Thursday 2 October 2014

၂၀၁၆ တွင် မြန်မာ့ခရီးသွားနှစ် ပြုလုပ်ရန် စီစဉ်နေ


Photo: ၂၀၁၆ တွင် မြန်မာ့ခရီးသွားနှစ် ပြုလုပ်ရန် စီစဉ်နေ
Thursday, October 2, 2014

 မြန်မာ့ခရီးသွားနှစ်ကို ၂၀၁၆ ခုနှစ်တွင် ပြုလုပ်သွားရန် ရည်ရွယ်ထားသည်ဟု  ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာတင်ရွှေကပြောသည်။

‘‘၂၀၁၆ ရဲ့ နောက်ပိုင်းမှာ တော့ မြန်မာ့ခရီးသွားနှစ်ကို တစ် ကျော့ပြန်လည် ကျင်းပနိုင်လိမ့် မယ်လို့ မျှော်လင့်တယ်’’ဟု ဒုဝန်ကြီးဒေါက်တာတင်ရွှေက အောက်တိုဘာ ၁ ရက်တွင် ပြည်သူ့လွှတ်တော်ပုံမှန် အစည်းအဝေး၌ ပြော ကြားခဲ့သည်။

တပ်မတော်သား ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဗိုလ် မှူးအောင်ကျော်နှင်းက နိုင်ငံ တော်စီးပွားရေးအတွက် ၀င်ငွေ ပိုမိုတိုးတက်လာစေရန်နှင့် ဟို တယ်နှင့် ခရီးသွားလုပ်ငန်းများ မြှင့်တင်နိုင်ရန် မြန်မာ့ခရီးသွားနှစ်တစ်နှစ်  သတ်မှတ်အကောင်အ ထည်ဖော် ဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိ မေးမြန်းမှုကို ဒုဝန်ကြီးမှ ဖြေကြားခြင်းဖြစ်သည်။

၂၀၁၅ ခုနှစ် ဇန်န၀ါရီတွင် လည်း မြန်မာနိုင်ငံက  အာဆီယံ ခရီးသွားလုပ်ငန်း ဖိုရမ်ကို အိမ် ရှင်အဖြစ် လက်ခံကျင်းပသွားရန် ရှိနေသည်။ ယင်းဖိုရမ်မှတစ်ဆင့် လက်ရှိ နိုင်ငံ၏ အခြေအနေအရ တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း ဒေါက် တာတင်ရွှေက ပြောသည်။

‘‘ဒါကတော့ ကောင်းတယ် လို့ မြင်တယ်။ ခရီးသွားလုပ်ငန်း အတွက် ပရိုမိုးရှင်းလုပ်ရမယ်။ ခရီးသည်ဝင်အောင် ဆောင်ရွက် ရမယ်။ အီးဗီဇာတို့ ဘာတို့ဆိုတာ လည်းကောင်းတာပဲ။ ဒါပေမဲ့ နည်းနည်း နောက်ကျနေတယ်လို့ မြင်မိတယ်’’ ဟု ခရီးသွားလုပ်ငန်း ကျွမ်းကျင်သူ ဦးဇော်ဝင်းချိုက သုံးသပ်သည်။

မြန်မာနိုင်ငံတွင် ခရီးသွား နှစ်အဖြစ် ၁၉၉၆ ခုနှစ်က ဆောင် ရွက်ခဲ့ဖူးပြီး   ယင်းနှစ်၌  မျှော် မှန်းထားသလောက် ခရီးသည် မ၀င်ခဲ့ဟု ၎င်းကဆိုသည်။

‘‘၁၉၉၆ မှာ လုပ်တုန်းက ခရီးသည်မ၀င်ဘဲ နောက်နှစ်ကျမှ ခရီးသည်အ၀င်များလာတယ်’’ ဟု ဦးဇော်ဝင်းချိုက ပြောသည်။

ယင်းသို့ ဆောင်ရွက်ခြင်း သည် ခရီးသွားလုပ်ငန်းမှရသော ၀င်ငွေသည် နိုင်ငံကို အထောက်အ ကူပြုသည်ဟူသော   အချက်ကို နိုင်ငံအလေးထားလာကြောင်း ပြသခြင်းဖြစ်သည်ဟု ခရီးသွား လုပ်ငန်းလုပ်ကိုင်သူ ဒေါ်စပယ် အောင်က ဆိုသည်။

‘‘အဲဒီလို နှစ်မှာ ပြည်တွင်း ခရီးသွားလုပ်ငန်းလုပ်တဲ့သူတွေ၊ လေကြောင်းလိုင်းတွေအပြင် ပြည်ပက လေကြောင်းလိုင်းတွေ ကပါ ပူးပေါင်းပါဝင်မယ်ဆိုရင် လက်ရှိဝင်နေတဲ့ ခရီးသည်ထက် နှစ်ဆတက်နိုင်တယ်’’ဟု ၎င်းက ပြောသည်။

၂၀၁၄ ခုနှစ်၌ အာဆီယံ နိုင်ငံများ၌   ခရီးသွားလုပ်ငန်း တိုးတက်မှုရှိနေပြီး ခရီးသည်အ၀င် အများဆုံးဖြစ်နေသည့် မလေးရှားနိုင်ငံက  ၎င်းတို့၏  ခရီးသွားနှစ် (Visit Malaysia 2014) အဖြစ် ဆောင်ရွက်လျက်ရှိနေသည်။

