Thursday 16 October 2014

အခြေခံပညာနွမ်းပါးကျောင်းသားတစ်သိန်းခန့်အတွက် ငွေကြေးအကူအညီ ကန်ဒေါ်လာ သန်းတစ်ရာရမည်

အခြေခံပညာဆက် လက်သင်ယူရန် ဆင်းရဲနွမ်းပါးသော မြန်မာကျောင်းသား တစ်သိန်းခန့်အတွက် ကမ္ဘာ့ ဘဏ် ချေးငွေနှင့် သြစတြေးလျနိုင်ငံ၏ ထောက်ပံ့မှုဖြင့် ငွေကြေးအကူအညီရရှိမည်ဖြစ်ကြောင်း ကမ္ဘာ့ ဘဏ်က သတင်းထုတ်ပြန်သည်။

ကမ္ဘာ့ဘဏ်ချေးငွေ အမေ ရိကန်ဒေါ်လာသန်းရှစ်ဆယ်နှင့် သြစတြေးလျနိုင်ငံမှ အလှူရှင်များ၏ ထောက်ပံ့ ငွေ အမေရိကန်ဒေါ်လာသန်းနှစ်ဆယ်တို့ဖြင့် မြန်မာနိုင်ငံတွင် ပညာသင် ထောက်ပံ့ကြေး၊ ကျောင်းထောက် ပံ့ကြေး ပေးအပ်မည့်စီမံကိန်းအတွက် သဘောတူလက်မှတ်ရေးထိုးပြီးနောက် ထုတ်ပြန်လိုက်ခြင်းဖြစ် သည်။

မြန်မာနိုင်ငံရှိ အခြေခံပညာ ကျောင်းများသို့ ဗဟိုချုပ်ကိုင်မှု ဖြေလျှော့ထားသော ထောက်ပံ့ ငွေပေး အပ်ခြင်း စီမံကိန်းသည်မြန် မာအစိုးရလက်ရှိဆောင်ရွက်နေ သော ပညာသင်ထောက်ပံ့ကြေး နှင့်ကျောင်း ထောက်ပံ့ကြေးစီမံ ချက်များကို ပိုမိုတိုးတက်ကောင်း မွန်စေရန် ရည်ရွယ်ကြောင်းသိရ သည်။

ချေးငွေနှင့်ထောက်ပံ့ငွေအ မေရိကန်ဒေါ်လာသန်းတစ်ရာ သည် အခြေခံပညာကျောင်းများ အတွက် အသုံးစရိတ် ထောက်ပံ့ငွေပိုမိုရရှိစေမည်ဖြစ်ပြီး မြို့နယ်လေးဆယ်တွင် ပညာသင် ထောက်ပံ့ကြေး အစီ အစဉ် ကို  ဆောင်ရွက်မည်ဖြစ်သည်။

‘‘ကျောင်းထောက်ပံ့ကြေးစီ မံချက်နဲ့ နွမ်းပါးတဲ့ကလေးတွေအ တွက် ဦးတည်ထားတဲ့ပညာသင် ထောက်ပံ့ ကြေး စီမံချက်တွေ ကြောင့်ကျောင်းဆက်လက်တက် ရောက်ပြီး ပညာသင်ယူနိုင်တဲ့က လေးအရေအတွက် ပိုများလာပါ လိမ့်မယ်။ဒီစီမံချက်တွေတိုးချဲ့နိုင် ဖို့ မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင် ရွက်နိုင်တဲ့အတွက် သြစတြေးလျ အစိုးရအနေနဲ့ အထူးဝမ်းမြောက် မိပါတယ်’’ဟု မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ သံ အမတ်ကြီးက ပြောသည်။ အထက်ပါ ပညာသင်ထောက်ပံ့မှုစီမံချက်များ အကောင်အထည်ဖော်ရန် နှင့်ကြီး ကြပ်ဆောင်ရွက်နိုင်ရန် ပညာရေးဝန်ကြီးဌာန၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ရန် ရည်ရွယ် ထားကြောင်း ကမ္ဘာ့ဘဏ်၏ ထုတ်ပြန် ချက်တွင် ရေးသားထားသည်။

7Day DAILY 

No comments:

Post a Comment