Thursday 16 October 2014

ထိုင်းနိုင်ငံတွင် လူသတ်မှုဖြင့်စွပ်စွဲခံထားရသည့် မြန်မာနှစ်ဦးအတွက် အမှုမှန်ပေါ်ရေး သမ္မတနှင့်ကာချုပ် တောင်းဆို


ထိုင်းနိုင်ငံ စူရတ်ဌာနီခရိုင်အ တွင်းရှိ လိပ်ကျွန်း(ခိုတောင်)တွင် ဗြိတိန် စုံတွဲနှစ်ဦးအားသတ်ဖြတ်သည်ဟု စွပ်စွဲခံဖမ်းဆီးခံထားရသော မြန်မာနိုင်ငံ သားနှစ်ဦး၏အမှုကို အမှန်တိုင်းဖြစ် အောင် ဆောင်ရွက် ပေးရန်အတွက် ထိုင်းဝန်ကြီးချုပ် ပရာယုသ်ချန်အိုချာ အား နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့က တောင်းဆိုထား ကြောင်း ရခိုင်တိုင်းရင်းသားရေးရာဝန် ကြီး ဦးဇော်အေးမောင်က ပြောသည်။

အောက်တိုဘာ ၁၄ရက်က ထိုင်း နိုင်ငံ၌လူသတ်မှုဖြင့် ဖမ်းဆီးခံထားရ သော မြန်မာနိုင်ငံသားနှစ်ဦး၏ မိသားစု ဝင်များကြြဲ ရုံးခန်းတွင် ရှင်းလင်း ပွဲလုပ်ခဲ့ပြီး ယင်းရှင်းလင်းပွဲတွင် ရခိုင် ဝန်ကြီးဦးဇော်အေးမောင် က အထက် ပါအတိုင်း ပြောကြားခဲ့သည်။


''ဒီအမှုကို အမှန်တိုင်းပေါ်ပေါက် ဖို့အတွက် ထိုင်းဝန်ကြီးချုပ်ကိုဆောင် ရွက်ပေးပါလို့ပြောလိုက်တယ်။ ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလဲ အမှုမှန်ပေါ်ပေါက်ဖို့ဆောင် ရွက်ပေးပါလို့ ပြောလိုက် တယ်။ ဒါတွေ ဟာ ကျွန်တော်တို့နိုင်ငံတစ်နိုင်ငံလုံးက အားလုံးဝိုင်းဝန်းပြီးတော့ ဆောင်ရွက် တယ်လို့မြင်တယ်''ဟု ၄င်းကပြောသည်။ အဆိုပါအမှုနှင့်ပတ် သက်ပြီး ရခိုင်ဝန် ကြီးက ¤င်း၏အမြင်ကို ယခုလို ပြော ပြသည်။

''သူများနိုင်ငံမှာ မျက်နှာငယ်နဲ့ သွားပြီး အလုပ်လုပ်တဲ့ရွှေ့ပြောင်းလုပ် သားတစ်ယောက်က တိုင်းတစ်ပါးသား နိုင်ငံသားတစ်ယောက်ကို ရက်ရက်စက် စက်သတ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ကိုယ့်တိုင်းဒေသမှာ ဖြစ်ရင်ဖြစ်နိုင်မယ်။ သူများတိုင်းတစ်ပါးမှာသွားပြီးတော့ မျက်နှာငယ် မျက်နှာမွဲ သွားအလုပ်လုပ် ရတဲ့လူငယ်နှစ်ယောက်ဟာ ဒါထိုင်းနိုင်ငံ သားမဟုတ်ဘူး။ ဥရောပနိုင်ငံသား တစ် ယောက်ကို ရက်ရက်စက်စက်သတ်မယ်၊ မုဒိမ်းကျင့်မယ်။ အလောင်းကို အိတ်နဲ့ ထည့်ပစ်မယ်ဆိုတာ ရွှေ့ပြောင်းလုပ် သားတစ်ယောက်အနေနဲ့ လုံးဝမဖြစ် နိုင်ဘူး''ဟုပြောသည်။

ထိုင်းနိုင်ငံ စူရတ်ဌာနီခရိုင် လိပ် ကျွန်းတွင် ဗြိတိန်စုံတွဲအား မြန်မာနိုင်ငံ သားနှစ်ဦးက သတ်ဖြတ် လိုက်သည် ဟု စက်တင်ဘာ ၁၅ရက်က ထိုင်းရဲတပ် ဖွဲ့မှစွပ်စွဲပြီး ဖမ်းဆီးထားလိုက်သည်။ အဆိုပါဖမ်းဆီးမှုနှင့်ပတ်သက်ပြီး အမှု မှန်ပေါ်ပေါက်ရန်အတွက် ရခိုင်ကွန် ရက်၊ ထိုင်းနိုင်ငံအခြေစိုက် လူမှုပညာ ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေး ရှင်းအရပ်ဘက်အဖွဲ့အစည်းများ၊ မြန် မာနိုင်ငံသံရုံး၊ ထိုင်းနိုင်ငံမှပညာရှင်များ ကလည်း ဖမ်းဆီးခံမြန်မာနိုင်ငံသားနှစ် ဦးသည် အမှန်တကယ်လူသတ်မှုမကျူး လွန်နိုင်ကြောင်း သတင်းစာမျက်နှာ ပေါ်တွင် ထုတ်ဖော်ပြောကြားထားသည်။

