Thursday 16 October 2014

ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့အား အများပိုင်ကော်ပိုရေးရှင်း အဖြစ် ပြောင်းလဲဖွဲ့စည်းသွားမည်

Photo: ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့အား 
အများပိုင်ကော်ပိုရေးရှင်း အဖြစ် ပြောင်းလဲဖွဲ့စည်းသွားမည်
Thursday, October16, 2014

ရန်ကုန် မြို့တော်လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့အား အများပိုင်ကော်ပိုရေးရှင်း အဖြစ် ပြောင်းလဲဖွဲ့စည်းသွားမည်ဖြစ် ကြောင်း ရန်ကုန်မြို့တော်လျှပ်စစ် ဓာတ်အားပေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင် ခိုင်က ပြောသည်။

ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ် အားဖြန့်ဖြူးမှုကို အများပိုင်ကော်ပို ရေးရှင်း အဖြစ် ပြောင်းလဲဖွဲ့စည်းရန် အတွက် ဆောင်ရွက်မည့်လုပ်ငန်းစဉ် များအပေါ်အကြံပြုချက်ကို အောက် တိုဘာ ၁၅ရက်တွင် အလုံမြို့နယ်ရှိ ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အား ပေးဝေရေးအဖွဲ့ရုံး၌ ဆွေးနွေးခဲ့သည်။

ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ် အားပေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ခိုင်က ''အခုကကိုသွားချင်တဲ့လမ်းက ဘယ် လိုနည်းလမ်းနဲ့သွားမလဲ၊ ဘယ်လိုအ ဖွဲ့နဲ့သွားမလဲ အကြံÓဏ်ယူတာ။ပြည်သူကိုလဲ မထိခိုက်စေချင်ဘူး။ လျှပ်စစ်ပစ္စည်းတွေကိုကောင်းတဲ့ဟာ ပဲအကုန်လုံးဖြစ်စေချင်တယ်။ နိုင်ငံ တော်မှာရှိတဲ့ ဝန်ထုပ်ဝန်ပိုးလျော့ကျ ပြီးတော့ ကိုယ့်ခြေထောက်ပေါ်ကို ရပ်ပြီး နိုင်ငံတော်အတွက်နဲ့ပြည်သူ တွေ အတွက် ပြန်လုပ်ပေးနိုင်မယ့်အဖွဲ့ မျိုးကိုဖွဲ့ဖို့က ဘယ်လိုနည်းလမ်းမျိုး နဲ့သွားမလဲဆိုတာက ခုပေးတဲ့အကြံ ဥာဏ်ပေါ်မှာပဲလုပ်မယ်။ နိုင်ငံတော် အစိုးရကိုတင်ဖို့လုပ်မယ်။ အလုပ် လုပ်ဖို့အတွက် လိုအပ်တဲ့ငွေကြေးအ ရင်းအနှီးနဲ့ ဝင်ငွေရဖို့လဲတစ်ဖက်က လိုတယ်။ ပြည်သူကိုလဲ မထိခိုက်စေ ချင်ဘူး။ ဒါကြောင့် ကော်ပိုရေးရှင်းပဲ ဖွဲ့မှာပါ။ ကော်ပိုရေးရှင်းဖွဲ့တဲ့နေရာ မှာလဲ ငွေအရင်းအနှီးကို ဘယ်လို လုပ်မလဲဆိုတဲ့ဟာကို ဒီနေ့အကြံ ဥာဏ်အပေါ်မှာ ပြန်ပြီးဆုံးဖြတ်သွား မယ်။ ကော်ပိုရေးရှင်းကို သုံးလအ တွင်းမှာ ဖွဲ့စည်းသွားမှာပါ''ဟု ပြော သည်။

အများပိုင်ကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲဖွဲ့စည်းရာတွင် အစိုးရမှ ၅၁ ရာခိုင်နှုန်းကို ဆက်လက်ဆောင်ရွက် မည်ဖြစ်ပြီး ၄၉ရာခိုင်နှုန်းကို ပုဂ္ဂလိက အား လုပ်ပိုင်ခွင့်ပေးရန်ခေါ်ဆိုမည် ဖြစ်ကြောင်း ယင်းကပြောသည်။