7Day DAILY 

မြန်မာနိုင်ငံသို့လာရောက်သော နိုင်ငံခြားခရီးသွားများကိုတွေ့ရစဉ် -ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
မြန်မာနိုင်ငံသို့လာရောက်သော နိုင်ငံခြားခရီးသွားများကိုတွေ့ရစဉ် -ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ) 
 မြန်မာ့ခရီးသွားနှစ်ကို ၂၀၁၆ ခုနှစ်တွင် ပြုလုပ်သွားရန် ရည်ရွယ်ထားသည်ဟု  ဟိုတယ်နှင့် ခရီးသွား လာရေး လုပ်ငန်း ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာတင်ရွှေကပြောသည်။

‘‘၂၀၁၆ ရဲ့ နောက်ပိုင်းမှာ တော့ မြန်မာ့ခရီးသွားနှစ်ကို တစ် ကျော့ပြန်လည် ကျင်းပနိုင်လိမ့် မယ်လို့ မျှော် လင့်တယ်’’ဟု ဒုဝန်ကြီးဒေါက်တာတင်ရွှေက အောက်တိုဘာ ၁ ရက်တွင် ပြည်သူ့လွှတ်တော်ပုံမှန် အစည်းအဝေး၌ ပြော ကြားခဲ့သည်။

တပ်မတော်သား ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဗိုလ် မှူးအောင်ကျော်နှင်းက နိုင်ငံ တော်စီးပွားရေး အတွက် ၀င်ငွေ ပိုမိုတိုးတက်လာစေရန်နှင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ မြှင့်တင်နိုင်ရန် မြန်မာ့ ခရီးသွားနှစ်တစ်နှစ်  သတ်မှတ်အကောင်အ ထည်ဖော် ဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိ မေးမြန်းမှုကို ဒုဝန်ကြီးမှ ဖြေကြားခြင်းဖြစ်သည်။

၂၀၁၅ ခုနှစ် ဇန်န၀ါရီတွင် လည်း မြန်မာနိုင်ငံက  အာဆီယံ ခရီးသွားလုပ်ငန်း ဖိုရမ်ကို အိမ် ရှင်အဖြစ် လက်ခံကျင်းပသွားရန် ရှိနေသည်။ ယင်းဖိုရမ်မှတစ်ဆင့် လက်ရှိ နိုင်ငံ၏ အခြေအနေအရ တစ်ဆင့်ပြီး တစ်ဆင့် ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း ဒေါက် တာတင်ရွှေက ပြောသည်။

‘‘ဒါကတော့ ကောင်းတယ် လို့ မြင်တယ်။ ခရီးသွားလုပ်ငန်း အတွက် ပရိုမိုးရှင်းလုပ်ရမယ်။ ခရီးသည် ၀င်အောင် ဆောင်ရွက် ရမယ်။ အီးဗီဇာတို့ ဘာတို့ဆိုတာ လည်းကောင်းတာပဲ။ ဒါပေမဲ့ နည်းနည်း နောက်ကျ နေတယ်လို့ မြင်မိတယ်’’ ဟု ခရီးသွားလုပ်ငန်း ကျွမ်းကျင်သူ ဦးဇော်ဝင်းချိုက သုံးသပ်သည်။

မြန်မာနိုင်ငံတွင် ခရီးသွား နှစ်အဖြစ် ၁၉၉၆ ခုနှစ်က ဆောင်ရွက်ခဲ့ဖူးပြီး ယင်းနှစ်၌  မျှော် မှန်းထား သလောက် ခရီး သည် မ၀င်ခဲ့ဟု ၎င်းကဆိုသည်။

‘‘၁၉၉၆ မှာ လုပ်တုန်းက ခရီးသည်မ၀င်ဘဲ နောက်နှစ်ကျမှ ခရီးသည်အ၀င်များလာတယ်’’ ဟု ဦးဇော်ဝင်းချို က ပြောသည်။

ယင်းသို့ ဆောင်ရွက်ခြင်းသည် ခရီးသွားလုပ်ငန်းမှရသော ၀င်ငွေသည် နိုင်ငံကို အထောက်အ ကူပြုသည် ဟူသော   အချက်ကို နိုင်ငံအလေးထားလာကြောင်း ပြသခြင်းဖြစ်သည်ဟု ခရီးသွား လုပ်ငန်းလုပ်ကိုင်သူ ဒေါ်စပယ် အောင်က ဆိုသည်။

‘‘အဲဒီလို နှစ်မှာ ပြည်တွင်း ခရီးသွားလုပ်ငန်းလုပ်တဲ့သူတွေ၊ လေကြောင်းလိုင်းတွေအပြင် ပြည်ပက လေကြောင်း လိုင်းတွေ ကပါ ပူးပေါင်းပါဝင်မယ်ဆိုရင် လက်ရှိဝင်နေတဲ့ ခရီးသည်ထက် နှစ်ဆ တက်နိုင်တယ်’’ဟု ၎င်းက ပြောသည်။

၂၀၁၄ ခုနှစ်၌ အာဆီယံ နိုင်ငံများ၌   ခရီးသွားလုပ်ငန်း တိုးတက်မှုရှိနေပြီး ခရီးသည်အ၀င် အများဆုံးဖြစ် နေသည့် မလေးရှားနိုင်ငံက  ၎င်းတို့၏  ခရီးသွားနှစ် (Visit Malaysia 2014) အဖြစ် ဆောင်ရွက်လျက် ရှိနေသည်။

7Day DAILY 

No comments:

Post a Comment