''ဒီကလေးတွေဖြစ်တဲ့နေရာကို ကျွန်တော်တို့သွားရောက်စစ်ဆေးခဲ့ တယ်။ အဲဒီနေရာကို ထိုင်းနိုင်ငံမှာရှိတဲ့ ထိုင်းရှေ့နေတွေလဲ ပါတယ်။ သူတို့က လဲ ဒီကလေးတွေ လူသတ်မှုကျူးလွန် နိုင်ကြောင်းမရှိဘူးဆိုတာကို ပြောခဲ့ တယ်။ နောက်တစ်ခုက ပတ်ဝန်းကျင်မှာ ရှိတဲ့ ထိုင်းလူမျိုးတွေကိုမေးတော့လဲ သူ တို့လဲ မဖြစ်နိုင်ဘူးဆိုတဲ့အကြောင်းကို ပြောကြတယ်။ ဒါကြောင့် ကျွန်တော်တို့ အဖွဲ့အနေနဲ့ပြောနိုင်တာကတော့ လူ သတ်မှုမကျူးလွန်ဘူးဆိုတာ အာမခံ ပြောရဲတယ်''ဟု ထိုင်းနိုင်ငံအခြေစိုက် ပညာရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှအဖွဲ့ဝင် ဦးထူးချစ်က ပြောသည်။

¤င်းအမှုအား ထိုင်းနိုင်ငံ တရား ရုံးမှ အချက်အလက်များ ပြည့်စုံခြင်းမရှိ သောကြောင့် ပယ်ချလိုက်ရာ အောက် တိုဘာ ၁၄ရက်တွင် ပြန်လည်ကြားနာ စစ်ဆေးရန်အတွက် အချက်အလက် များကို ထိုင်းရဲတပ်ဖွဲ့မှတင်ပြခဲ့ပြီး အောက် တိုဘာ ၁၅ရက်တွင် ရုံးထုတ်စစ်ဆေး မည်ဖြစ်သည်။

အဆိုပါကြားနာစစ်ဆေးမှုများ ပြုလုပ်စဉ်အချိန်တွင် အမှုမှန်ပေါ်ပေါက် ရန်အတွက် ထိုင်းနိုင်ငံရှိ သက်ဆိုင် ရာ ဌာနများအနေနှင့် ဆောင်ရွက်ပေးရန် အောက်တိုဘာ ၁၄ရက်က ပြည်ထောင်စု လွှတ်တော်နှင့် အမျိုးသား လွှတ်တော် ကလည်း သဝဏ်လွှာပေးပို့ထားပြီးဖြစ် သလို နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကလည်း ထိုင်းနိုင်ငံ ဝန်ကြီးချုပ်အား တောင်းဆိုထားသည်။

''ဖမ်းဆီးခံမြန်မာနိုင်ငံသားနှစ်ဦး ထဲမှာ ကိုဝင်းဇော်ထွန်း၏အဖေဖြစ်သူ ဦးထွန်းထွန်းထိုက်က ဒီကလေးက ငယ် ငယ်လေးကတည်းက ဆော့ရင်တောင် မှ မိန်းကလေးတွေနဲ့ဆော့တာ။ အရက် လဲမသောက်တတ်ဘူး။ အားကစားကို ဝါသနာပါတယ်။ ဒါကြောင့် လူသေးသေး လေးက လူအကြီးကြီးကို သတ်နိုင်ဖို့ဆို တာ မလွယ်ကူသလို ဒီကလေး လူမ သတ်ဘူးဆိုတာ ကျွန်တော်ယုံတယ်။ ဒီအမှုကို အမှန်တိုင်းပေါ်ပေါက်ဖို့အ တွက် နိုင်ငံတော်အကြီးအကဲများ၊ အဖွဲ့ အစည်းများ၊ ပြည်သူများ ဝိုင်းဝန်းကူညီ ပေးကြပါ''ဟု ဦးထူးချစ်ကပြောသည်။

ထိုင်းနိုင်ငံ၌ဖမ်းဆီးခံထားရသော မြန်မာနိုင်ငံသားနှစ်ဦးအား သွားရောက် တွေ့ဆုံနိုင်ရန်အတွက် မိသားစု ဝင်များ ကို ထိုင်းနိုင်ငံသို့ ခေါ်ဆောင်သွားရန် ရခိုင်ကွန်ရက်၊ ထိုင်းအခြေစိုက် လူမှုအ ဖွဲ့အစည်းများ နှင့်မြန်မာသံရုံးတို့က စီ စဉ်ထားပြီး အနည်းဆုံးအချိန်တစ်လ အထိနေထိုင်နိုင်ရန် မြန်မာအစိုးရဘက် မှကူညီပေးသွားမည်ဖြစ်ကြောင်း ရခိုင် ကွန်ရက်ဥက္ကဋ္ဌ ဦးတင်ထူးအောင်က ပြောသည်။

Yangon Media Group

No comments:

Post a Comment