''ISC က ကော်ပိုရေးရှင်းဖွဲ့ဖို့ ကူညီပေးမယ်လို့ပြောတယ်။ သူတို့ က ရေရှည်မှာရင်းနှီးမြှုပ်နှံချင်တယ် လို့လဲပြောတယ်။ ISC က ရန်ကုန်မြို့ တော် လျှပ်စစ်ဓာတ်အားပေးအဖွဲ့ကို ကော်ပိုရေးရှင်းဖွဲ့တဲ့နေရာမှာ ဝိုင်း ပြီးတော့ စနစ်တကျလုပ်ပေးမယ့်အ ကြောင်းကိုပြောတယ်။ ကော်ပိုရေး ရှင်းဖွဲ့စည်းလိုက်တဲ့အတွက် ပိုမိုထိ ရောက်တဲ့ လုပ်ငန်းတွေလုပ်နိုင်သွား မယ်''ဟု အဆိုပါဥက္ကဋ္ဌကပြောသည်။

''ကော်ပိုရေးရှင်းအဖြစ်မလုပ် သင့်သေးဘူး။ ပုဂ္ဂလိကအများပိုင် အဖြစ်မပြောင်းခင် ဝန်ကြီးဌာနရဲ့လမ်း ညွှန်မှုမပါဘဲ ကိုယ်ပိုင်အုပ်ချုပ်မှုတွေ နဲ့ အရင်ဆုံးလုပ်ကြည့်သင့်တယ်။ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိပြီး အောင် မြင်မယ်ဆိုမှ အများပိုင်အဖြစ်ခေါ် သင့်တယ်။ ပြည်တွင်းကုမ္ပဏီတွေကို အရင်ဆုံးခေါ်သင့်တယ်။ နောက်ပိုင်း မှပြည်ပကုမ္ပဏီတွေကိုခေါ်ရမယ်''ဟု နိုင်ငံတော်သမ္မတ၏ စီးပွားရေး အကြံပေး ဒေါက်တာအောင်ထွန်းသက် မှ သူ၏အကြံဥာဏ်ကိုပြောသည်။

ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ် အားပေးရေးအဖွဲ့က အများပိုင်ကော် ပိုရေးရှင်းအဖြစ် ဆောင်ရွက်ရာတွင် ဥပဒေငါးခုနှင့်အညီ ဆောင်ရွက်မည် ဖြစ်ပြီး ယင်းဥပဒေ(၅)ခုမှာ (၁) လျှပ် စစ်ဥပဒေ(အသစ်)၂ဝ၁၄ခုနှစ်၊ (၂) Special Company Act (၁၉၅ဝ)၊ (၃) မြန်မာနိုင်ငံကုမ္ပဏီများအက် ဥပဒေ(၁၉၁၄)ခုနှစ်၊ မြန်မာနိုင်ငံသား များရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေတို့ဖြင့် ဖော်ဆောင် သွားမည်ဟု ဆွေးနွေးခဲ့သည်။ 

TST
Yangon Medai Group
ရန်ကုန် မြို့တော်လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့အား အများပိုင်ကော်ပိုရေးရှင်း အဖြစ် ပြောင်းလဲဖွဲ့စည်း သွားမည်ဖြစ် ကြောင်း ရန်ကုန်မြို့တော်လျှပ်စစ် ဓာတ်အားပေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင် ခိုင်က ပြောသည်။

ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ် အားဖြန့်ဖြူးမှုကို အများပိုင်ကော်ပို ရေးရှင်း အဖြစ် ပြောင်းလဲဖွဲ့စည်းရန် အတွက် ဆောင်ရွက်မည့်လုပ်ငန်းစဉ် များအပေါ်အကြံပြုချက်ကို အောက်တိုဘာ ၁၅ရက်တွင် အလုံမြို့ နယ်ရှိ ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အား ပေးဝေရေးအဖွဲ့ရုံး၌ ဆွေးနွေးခဲ့သည်။

ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ် အားပေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ခိုင်က ''အခုကကိုသွားချင်တဲ့လမ်းက ဘယ် လိုနည်းလမ်းနဲ့သွားမလဲ၊ ဘယ်လိုအ ဖွဲ့နဲ့သွားမလဲ အကြံÓဏ်ယူတာ။ပြည်သူကိုလဲ မထိခိုက်စေချင်ဘူး။ လျှပ်စစ်ပစ္စည်းတွေကိုကောင်းတဲ့ဟာ ပဲအကုန်လုံးဖြစ်စေချင်တယ်။ နိုင်ငံ တော်မှာရှိတဲ့ ဝန်ထုပ်ဝန်ပိုးလျော့ကျ ပြီးတော့ ကိုယ့်ခြေထောက်ပေါ်ကို ရပ်ပြီး နိုင်ငံတော်အတွက်နဲ့ပြည်သူ တွေ အတွက် ပြန်လုပ်ပေးနိုင်မယ့်အဖွဲ့ မျိုးကိုဖွဲ့ဖို့က ဘယ်လိုနည်းလမ်းမျိုး နဲ့သွားမလဲဆိုတာက ခုပေးတဲ့အကြံ ဥာဏ်ပေါ်မှာပဲလုပ်မယ်။ နိုင်ငံတော် အစိုးရကိုတင်ဖို့လုပ်မယ်။ အလုပ် လုပ်ဖို့အတွက် လိုအပ်တဲ့ငွေကြေးအ ရင်းအနှီးနဲ့ ဝင်ငွေရဖို့လဲတစ်ဖက်က လိုတယ်။ ပြည်သူကိုလဲ မထိခိုက်စေ ချင်ဘူး။ ဒါကြောင့် ကော်ပိုရေးရှင်းပဲ ဖွဲ့မှာပါ။ ကော်ပိုရေးရှင်းဖွဲ့တဲ့နေရာ မှာလဲ ငွေအရင်းအနှီးကို ဘယ်လို လုပ်မလဲဆိုတဲ့ ဟာကို ဒီနေ့အကြံ ဥာဏ်အပေါ်မှာ ပြန်ပြီးဆုံးဖြတ်သွား မယ်။ ကော်ပိုရေးရှင်းကို သုံးလအ တွင်းမှာ ဖွဲ့စည်းသွားမှာပါ''ဟု ပြော သည်။

