Thursday 16 October 2014

ကျန်းမာရေးထိခိုက်နိုင်သော တရားမဝင်မုန့်မျိုးစုံ နိုင်ငံအတွင်း ပျံ့နှံ့နေဟုဆို

Photo: ကျန်းမာရေးထိခိုက်နိုင်သော တရားမဝင်မုန့်မျိုးစုံ နိုင်ငံအတွင်း ပျံ့နှံ့နေဟုဆို
Thursday, October16, 2014

ပြည်သူ့ကျန်းမာရေးကို ထိ ခိုက်စေနိုင်သော တရားမဝင် မုန့်မျိုး စုံ နိုင်ငံအတွင်း ပျံ့နှံ့လျက်ရှိကြောင်း စားသုံးသူ ကာကွယ်စောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌဖြစ်သူ ဦးဗအုပ်ခိုင်က ပြောသည်။

အဆိုပါ တရားမဝင်မုန့်အများ စုမှာ တရုတ်နိုင်ငံထုတ်မုန့်များ၊ တ ရုတ်ဘာသာ စကား စာတန်းပါ ဆိုး ဆေးပါသောမုန့်များ၊ ဆီးထုပ်များ၊ ကြက်အူချောင်း၊ အသားချောင်းများ၊ မြန်မာနိုင်ငံ အစားအသောက်နှင့်ဆေး ဝါးကွပ်ကဲရေးဌာန၏ ခွင့်ပြုချက်မပါ ရှိသော မုန့်အမျိုးအစားများဖြစ်ကြောင်း အဆိုပါအသင်းမှ သိရသည်။

ပြီးခဲ့သည့် သြဂုတ် ၁၅ရက်က နေပြည်တော်ရှိ တရားမဝင်မုန့်များ ကို မြန်မာနိုင်ငံ စားသုံးသူကာကွယ် ရေးအသင်းက မြို့တော်စည်ပင်နှင့် ရဲတပ်ဖွဲ့ဝင်များဖြင့် ပူးပေါင်း မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ဦးဗအုပ်ခိုင်က ပြောသည်။

''နေပြည်တော်မှာ အသင်းရုံးခွဲ ဖွင့်ပြီးပြီးချင်း နောက်နေ့ပဲ ဈေးဆိုင် တွေကို လိုက်စစ်တာ သွင်းကုန်ထုတ် ကုန်လိုင်စင်မရှိတဲ့မုန့်တွေ၊ အဓိက က တရုတ်နိုင်ငံကထုတ်ပြီး အန္တရာယ် ရှိတဲ့မုန့်တွေ ဖြစ်နေတယ်''ဟု ယင်း ကပြောသည်။

အဆိုပါမုန့်များကို စားသုံးမိပါ က ပါးစပ်တစ်ဝိုက်တွင် ရောင်ကိုင်း ခြင်း၊ လျှာတွင် အရည်ကြည်ဖုများထွက် ခြင်း၊ ကြာရှည်စွာစားသုံးမိပါက အ စာအိမ်လမ်းကြောင်းကိုပါ ထိခိုက်နိုင် ကြောင်း ဦးဗအုပ်ခိုင်ကပြောသည်။
နေပြည်တော် တပ်ကုန်းမြို့နှင့် ပျဉ်းမနားမြို့များတွင် အဆိုပါမုန့်များ ရှိမရှိ ထပ်မံစစ်ဆေးရာ နေပြည်တော် ကောင်စီမှ တာဝန်ရှိသူများက ဝင် ရောက်တားမြစ်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံက ဝင်ရောက်လာ သော အန္တရာယ်ရှိသော မုန့်များနှင့် ပတ်သက်ပြီး တရုတ်သံရုံးမှ မြန်မာ နိုင်ငံ နိုင်ငံခြားရေးဒုဝန်ကြီးထံသို့ စာ တင်ပို့ခဲ့ကြောင်း၊ ထိုမှတစ်ဆင့် စီးပွား ကူးသန်းဝန်ကြီးဌာနနှင့် ကျန်းမာရေး ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး အသင်းတို့ ပြီးခဲ့သည့် စက်တင်ဘာ ၃ဝရက်တွင် တွေ့ဆုံမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

''စီးပွားကူးသန်းနဲ့ အစည်းအဝေး မှာ တရုတ်နိုင်ငံက ပေးပို့တဲ့စာရတယ်။ သူတို့ဆီက ဘယ်မုန့်အမျိုးအစားတွေ ကို ဖျက်ဆီးတာလဲဆိုပြီး မေးထား တယ်။ ဒီတော့ ကျွန်တော်တို့က ဒီမုန့် တွေဟာ သွင်းကုန်ထုတ်ကုန်လိုင်စင် မရှိဘူး။ မုန့်ထဲက ပါဝင်ပစ္စည်းတွေ ကို ဖော်ပြထားခြင်းမရှိဘူး။ ပြီးတော့ ထောက်ခံချက် လက်မှတ်မရှိဘူးလို့ အကြောင်းပြန်စာ ရေးပေးလိုက်ပါ တယ်''ဟု ဦးဗအုပ်ခိုင်ကပြောသည်။

တရုတ်စာတန်းပါ မုန့်များကို မန္တလေးမြို့တွင် ထုတ်လုပ်ရောင်းချ နေမှုများ လည်းရှိပြီး အများစုမှာ နယ် စပ်မှ တရားမဝင် ဝင်ရောက်လာခြင်း ဖြစ်သည်ဟု စီးပွားကူးသန်းဝန်ကြီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်ဇော် က ပြောကြားခဲ့ ကြောင်း သိရသည်။

