်ရှင် သန်လာခဲ့ကြောင်းနှင့် ယနေ့ခေတ်လွှတ်တော် သည် နိုင်ငံရေးအရ ကိုယ်စားပြုမှု အားနည်းနေ သေးကြောင်း ဦးကိုကိုကြီးက ထောက်ပြသည်။

လွှတ်တော်သတ္တမ၊ အဋ္ဌမနှင့် နဝမအကြိမ် အစည်းအဝေးများမှ မေးခွန်းနှင့် အဆိုများကို စုစည်းထုတ်ဝေ သွားရန်ရှိပြီး လွှတ်တော်ပထမ အကြိမ်မှ ဒသမအကြိမ်အထိ လွှတ်တော်ဥပဒေ ပြုရေးနှင့်ပတ်သက်သည့် အစီရင်ခံစာကို ထုတ် ဝေသွားရန်ရှိကြောင်း သိရသည်။

Yangon Media Group

No comments:

Post a Comment