Wednesday 15 October 2014

တပ်မတော်သတင်းများထုတ်ပြန်ရန် ကာချုပ်က ဗိုလ်ချုပ်သုံးဦးအား တာဝန်ပေး

တပ်မတော်နှင့် ပုဂ္ဂလိကသတင်းမီဒီယာများကြား ရေရှည် နားလည်မှု၊ ယုံကြည်မှု တည် ဆောက်ရေးနှင့် တပ်မတော် သတင်းများပုံမှန်ထုတ်ပြန်ပေးရန် ဗိုလ်ချုပ်သုံးဦးအား ပြောရေးဆို ခွင့်ရှိသူအဖြစ် တာဝန်ပေးအပ် လိုက်ပြီး တပ်မတော် သတင်းများပုံမှန်ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်က ပြော ကြား သည်။
အောက်တိုဘာ ၁၄ ရက်က နေပြည်တော်တွင် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်၊ ကာကွယ်ရေးဝန် ကြီးဌာန စစ်ဆင်ရေးအထူးကွပ် ကဲရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး လှဌေးဝင်းအပါအ၀င် ဗိုလ်ချုပ် ခုနစ်ဦးနှင့် မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီ (ယာယီ)တို့ တွေ့ဆုံ အပြီး ယင်းသို့ သဘောတူလိုက် ခြင်းဖြစ်သည်။

တပ်မတော်သတင်းများ ပုံ မှန်ထုတ်ပြန်ရေးအတွက် Spoke-sperson သုံးဦးအဖြစ် ကကပြည်မှဗိုလ်ချုပ်အောင်ရဲဝင်း၊ ကာကွယ် ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်အောင် သော်နှင့် ဗိုလ်ချုပ်စိုးနိုင်ဦးတို့အားကာကွယ်ရေးဦးစီးချုပ်က ကောင် စီထံ အမည်စာရင်းပေးခဲ့ပြီး ၎င်း တို့ထံ ဆက်သွယ်ရမည့် ဖုန်းနံ ပါတ်နှင့် လိပ်စာများကို မကြာမီ ရက်ပိုင်းအတွင်း မီဒီယာများထံ ဖြန့်ဝေပေးမည်ဖြစ်ကြောင်း တွေ့ ဆုံမှုတွင်ပါဝင်သော ကောင်စီ အဖွဲ့ဝင် ဦးသီဟစောက ပြော ကြားသည်။

‘‘တပ်မတော်နဲ့ ပတ်သက်တဲ့ သတင်းတွေကို သူတို့ဝက်ဘ် ဆိုက်မှာလည်း Update တင်မယ်။ဒီဗိုလ်ချုပ် သုံးယောက်ကလည်း ပုံမှန်သတင်းထုတ်ပြန်ပေးဖို့ ကျွန် တော်တို့ကတောင်းဆိုတယ်။ တပ်မတော်ဘက်က စိုးရိမ်မှုတွေ ကိုလည်း ကျွန်တော်တို့ကို ပြောပြ တယ်။ ဥပမာ ရှမ်းနဲ့ ကချင်နဲ့ ဖြစ် တဲ့ကိစ္စမျိုးဆို သူတို့မှာချက်ချင်း သတင်းထုတ်ပြန်ဖို့ အခက်အခဲရှိတယ်ပေါ့။ သတင်းထုတ်ပြန် လိုက်ရင် သူတို့ ရဲဘော်ရဲဘက် တွေရဲ့ အသက်အန္တရာယ်စိုးရိမ်ရ တယ်ပေါ့’’ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီယာယီသည် ကာကွယ် ရေးဦးစီးချုပ်နှင့် တွေ့ဆုံရန် စက် တင်ဘာကတည်းက ခွင့်တောင်း ထားခြင်းဖြစ်သည်။ တွေ့ဆုံမှုတွင် ကောင်စီမှ ဦးသီဟစော၊ ဦးဇော်သက်ထွေး၊ ဦးရဲမင်းဦးနှင့် ဒေါ်နန်းကလျာဝင်းတို့ပါဝင်ကြောင်း သိရသည်။

ယူနတီဂျာနယ် အပါအ၀င် တပ်မတော်နှင့် ပတ်သက်သည့် သတင်းများရေးသားဖော်ပြသော သတင်းသမားအချို့ကို တပ်မ တော်က တရားလိုပြုလုပ်ကာတရား စွဲဆိုခြင်းနှင့် ပတ်သက်၍ ထည့် သွင်းဆွေးနွေးမှုများ ရှိခဲ့သော် လည်း အမှုတစ်ခုချင်းကို အသေး စိတ်ပြောချင်းထက် အဖွဲ့အစည်း နှစ်ရပ်ကြား ရေရှည်ကြုံတွေ့နေ ရသည့် အခက်အခဲများကိုသာ အဓိကဦးစားပေးဆွေးနွေးခဲ့သည် ဟု ၎င်းကဆိုသည်။

‘‘တပ်မတော်ဘက်က သတင်း ချက်ချင်း မရရင်လည်း ကျွန်တော်တို့ဘက်မှာ ဘယ်လို အခက်အခဲတွေရှိတယ်။ အဆင် မပြေဘူးဆိုတာကို ကျွန်တော်တို့ ဘက်က တင်ပြပါတယ်။ သူတို့က လည်း လက်ခံတယ်။ ဒီနေ့တွေ့ဆုံမှုက တော်တော်လေးအဆင်ပြေ ပြီး အကျိုးလည်းရှိပါတယ်’’ဟု ဦးသီဟစောကဆိုသည်။

ပေါက်မြို့ အမှတ် (၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံကို ဓာ တုလက်နက်စက်ရုံဟုရေးသားခဲ့ ခြင်းကြောင့် ယူနတီ သတင်း ထောက်လေးဦးနှင့် CEO တို့ကို ကပစ စက်ရုံးမှူး ဒုဗိုလ်မှူးကြီး ကျော်ကျော်ဦးက တရားစွဲဆိုပြီး နောက် ပခုက္ကူခရိုင်တရားရုံးက အလုပ်ကြမ်းနှင့် ထောင် ဆယ်နှစ် ချမှတ်ခဲ့သည်။ ယခုနောက်ဆုံး အယူခံပြင်ဆင်မိန့်အရ သတင်း ထောက်များအား ထောင်ဒဏ်သုံး နှစ်လျှော့ချထားပြီး ယင်းအယူခံ အမိန့်ကိုပင် ပြည်ထောင်စု တရား လွှတ်တော်သို့ အယူခံထပ်မံတင် သွင်းထားသည်။

ထို့အပြင် လှိုင်သာယာမြို့ နယ်အတွင်း တပ်က သိမ်းဆည်း ထားသည့် လယ်မြေပေါ်တွင် ကျူးကျော်တည်ဆောက်ထားသည်ဆို သော အိမ်များကို ဖယ်ရှားစဉ် သတင်းရယူသည့် ဧရာဝတီဂျာ နယ်မှ သတင်းထောက် ကိုကျော် ထွန်းနှင့် တပ်မတော်အရာရှိများ အချင်းများခဲ့ပြီး လှိုင်သာယာ ရဲစခန်းတွင် နှစ်ဖက်အပြန်အ လှန်အမှုဖွင့်ထားဆဲဖြစ်သည်။

7 Day Daily

No comments:

Post a Comment