Yangon Media Group
ပြည်သူ့ကျန်းမာရေးကို ထိခိုက်စေနိုင်သော တရားမဝင်မုန့်မျိုးစုံ နိုင်ငံအတွင်း ပျံ့နှံ့လျက်ရှိကြောင်း စားသုံး သူ ကာကွယ်စောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌဖြစ်သူ ဦးဗအုပ်ခိုင်က ပြောသည်။

အဆိုပါ တရားမဝင်မုန့်အများစုမှာ တရုတ်နိုင်ငံထုတ်မုန့်များ၊ တရုတ်ဘာသာစကား စာတန်းပါ ဆိုး ဆေး ပါသောမုန့်များ၊ ဆီးထုပ်များ၊ ကြက်အူချောင်း၊ အသားချောင်းများ၊ မြန်မာနိုင်ငံ အစားအသောက်နှင့်ဆေး ဝါးကွပ်ကဲရေးဌာန၏ ခွင့်ပြုချက်မပါ ရှိသော မုန့်အမျိုးအစားများဖြစ်ကြောင်း အဆိုပါအသင်းမှ သိရသည်။

ပြီးခဲ့သည့် သြဂုတ် ၁၅ရက်က နေပြည်တော်ရှိ တရားမဝင်မုန့်များကို မြန်မာနိုင်ငံ စားသုံးသူကာကွယ် ရေးအသင်းက မြို့တော်စည်ပင်နှင့် ရဲတပ်ဖွဲ့ဝင်များဖြင့် ပူးပေါင်း မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ဦးဗအုပ်ခိုင်က ပြောသည်။

''နေပြည်တော်မှာ အသင်းရုံးခွဲ ဖွင့်ပြီးပြီးချင်း နောက်နေ့ပဲ ဈေးဆိုင် တွေကို လိုက်စစ်တာ သွင်းကုန်ထုတ် ကုန်လိုင်စင်မရှိတဲ့မုန့်တွေ၊ အဓိက က တရုတ်နိုင်ငံကထုတ်ပြီး အန္တရာယ် ရှိတဲ့မုန့်တွေ ဖြစ်နေတယ်''ဟု ယင်း ကပြောသည်။

အဆိုပါမုန့်များကို စားသုံးမိပါ က ပါးစပ်တစ်ဝိုက်တွင် ရောင်ကိုင်း ခြင်း၊ လျှာတွင် အရည်ကြည်ဖုများထွက် ခြင်း၊ ကြာရှည်စွာစားသုံးမိပါက အစာအိမ်လမ်းကြောင်းကိုပါ ထိခိုက်နိုင် ကြောင်း ဦးဗအုပ်ခိုင်ကပြော သည်။ နေပြည်တော် တပ်ကုန်းမြို့နှင့် ပျဉ်းမနားမြို့များတွင် အဆိုပါမုန့်များ ရှိမရှိ ထပ်မံစစ်ဆေးရာ နေပြည်တော် ကောင်စီမှ တာဝန်ရှိသူများက ဝင် ရောက်တားမြစ်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံက ဝင်ရောက်လာသော အန္တရာယ်ရှိသော မုန့်များနှင့် ပတ်သက်ပြီး တရုတ်သံရုံးမှ မြန်မာ နိုင်ငံ နိုင်ငံခြားရေးဒုဝန်ကြီးထံသို့ စာတင်ပို့ခဲ့ကြောင်း၊ ထိုမှတစ်ဆင့် စီးပွားကူးသန်းဝန်ကြီးဌာနနှင့် ကျန်းမာရေး ဝန်ကြီး ဌာနတို့မှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး အသင်းတို့ ပြီးခဲ့သည့် စက်တင်ဘာ ၃ဝရက်တွင် တွေ့ဆုံမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

''စီးပွားကူးသန်းနဲ့ အစည်းအဝေး မှာ တရုတ်နိုင်ငံက ပေးပို့တဲ့စာရတယ်။ သူတို့ဆီက ဘယ်မုန့်အမျိုးအစား တွေ ကို ဖျက်ဆီးတာလဲဆိုပြီး မေးထား တယ်။ ဒီတော့ ကျွန်တော်တို့က ဒီမုန့် တွေဟာ သွင်းကုန်ထုတ် ကုန်လိုင်စင်မရှိဘူး။ မုန့်ထဲကပါဝင်ပစ္စည်းတွေကို ဖော်ပြထားခြင်းမရှိဘူး။ ပြီးတော့ ထောက်ခံချက် လက်မှတ် မရှိဘူးလို့ အကြောင်းပြန်စာ ရေးပေးလိုက်ပါ တယ်''ဟု ဦးဗအုပ်ခိုင်ကပြောသည်။

တရုတ်စာတန်းပါ မုန့်များကို မန္တလေးမြို့တွင် ထုတ်လုပ်ရောင်းချ နေမှုများ လည်းရှိပြီး အများစုမှာ နယ် စပ်မှ တရားမဝင် ဝင်ရောက်လာခြင်း ဖြစ်သည်ဟု စီးပွားကူးသန်းဝန်ကြီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်ဇော် က ပြောကြားခဲ့ ကြောင်း သိရသည်။

Yangon Media Group

No comments:

Post a Comment