Wednesday 4 June 2014

တောင်တရုတ်ပင်လယ်အရေးကို ငြိမ်းချမ်းစွာအဖြေရှာကြမယ်လို့ ပြောကြား လိုက်သည့် "အာရှကာကွယ်ရေးဝန်ကြီးများ"

Photo: တောင်တရုတ်ပင်လယ်အရေးကို ငြိမ်းချမ်းစွာအဖြေရှာကြမယ်လို့ ပြောကြား လိုက်သည့် "အာရှကာကွယ်ရေးဝန်ကြီးများ"
Wednesday, June 4, 2014

စင်္ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ အာရှကာကွယ်ရေးဝန်ကြီးများ ထိပ်သီး ဆွေးနွေးပွဲမှာ ကာကွယ် ရေးဝန်ကြီးတွေဟာ တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်ပြီး ငြိမ်းငြိမ်းချမ်းချမ်း အဖြေရှာကြ မှာဖြစ် တယ်လို့ ပြောကြားထားပါတယ်။ စင်္ကာပူနိုင်ငံမှာ စနေနေ့က ဒုတိယနေ့အဖြစ်ကျင်းပခဲ့တဲ့ အာရှလုံခြုံရေးထိပ်သီးဆွေးနွေးပွဲမှာ ကာကွယ်ရေးဝန်ကြီးတွေဟာ တောင်တရုတ်ပင်လယ်အတွင်းမှာ လုပ်ဆောင်နေတဲ့ တရုတ်နိုင်ငံရဲ့ လုပ်ရပ်နဲ့ပတ်သက်ပြီး ထဲထဲဝင်ဝင်ရှိတယ်လို့ ဖော်ပြခဲ့ကြပြီး တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းစွာနဲ့ အဖြေရှာကြမှာဖြစ်တယ်လို့လည်း ပြောကြားထားပါတယ်။

ဆွေးနွေးပွဲမှာ ပါဝင်သူတွေဟာ တောင်တရုတ်ပင်လယ်အတွင်းမှာ တရုတ်နိုင်ငံလုပ်ဆောင်နေတဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး ပါဝင်ပြီးပါဝင်ပြောကြားခဲ့တယ်လို့ သိရပါတယ်။ ဗီယက်နမ်ကာကွယ်ရေးဝန်ကြီး" Phung Quang Thanh "ကတော့ ဗီယက်နမ်နိုင်ငံက ပိုင်ဆိုင်တယ်လို့ပြောကြားထားတဲ့ ရေပိုက်နက်အတွင်းမှာ ရေနံတူးစင်တည်ဆောက်မှုကို ဖယ်ရှားဖို့တောင်းဆိုထားပြီး ငြိမ်းချမ်းစွာတွေ့ဆုံဆွေးနွေးဖို့ကို လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ပြောကြားထားပါတယ်။

မလေးရှားကာကွယ်ရေးဝန်ကြီး"ဟစ်ရှာ မူဒင်ဟူစိန"ကတော့ တောင်တရုတ်ပင်လယ်အတွင်း နယ်မြေအငြင်းပွားမှုနဲ့ ပတ်သက်ပြီး တရုတ် နိုင်ငံနဲ့ အာဆီယံနိုင်ငံတွေကြားမှာ ငြိမ်းချမ်စွာဖြေရှင်းမယ့် လုပ်ထုံးလုပ်နည်းတွေကို ဆွေးနွေးအဖြေရှာ နေဖို့ဟာ ခက်ခဲပေမယ့် ကြိုးစားနေကြောင်းနဲ့ ဒီလိုဖြေရှင်းမှသာရနိုင်မှာဖြစ်တယ်လို့ ပြောကြားထား တဲ့အပြင် ယုံကြည်မှုတည်ဆောက်ခြင်းကလည်း အရေးပါတယ်လို့ ပြောကြားထာပါတယ်။ သြစတြေးလျကာကွယ်ရေးဝန်ကြီး " ဒေးဗစ်ဂျွန်စတန် " ကလည်း တောင်တရုတ်ပင်လယ်အရေးဟာ အင်အားသုံးပြီး ဖြေရှင်းပါက တိုးတက်မှာမဟုတ်တာကြောင့် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အဖြေရှာဖို့ တိုက်တွန်းထားပါတယ်။