အများပိုင်ကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲဖွဲ့စည်းရာတွင် အစိုးရမှ ၅၁ ရာခိုင်နှုန်းကို ဆက်လက်ဆောင် ရွက် မည်ဖြစ်ပြီး ၄၉ရာခိုင်နှုန်းကို ပုဂ္ဂလိက အား လုပ်ပိုင်ခွင့်ပေးရန်ခေါ်ဆိုမည် ဖြစ်ကြောင်း ယင်းက ပြောသည်။

''ISC က ကော်ပိုရေးရှင်းဖွဲ့ဖို့ ကူညီပေးမယ်လို့ပြောတယ်။ သူတို့ က ရေရှည်မှာရင်းနှီးမြှုပ်နှံချင်တယ် လို့လဲပြောတယ်။ ISC က ရန်ကုန်မြို့ တော် လျှပ်စစ်ဓာတ်အားပေးအဖွဲ့ကို ကော်ပိုရေးရှင်းဖွဲ့တဲ့နေရာမှာ ဝိုင်း ပြီးတော့ စနစ်တကျလုပ်ပေးမယ့်အ ကြောင်းကိုပြောတယ်။ ကော်ပိုရေး ရှင်းဖွဲ့စည်းလိုက်တဲ့အတွက် ပိုမိုထိ ရောက်တဲ့ လုပ်ငန်းတွေလုပ်နိုင်သွား မယ်''ဟု အဆိုပါဥက္ကဋ္ဌကပြောသည်။

''ကော်ပိုရေးရှင်းအဖြစ်မလုပ် သင့်သေးဘူး။ ပုဂ္ဂလိကအများပိုင် အဖြစ်မပြောင်းခင် ဝန်ကြီးဌာနရဲ့လမ်း ညွှန်မှုမပါဘဲ ကိုယ်ပိုင်အုပ်ချုပ်မှုတွေ နဲ့ အရင်ဆုံးလုပ်ကြည့်သင့်တယ်။ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိပြီး အောင် မြင်မယ်ဆိုမှ အများပိုင်အဖြစ်ခေါ် သင့်တယ်။ ပြည်တွင်းကုမ္ပဏီတွေကို အရင်ဆုံးခေါ်သင့်တယ်။ နောက်ပိုင်း မှပြည်ပကုမ္ပဏီတွေကိုခေါ်ရမယ်''ဟု နိုင်ငံတော်သမ္မတ၏ စီးပွားရေး အကြံပေး ဒေါက်တာအောင်ထွန်းသက် မှ သူ၏အကြံဥာဏ်ကိုပြောသည်။

ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ် အားပေးရေးအဖွဲ့က အများပိုင်ကော် ပိုရေးရှင်းအဖြစ် ဆောင်ရွက်ရာတွင် ဥပဒေငါးခုနှင့်အညီ ဆောင်ရွက်မည် ဖြစ်ပြီး ယင်းဥပဒေ(၅)ခုမှာ (၁) လျှပ် စစ်ဥပဒေ(အသစ်)၂ဝ၁၄ခုနှစ်၊ (၂) Special Company Act (၁၉၅ဝ)၊ (၃) မြန်မာနိုင်ငံကုမ္ပဏီများအက် ဥပဒေ(၁၉၁၄)ခုနှစ်၊ မြန်မာနိုင်ငံသား များရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေတို့ဖြင့် ဖော်ဆောင် သွားမည်ဟု ဆွေးနွေးခဲ့သည်။

TST
Yangon Medai Group

No comments:

Post a Comment