Thursday 16 October 2014

လက်ကျန်ပွဲစဉ်များတွင် အမှားခံ၍ မဖြစ်သည့် မြန်မာ့လက်ရွေးစင်အသင်း

Photo: လက်ကျန်ပွဲစဉ်များတွင် အမှားခံ၍ မဖြစ်သည့် မြန်မာ့လက်ရွေးစင်အသင်း
Thursday, October16, 2014

 ၂၀၁၄ ဆူဇူကီးဖလား အဖွင့်ပွဲစဉ်တွင် တီမောအသင်း နှင့် ဂိုးမရှိသရေရလဒ် ထွက် ပေါ်ခဲ့ သည့် မြန်မာ့လက်ရွေးစင်အသင်း အနေဖြင့် ခြေစစ်ပွဲအောင်မြင် ရေး မျှော်လင့်ချက်အတွက် လက်ကျန် ပွဲစဉ်များ၌ ရလဒ်ကောင်းရန် လိုအပ်နေ သည်။

မြန်မာအသင်းသည် အုပ်စု ဒုတိယပွဲစဉ်အဖြစ် အောက်တို ဘာ ၁၆ ရက်တွင် ဘရူနိုင်းအသင်းနှင့် ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။ အောက်တိုဘာ ၁၄ ရက်ပွဲစဉ်များ အပြီး အိမ်ရှင်လာအိုအသင်းက နှစ်ပွဲနိုင် ရမှတ်ခြောက်မှတ်ဖြင့် အုပ်စုတွင် ဦးဆောင်ထားပြီး တစ် ပွဲနိုင်၊ တစ်ပွဲသရေရလဒ်ရရှိထား သည့် တီမောအသင်းက ရမှတ် လေးမှတ်ဖြင့် ဒုတိယနှင့် တစ်ပွဲ ကစားပြီး သရေကျ ထားသည့် မြန်မာအသင်းက ရမှတ်တစ်မှတ်ဖြင့် အုပ်စုတတိယနေရာ၌ ရပ်တည်နေသည်။

မြန်မာအသင်းသည် တီမော နှင့် ပွဲတွင် ကစားကွက်အသာ ရခဲ့ခြင်းမရှိဘဲ အရပ်အမောင်းနှင့် ကြံ့ခိုင်မှုပိုကောင်းသည့် တီမော အသင်းက မြန်မာအသင်း ဘက်သို့ ပိုမိုဖိအားပေးနိုင်ခဲ့သည်။ တီမောနှင့်ပွဲတွင် လိုအပ်သည့် တိုက်စစ် ဆင်မှု အတွက် ထိရောက်သည့် ဘောလုံးပေးပို့မှုများ ပြုလုပ်နိုင်ခြင်းမရှိ ခဲ့ကြောင်း မြန်မာအ သင်းနည်းပြချုပ် အေဗရာမိုခ်ျဗစ် က ပြောကြားခဲ့သည်။

မြန်မာအသင်းသည် အောက်တိုဘာ ၁၈ ရက်တွင် ကမ္ဘောဒီး ယားအသင်း၊ အောက်တိုဘာ ၂၀ ရက်တွင် အုပ်စုနောက်ဆုံးပွဲ အဖြစ် လာအိုအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

ပွဲစဉ်ဇယားအရ မြန်မာအ သင်းသည် အိမ်ရှင်လာအိုအသင်း နှင့် အုပ်စုနောက် ဆုံး ပွဲစဉ်တွင် တွေ့ဆုံနေပြီး ယင်းပွဲစဉ်မတိုင်မီ အထိ ခြေစစ်ပွဲအောင်မြင်ရေး မျှော်လင့်ချက်ဆက်နိုင်ရန် ဘရူ နိုင်းနှင့် ကမ္ဘောဒီးယားပွဲစဉ်တို့ တွင် အနိုင်ရလဒ် ရရှိထားရန် လို အပ်မည် ဖြစ်သည်။

ပြိုင်ပွဲဝင်ငါးသင်းပါဝင်ယှဉ် ပြိုင်နေသည့် ဆူဇူကီးဖလားခြေ စစ်ပွဲစဉ်တွင် အုပ်စု ပတ်လည်ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး အမှတ်အ များဆုံးနှစ်သင်းက ခြေစစ်ပွဲ အောင်မြင် မည် ဖြစ်သည်။ မြန်မာ အသင်းသည် ဆူဇူကီးဖလားပြိုင် ပွဲတစ် လျှောက် ခြေစစ်ပွဲအဆင့် ကို တတိယအကြိမ်မြောက် ၀င် ရောက်ယှဉ်ပြိုင် နေခြင်း ဖြစ်ပြီး ပြီးခဲ့သည့် နှစ်ကြိမ်တွင်မူ ခြေစစ်ပွဲ အောင်မြင်ခဲ့သည်။ ၂၀၁၄ ဆူဇူကီးဖလားခြေစစ်ပွဲ အဖွင့်ပွဲစဉ်တွင် တီမောအသင်းနှင့် ဂိုးမရှိ သရေကျခဲ့ပြီး နောက် ခြေစစ်ပွဲအောင်မြင်ရန်လက်ကျန်ပွဲစဉ်များ ရုန်းကန်ရတော့မည် ဖြစ်သည်။

