Thursday 2 October 2014

နိုင်ငံသားဥပဒေ ပြင်ဆင်ပြီးမှ ပြည်တွင်းပြည်ပဘဏ်များ အကျိုးတူ ဆောင်ရွက်ခွင့်ပေးမည်

 မြန်မာနိုင်ငံသား အက် ဥပဒေပြင်ဆင်ပြီးမှသာ နိုင်ငံခြား ဘဏ်များကို ပြည်တွင်းပုဂ္ဂလိက ဘဏ်များနှင့် အကျိုးတူပူးပေါင်း ၍ လုပ်ခွင့်ပေးနိုင်မည်ဟု မြန်မာ နိုင်ငံ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြားသည်။
‘‘ဥပဒေမပြင်သေးဘဲ ရှယ် ယာရောင်းပေးလိုက်ရင် နိုင်ငံခြား ဘဏ်ဖြစ်သွားမယ်’’ ဟု ဦးဆက် အောင်က ပြောကြားသည်။

မြန်မာနိုင်ငံသား အက် ဥပဒေတွင် နိုင်ငံခြားသားများအားအိမ်ရာမြေပိုင်ဆိုင်ခွင့်ပေးမထား သော အချက်သည် ပြည်တွင်းဘဏ်များနှင့် ပူးပေါင်းလုပ်ကိုင်ရန် အဓိက အတားအဆီးဖြစ်နေ သည်။

လက်ရှိ ပြည်တွင်းမှ ဘဏ် များသည် အိမ်ခြံမြေ အပေါင်ယူ ထားပြီး ငွေချေးခြင်းကြောင့် ပြန် မဆပ်နိုင်ပါက ထုခွဲ ရောင်းချရမှုများရာ နိုင်ငံခြားသားများကို အိမ်ရာမြေပိုင်ဆိုင်ခွင့် မပေးသဖြင့် ပြည်တွင်းဘဏ်များနှင့် အကျိုးတူဆောင်ရွက်ခွင့် မရှိသေးကြောင်း ၎င်းက ပြောကြားသည်။

နိုင်ငံခြား ဘဏ်များနှင့် ပူး ပေါင်းလုပ်ကိုင်ခြင်းမှာ ပြည်တွင်း ဘဏ်များ၏ အစုရှယ်ယာများကို ၀ယ်ယူခြင်းဖြစ်ပြီး ပြည်တွင်း ဘဏ်များမှာ အရင်းအနှီးနည်းပါး သဖြင့် နိုင်ငံခြားဘဏ်များနှင့် ပူး ပေါင်းလုပ်ကိုင်မှသာ နည်းပညာ နှင့် အရင်းအနှီး ရနိုင်ကြောင်း ကမ္ဘောဇဘဏ် အကြီးတန်း အကြံပေး ဦးသန်းလွင်က ပြောကြားသည်။

 လက်ရှိ မြန်မာနိုင်ငံသား အက်ဥပဒေသည် ခေတ်ကာလနှင့် မလျော်ညီသဖြင့် ပြင်ဆင်ရန် အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနက စီစဉ်နေကြောင်း ဦးဆက်အောင် က ပြောကြားသည်။

7Day DAILY 

No comments:

Post a Comment