Thursday 16 October 2014

ချက်ထရီယမ် ဟိုတယ်ကို စည်ပင် တရားစွဲမည်

ရန်ကုန်မြို့တော်စည်ပင်က သတ်မှတ်ထားသော ရေသန့်စင်မှုစနစ်ကို အသုံးမပြုဘဲ ကန်တော်ကြီးအတွင်း ရေဆိုးများစွန့်ပစ်မှုဖြင့် နတ်မောက်လမ်းရှိ ချက်ထရီယမ်ဟိုတယ်အား တရားစွဲဆိုမည်ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)၊ ဌာနခွဲမှူး ဒေါ်ခင်အေးမြင့်က အောက်တိုဘာ ၁၆ ရက်တွင် မဇ္ဈိမကို ပြောသည်။
အထင်ကရနေရာဖြစ်သည့် ကန်တော်ကြီးအတွင်းရှိ ရေများ သန့်ရှင်းကြည်လင်စေရန် ဆောင်ရွက်နေချိန်တွင် ကန်တော်ကြီးပတ်လည်ရှိ ဟိုတယ်များ၊ စားသောက်ဆိုင်များကို သန့်စင်မှု စနစ်အသုံးပြု၍ ရေဆိုးစွန့်ထုတ်ရန် ညွှန်ကြားထားသော်လည်း ချက်ထရီယမ်ဟိုတယ်က လိုက်နာမှုမရှိဟု ရေနှင့် သန့်ရှင်းမှု ဌာန ခွဲမှူးက ဆိုသည်။
 “ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနကို ညှိနှိုင်းအကြောင်းကြားစာ ပို့ပေးမယ်။ စာပို့ပြီးတာနဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရဲ့ ဥပဒေနဲ့အညီ တရားစွဲမယ်” ဟု ဒေါ်ခင်အေးမြင့်က ပြောသည်။ တရားစွဲမည့်ရက် အတိအကျကိုမူ ပြောဆိုခြင်းမရှိသေးဘဲ အစီအစဉ်များ စတင်လုပ်ဆောင်နေပြီဟု ဆိုသည်။
Photo: ချက်ထရီယမ် ဟိုတယ်ကို စည်ပင် တရားစွဲမည်
Thursday, October16, 2014

ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေ ပုဒ်မ ၆၂(စ)တွင် “မည်သူမျှ စက်ရုံ၊ အလုပ်ရုံနှင့် စီးပွားရေးလုပ်ငန်း တစ်ရပ်ရပ်မှ စွန့်ပစ်သောရေဆိုးများကို ကော်မတီကသတ်မှတ် ထားသော စံချိန်စံညွှန်းနှင့်အညီ သန့်စင်စေရန် ဆောင်ရွက်ထားခြင်းမရှိဘဲ ရေမြောင်းမြစ်ချောင်းများအတွင်းသို့ စွန့်ထုတ်ခြင်း၊ စီးဆင်းစေခြင်းမပြုရ” ဟု ပြဌာန်းထားသည်။
 
“သူတို့ဆီမှာ ဘယ်လောက်ထိ စွန့်ထုတ်တဲ့စနစ်ရှိတယ်ဆိုပေမယ့် သွားပြီးတော့ လေ့လာလိုက်တဲ့အချိန်မှာ သူတို့စနစ်က ပျက်စီးနေပြီ။ ဘာမှသုံးစွဲတာ မရှိဘူး” ဟု  ဒေါ်ခင်အေးမြင့်က ပြောသည်။
 
ထို့ပြင် သတ်မှတ်ထားသော ရေသန့်စင်မှုစနစ်ဖြင့် စွန့်ထုတ်ရန် မြို့တော်စည်ပင်၏ ညှိနှိုင်းမှုကို ချက်ထရီယမ်ဟိုတယ်၊ အင်ဂျင်နီယာချုပ် ဦးကိုကိုဌေးက ကနဦးတွင် သဘောတူခဲ့သော်လည်း အောက်တိုဘာ ၁၄ရက်တွင်မူ ပြန်လည်ငြင်းဆန်ခဲ့သည်ဟု စည်ပင်ဌာနမှူးက ဆိုသည်။
 
အင်ဂျင်နီယာချုပ် ဦးကိုကိုဌေးအား မဇ္ဈိမက ဆက်သွယ်မေးမြန်းရာတွင်မူ “ကျွန်တ်ာဘာမှ ပြောလို့မရပါဘူး။ ကျွန်တော်ဝန်ထမ်းတစ်ယောက်ပါ” ဟု ပြန်လည်ဖြေကြားသည်။
mizzima

No comments:

Post a Comment