MRTV4
စင်္ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ အာရှကာကွယ်ရေးဝန်ကြီးများ ထိပ်သီး ဆွေးနွေးပွဲမှာ ကာကွယ် ရေးဝန်ကြီး တွေဟာ တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်ပြီး ငြိမ်းငြိမ်းချမ်းချမ်း အဖြေရှာကြ မှာဖြစ် တယ်လို့ ပြောကြားထားပါတယ်။ စင်္ကာပူနိုင်ငံမှာ စနေနေ့က ဒုတိယနေ့အဖြစ်ကျင်းပခဲ့တဲ့ အာရှလုံခြုံရေး ထိပ်သီး ဆွေးနွေးပွဲမှာ ကာကွယ်ရေးဝန်ကြီးတွေဟာ တောင်တရုတ်ပင်လယ်အတွင်းမှာ လုပ်ဆောင်နေတဲ့ တရုတ်နိုင်ငံရဲ့ လုပ်ရပ်နဲ့ပတ်သက်ပြီး ထဲထဲဝင်ဝင်ရှိတယ်လို့ ဖော်ပြခဲ့ကြပြီး တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းစွာနဲ့ အဖြေရှာကြမှာဖြစ်တယ်လို့လည်း ပြောကြားထားပါတယ်။

ဆွေးနွေးပွဲမှာ ပါဝင်သူတွေဟာ တောင်တရုတ်ပင်လယ်အတွင်းမှာ တရုတ်နိုင်ငံလုပ်ဆောင်နေတဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး ပါဝင်ပြီးပါဝင်ပြောကြားခဲ့တယ်လို့ သိရပါတယ်။ ဗီယက်နမ်ကာကွယ်ရေးဝန်ကြီး" Phung Quang Thanh "ကတော့ ဗီယက်နမ်နိုင်ငံက ပိုင်ဆိုင်တယ်လို့ပြောကြားထားတဲ့ ရေပိုက်နက် အတွင်း မှာ ရေနံတူးစင်တည်ဆောက်မှုကို ဖယ်ရှားဖို့တောင်းဆိုထားပြီး ငြိမ်းချမ်းစွာတွေ့ဆုံဆွေးနွေးဖို့ကို လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ပြောကြားထားပါတယ်။

မလေးရှားကာကွယ်ရေးဝန်ကြီး"ဟစ်ရှာ မူဒင်ဟူစိန"ကတော့ တောင်တရုတ်ပင်လယ်အတွင်း နယ်မြေ အငြင်း ပွား မှုနဲ့ ပတ်သက်ပြီး တရုတ် နိုင်ငံနဲ့ အာဆီယံနိုင်ငံတွေကြားမှာ ငြိမ်းချမ်စွာဖြေရှင်းမယ့် လုပ်ထုံး လုပ်နည်း တွေကို ဆွေးနွေးအဖြေရှာ နေဖို့ဟာ ခက်ခဲပေမယ့် ကြိုးစားနေကြောင်းနဲ့ ဒီလိုဖြေရှင်းမှသာ ရနိုင်မှာဖြစ်တယ်လို့ ပြောကြားထား တဲ့အပြင် ယုံကြည်မှုတည်ဆောက်ခြင်းကလည်း အရေးပါတယ်လို့ ပြောကြားထာပါတယ်။ သြစတြေးလျကာကွယ်ရေးဝန်ကြီး " ဒေးဗစ်ဂျွန်စတန် " ကလည်း တောင်တရုတ် ပင်လယ် အရေးဟာ အင်အားသုံးပြီး ဖြေရှင်းပါက တိုးတက်မှာမဟုတ်တာကြောင့် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အဖြေရှာဖို့ တိုက်တွန်းထားပါတယ်။

MRTV4

No comments:

Post a Comment