Thursday 16 October 2014

မိခင်ဖြစ်သူအား သမီးရင်းဖြစ်သူ(၂)ဦးမှ အ၀တ်၊ ကြိုးများဖြင့် တုတ်နှောင် ၍ ရွှေထည် ပစ္စည်းနှင့် ငွေများ လုယူမှုဖြစ်ပွား

၁၄.၁၀.၂၀၁၄ ရက်နေ့ ၁၀၀၀ အချိန်ခန့်တွင် လှိုင်သာယာမြို့နယ်နေ ဒေါ်ခင်စန်း၊ (၆၉)နှစ်မှ ၎င်းအား တစ် အိမ်တည်း အတူနေ သမီးကြီးဖြစ်သူ မတင်တင်အေး၊ (၃၀)နှစ်နှင့် သမီးငယ် မအေးအေးသန်း၊ (၂၈)နှစ် တို့မှ နေအိမ်၌ဆေးလူးပေး နေစဉ် သမီးကြီး မတင်တင်အေးမှ အင်္ကျီတစ်ထည်ဖြင့် ၎င်း၏ မျက်နှာကို
အုပ်၍ ချည်နှောင်ခဲ့ပြီး သမီးငယ် မအေးအေးသန်းမှလည်း လက်နှစ်ဘက်ကို နှစ်ပင်လိမ် လျှပ်စစ် ၀ါယာကြိုးဖြင့် ကုလားထိုင်နှင့်တွဲ၍ ချည်နှောင်ခဲ့သည့်အပြင် ခြေထောက် (၂)ချောင်းကိုလည်း ပူး၍ချည် နှောင် ခဲ့ကြောင်း၊ ပြီးနောက် ၎င်း၏လည်ပင်းတွင် ဆွဲထားသော ရွှေဆွဲကြိုး(၁)ကုံး တန်ဖိုး (၁၃၈၀၀၀) ကျပ်၊ အတွင်းခံအင်္ကျီအိတ် အတွင်းမှ ရွှေဆွဲသီး(၁)ခု တန်ဖိုး(၂၆၉၀၀၀)ကျပ်၊ ရွှေ လက်ကောက်(၂)ကွင်း တန်ဖိုး(၆၉၆၀၀၀)ကျပ်နှင့် အိပ်ယာအောက်တွင်ထားရှိသော ငွေကျပ် (၁၉၀၀၀၀)တို့အား ယူဆောင်သွားခဲ့ ကြောင်း၊ ယင်းသို့ ကျူးလွန်ခဲ့ကြသည့် သမီး(၂)ဦးဖြစ်သူ မတင်တင်အေးနှင့် မအေးအေးသန်းတို့(၂)ဦးအား အရေးယူ ပေးပါရန် တိုင်တန်းခဲ့ပါသည်။

တိုင်တန်းချက်အရ လှိုင်သာယာမြို့မရဲစခန်း(ပ)၁၅၂၁/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၈၂/၃၄၂ ဖြင့် အမှုဖွင့်လှစ် ကာ ပြစ်မှုကျူးလွန်သူ မတင်တင်အေးနှင့် မအေးအေးသန်းတို့(၂)ဦးအား ဖမ်းဆီးရမိရေး ဆောင်ရွက် လျက်ရှိ ကြောင်း သတင်းရရှိပါသည်။

Yangon Police

No comments:

Post a Comment