Wednesday 4 June 2014

တရုတ် နိုင်ငံ၏ Type 039 B ရေငုပ် သင်္ဘော ဆိုင်ရာ အချက် အလက်များ ထွက်ပေါ်

Photo: တရုတ် နိုင်ငံ၏ Type 039 B ရေငုပ် သင်္ဘော ဆိုင်ရာ အချက် အလက်များ ထွက်ပေါ်
Wednesday, June 4, 2014

တရုတ်နိုင်ငံ အနေဖြင့် ၂ဝ၁၄ ခုနှစ်အတွင်း ပါကစ္စတန်နိုင်ငံသို့ ရောင်းချမည့် Type 039 B ရေငုပ်သင်္ဘော ဆိုင်ရာ အချက်အလက်များကို ကနေဒါ အခြေစိုက် Kanwa သတင်း အချက်အလက် ရေးရာဌာနက ထုတ်ဖော် ပြောကြားခဲ့သည်ဟု သိရသည်။ လက်ရှိအချိန်တွင် တရုတ်ရေတပ်၌ အဆိုပါ Type 039 B ရေငုပ်သင်္ဘော ကိုးစင်း အသုံးပြုလျက်ရှိပြီး အဆိုပါ ရေငုပ်သင်္ဘောသည် အမြင့် ၈ ဒသမ ၂ မီတာ၊ အလျား ၆၆ မီတာရှိပြီး ရေအောက် အလေးချိန် ၂၂ဝဝ တန်နှင့် ရေပေါ် အလေးချိန် ၁၈၅ဝ တန်ရှိကြောင်း၊ ရေအောက်အနက် ၃ဝဝ မီတာအထိ ငုပ်လျှိုး သွားလာနိုင်စွမ်းရှိပြီး တစ်နာရီလျှင် အမြန်ဆုံးရေမိုင် ၁၈ မိုင် နှုန်းအထိ မောင်းနှင်နိုင်စွမ်း ရှိကြောင်းနှင့် တစ်နာရီလျှင် ရေမိုင် ၁၆ မိုင်နှုန်းဖြင့် ရေမိုင် ၈ဝဝဝ အထိ မောင်းနှင် နိုင်စွမ်းရှိကြောင်း သိရသည်။

၎င်းတွင် ၁၈ဝ ကီလိုမီတာ အကွာအဝေးအထိ ပစ်လွှတ် တိုက်ခိုက်နိုင်သော Yingji သင်္ဘောဖျက် ဒုံးကျည်များ တပ်ဆင်ထားကြောင်းနှင့် ပါကစ္စတန် ရေတပ်အနေဖြင့် ကီလိုမီတာ ၅ဝဝ အကွာအဝေးအထိ တိုက်ခိုက်နိုင်သော ရေအောက်မှ ပစ်လွှတ်သည့် Babur ခရုဇ်ဒုံးကျည် တပ်ဆင်ပေးရေး တရုတ်နိုင်ငံကို တောင်းဆိုဖွယ်ရှိကြောင်း Kanwa သတင်းအချက်အလက် ရေးရာဌာနက ထုတ်ဖော် ပြောကြားခဲ့သည်ဟု သိရသည်။

မြ၀တီ
တရုတ်နိုင်ငံ အနေဖြင့် ၂ဝ၁၄ ခုနှစ်အတွင်း ပါကစ္စတန်နိုင်ငံသို့ ရောင်းချမည့် Type 039 B ရေငုပ်သင်္ဘော ဆိုင်ရာ အချက်အလက်များကို ကနေဒါ အခြေစိုက် Kanwa သတင်း အချက်အလက် ရေးရာဌာနက ထုတ်ဖော် ပြောကြားခဲ့သည်ဟု သိရသည်။


လက်ရှိအချိန်တွင် တရုတ်ရေတပ်၌ အဆိုပါ Type 039 B ရေငုပ်သင်္ဘော ကိုးစင်း အသုံးပြုလျက်ရှိပြီး အဆိုပါ ရေငုပ်သင်္ဘောသည် အမြင့် ၈ ဒသမ ၂ မီတာ၊ အလျား ၆၆ မီတာရှိပြီး ရေအောက် အလေးချိန် ၂၂ဝဝ တန်နှင့် ရေပေါ် အလေးချိန် ၁၈၅ဝ တန်ရှိကြောင်း၊ ရေအောက်အနက် ၃ဝဝ မီတာအထိ ငုပ်လျှိုး သွားလာနိုင်စွမ်းရှိပြီး တစ်နာရီလျှင် အမြန်ဆုံးရေမိုင် ၁၈ မိုင် နှုန်းအထိ မောင်းနှင်နိုင်စွမ်း ရှိကြောင်းနှင့် တစ်နာရီလျှင် ရေမိုင် ၁၆ မိုင်နှုန်းဖြင့် ရေမိုင် ၈ဝဝဝ အထိ မောင်းနှင် နိုင်စွမ်းရှိကြောင်း သိရသည်။

၎င်းတွင် ၁၈ဝ ကီလိုမီတာ အကွာအဝေးအထိ ပစ်လွှတ် တိုက်ခိုက်နိုင်သော Yingji သင်္ဘောဖျက် ဒုံးကျည်များ တပ်ဆင်ထားကြောင်းနှင့် ပါကစ္စတန် ရေတပ်အနေဖြင့် ကီလိုမီတာ ၅ဝဝ အကွာအဝေးအထိ တိုက်ခိုက်နိုင်သော ရေအောက်မှ ပစ်လွှတ်သည့် Babur ခရုဇ်ဒုံးကျည် တပ်ဆင်ပေးရေး တရုတ်နိုင်ငံကို တောင်းဆိုဖွယ်ရှိကြောင်း Kanwa သတင်းအချက်အလက် ရေးရာဌာနက ထုတ်ဖော် ပြောကြားခဲ့သည်ဟု သိရသည်။

မြ၀တီ

No comments:

Post a Comment