Thursday 16 October 2014

လူဦးရေသင့်တင့်သော မြို့နယ်များတွင် မဲဆန္ဒရှင်စာရင်း ဦးစားပေးပြုစုမည်

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဲဆန္ဒရှင်စာရင်း ပြုစုရာ၌ လူဦးရေသင့်တင့်သော မြို့နယ်များကို ပထမဦး စားပေး ရွေးချယ် လုပ်ဆောင် သွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ သတင်းရရှိသည်။

၂၀၁၅ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်မဲစာရင်းပြုစုခြင်းကို ပထမအဆင့်အနေဖြင့် နိုဝင်ဘာလတွင် စတင်မည်ဖြစ်ကာ တစ်နိုင်ငံလုံးရှိ မြို့နယ်များအနက် မြို့နယ် ၄၁ မြို့နယ်တွင် ဆောင် ရွက်မည်ဖြစ်သည်။

‘‘အဓိကကတော့ လူဦးရေ သင့်တင့်တဲ့ မြို့နယ်တွေကို ဦး စားပေးလုပ်ဆောင် မယ်။ အဲဒီက ရတဲ့ အတွေ့ အကြုံပေါ် မူတည် ပြီး မဲစာရင်းတိကျဖို့ ရည်ရွယ်ပြီး လုပ်မယ်’’ ဟု ရန်ကုန်တိုင်းဒေသ ကြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကိုကို က ဆိုသည်။

၂၀၁၅ ရွေးကောက်ပွဲအ တွက် မဲဆန္ဒရှင်စာရင်း ပြုစုခြင်း ကို ပထမအဆင့် အနေဖြင့် နိုဝင် ဘာလတွင် စတင်ပြုလုပ်မည်ဖြစ် ပြီး ရန်ကုန်တိုင်းဒေသကြီးရှိ ၁၄ မြို့နယ်သည်လည်း ပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင်၏ မဲ ဆန္ဒရှင်စာရင်း ပြုစုခြင်း ပထမအ ဆင့်၌ ပါဝင်သည်။

လက်ရှိအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး မြို့နယ် ၁၀ မြို့ နယ်၌ ကွန်ပျူတာစာရင်းသွင်းမည့် သင်တန်းများ ပေးပြီး မဲဆန္ဒ ရှင်စာရင်းများကို ကွန်ပျူတာဖြင့် ပြုစုခြင်း ကို လုပ်ဆောင်မည်ဖြစ် သည်။

မဲစာရင်းပြုစုခြင်း ပထမအ ဆင့်တွင် မြို့နယ်ပေါင်း ၄၁ မြို့ နယ်ရှိရာ ရန်ကုန်တိုင်းဒေသကြီး မှ ၁၄ မြို့နယ်၊ မန္တလေးတိုင်းဒေသ ကြီးမှ ၁၅ မြို့နယ်၊ နေပြည်တော်ကောင်စီနယ်မြေမှ ခြောက်မြို့ နယ်နှင့် ရှမ်းပြည်နယ် တောင်ပိုင်း မှ ခြောက်မြို့နယ်ဖြစ်ပြီး ယင်းမြို့ နယ်များကို သက်ဆိုင်ရာ တိုင်း ဒေသကြီး၊ ပြည်နယ်၊ နေပြည် တော်ကောင်စီ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများနှင့် ညှိနှိုင်းရွေးချယ်မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် မြို့နယ် ပေါင်း ၃၃၀ ကျော်ရှိရာ ရွေး ကောက်ပွဲ မဲဆန္ဒရှင်စာရင်း ရှေ့ပြေးစီမံချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့သည့် လပိုင်းက လုပ်ဆောင်ခဲ့ရာ၌ ဝေးလံခေါင်သီသောမြို့ နယ်၊ လူဦးရေများပြားသော မြို့နယ်နှင့်လုံခြုံရေးအတွက် အရေးကြီးသည့် မြို့နယ်များကို ရွေးချယ်ခဲ့သည်။

7Day DAILY 

No comments:

Post a Comment