7Day DAILY 

ဆူဇူကီးဖလားခြေစစ်ပွဲတွင်မြန်မာနှင့်တီမောအသင်းယှဉ်ပြိုင်နေစဉ် (ဓါတ်ပုံ - affsuzukicup.com)

ဆူဇူကီးဖလားခြေစစ်ပွဲတွင်မြန်မာနှင့်တီမောအသင်းယှဉ်ပြိုင်နေစဉ် (ဓါတ်ပုံ - affsuzukicup.com)

၂၀၁၄ ဆူဇူကီးဖလား အဖွင့်ပွဲစဉ်တွင် တီမောအသင်း နှင့် ဂိုးမရှိသရေရလဒ် ထွက်ပေါ်ခဲ့သည့် မြန်မာ့ လက်ရွေးစင်အသင်း အနေဖြင့် ခြေစစ်ပွဲအောင်မြင်ရေး မျှော်လင့်ချက်အတွက် လက်ကျန်ပွဲစဉ်များ၌ ရလဒ်ကောင်းရန် လိုအပ်နေသည်။

မြန်မာအသင်းသည် အုပ်စု ဒုတိယပွဲစဉ်အဖြစ် အောက်တိုဘာ ၁၆ ရက်တွင် ဘရူနိုင်းအသင်းနှင့် ယှဉ်ပြိုင် ကစားမည် ဖြစ်သည်။ အောက်တိုဘာ ၁၄ ရက်ပွဲစဉ်များ အပြီး အိမ်ရှင်လာအိုအသင်းက နှစ်ပွဲနိုင် ရမှတ် ခြောက်မှတ်ဖြင့် အုပ်စုတွင် ဦးဆောင်ထားပြီး တစ်ပွဲနိုင်၊ တစ်ပွဲသရေရလဒ်ရရှိထားသည့် တီမော အသင်းက ရမှတ် လေးမှတ်ဖြင့် ဒုတိယနှင့် တစ်ပွဲ ကစားပြီး သရေကျ ထားသည့် မြန်မာအသင်းက ရမှတ်တစ်မှတ်ဖြင့် အုပ်စုတတိယနေရာ၌ ရပ်တည်နေသည်။

မြန်မာအသင်းသည် တီမော နှင့် ပွဲတွင် ကစားကွက်အသာ ရခဲ့ခြင်းမရှိဘဲ အရပ်အမောင်းနှင့် ကြံ့ခိုင်မှု ပိုကောင်း သည့် တီမော အသင်းက မြန်မာအသင်း ဘက်သို့ ပိုမိုဖိအားပေးနိုင်ခဲ့သည်။ တီမောနှင့်ပွဲတွင် လိုအပ်သည့် တိုက်စစ် ဆင်မှု အတွက် ထိရောက်သည့် ဘောလုံးပေးပို့မှုများ ပြုလုပ်နိုင်ခြင်းမရှိ ခဲ့ကြောင်း မြန်မာအ သင်းနည်းပြချုပ် အေဗရာမိုခ်ျဗစ် က ပြောကြားခဲ့သည်။

မြန်မာအသင်းသည် အောက်တိုဘာ ၁၈ ရက်တွင် ကမ္ဘောဒီး ယားအသင်း၊ အောက်တိုဘာ ၂၀ ရက်တွင် အုပ်စုနောက်ဆုံးပွဲ အဖြစ် လာအိုအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

ပွဲစဉ်ဇယားအရ မြန်မာအ သင်းသည် အိမ်ရှင်လာအိုအသင်း နှင့် အုပ်စုနောက် ဆုံး ပွဲစဉ်တွင် တွေ့ဆုံ နေပြီး ယင်းပွဲစဉ်မတိုင်မီ အထိ ခြေစစ်ပွဲအောင်မြင်ရေး မျှော်လင့်ချက်ဆက်နိုင်ရန် ဘရူ နိုင်းနှင့် ကမ္ဘော ဒီးယားပွဲစဉ်တို့ တွင် အနိုင်ရလဒ် ရရှိထားရန် လို အပ်မည် ဖြစ်သည်။

ပြိုင်ပွဲဝင်ငါးသင်းပါဝင်ယှဉ် ပြိုင်နေသည့် ဆူဇူကီးဖလားခြေ စစ်ပွဲစဉ်တွင် အုပ်စုပတ်လည်ယှဉ်ပြိုင် ကစား မည်ဖြစ်ပြီး အမှတ်အများဆုံးနှစ်သင်းက ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။ မြန်မာအသင်းသည် ဆူဇူကီး ဖလားပြိုင် ပွဲတစ်လျှောက် ခြေစစ်ပွဲအဆင့်ကို တတိယအကြိမ်မြောက် ၀င်ရောက်ယှဉ်ပြိုင် နေခြင်းဖြစ်ပြီး ပြီးခဲ့သည့် နှစ်ကြိမ်တွင်မူ ခြေစစ်ပွဲ အောင်မြင်ခဲ့သည်။ ၂၀၁၄ ဆူဇူကီးဖလားခြေစစ်ပွဲ အဖွင့်ပွဲစဉ် တွင် တီမောအသင်းနှင့် ဂိုးမရှိသရေကျခဲ့ပြီးနောက် ခြေစစ်ပွဲအောင်မြင်ရန်လက်ကျန်ပွဲစဉ်များ ရုန်းကန်ရ တော့မည် ဖြစ်သည်။

7Day DAILY

No comments:

Post a Comment