Wednesday 4 June 2014

စတုတ္ထတန်းနှင့် အဋ္ဌမတန်းစာမေးပွဲများ အစိုးရစစ်ပြောင်း

ယခုပညာသင်နှစ်မှစ တင်၍ အခြေခံပညာကျောင်းများ၏ စတုတ္ထတန်းနှင့် အဋ္ဌမတန်းများ၏ အတန်းတင် စာမေးပွဲများကို အစိုးရစစ်စနစ်သို့ ပြောင်းလဲစစ်ဆေးသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရ သည်။

ပညာရေးဝန်ကြီးဌာနသည် မူလတန်းမှ န၀မတန်းအထိ ကျောင်းတွင်းစစ်ဆေး၍ သတ္တမ တန်းအထိ အအောင်ပေးသော စနစ်ကို ကျင့်သုံးနေပြီး ဒသမတန်းသို့ရောက်ရှိမှသာ တက္ကသိုလ်ဝင် စာမေးပွဲအမည်ဖြင့် အစိုးရစစ် စနစ်ကို ကျင့်သုံးဆောင်ရွက်နေ သည်။

‘‘ပညာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေ ဆွေးနွေးသဘောတူညီထားပြီးပါပြီ။ တရားဝင်စာ တော့ မထွက် လာသေးဘူး။ လေး တန်းကို ခရိုင်က စစ်မယ်။ ရှစ်တန်းကို တိုင်းက စစ်ဆေးမယ်’’ ဟု ပညာရေးဝန်ကြီး ဌာနမှ တာ ၀န်ရှိသူတစ်ဦးကပြောသည်။

လက်ရှိအချိန်တွင် အခြေခံ ပညာအဆင့် စာမေးပွဲများကို အခန်းဆုံးစနစ်ဖြင့် စစ်ဆေးနေ ခြင်းဖြစ်ပြီး အစိုးရစစ် စနစ် ပြောင်းလဲကျင့်သုံးပါက သင်ခန်း စာအားလုံးထဲမှ မေးခွန်းထုတ် စစ်ဆေးသော စနစ်ကို ဆောင် ရွက်မည်ဖြစ်သည်။

‘‘အခုလို အခန်းဆုံးစစ် ဆေးတဲ့ စနစ်မဟုတ်တော့ဘူး။ သင်ခန်းစာအားလုံးကို လေ့လာရ တော့မှာပါ။ မေးခွန်းကတော့ တစ်စုံပဲ ထုတ်မယ်။ တက္ကသိုလ် ၀င်စာမေးပွဲလိုပဲပေါ့။ စာမေးပွဲ အကျ၊ အရှုံးလည်းရှိလာ မှာပါ’’  ဟု အထက်ပါပုဂ္ဂိုလ်ကပြောသည်။

ပညာရေးဝန်ကြီးဌာနက စတုတ္ထတန်းနှင့် အဋ္ဌမတန်းကို အစိုးရစနစ်သို့ ပြောင်းလဲကျင့် သုံးရန် သဘော တူညီ ထားသော် လည်း အခြေခံပညာကျောင်းများ မှ ဆရာ၊ ဆရာမများအနေဖြင့် ယင်းအချက်ကို တိတိ ကျကျသိရှိ ထားမှုမရှိသေးပေ။

‘‘ဒီလိုပဲကြားနေတာပဲရှိသေး တယ်။ အသေအချာမသိသေး ဘူး။ စာလည်း မထွက်လာသေး ဘူး။ အစိုးရ စနစ်ပြောင်းသွားရင် တော့ ကျောင်းသားတွေကို သင် ခန်းစာအားလုံး ကျေညက်နေ အောင် သင်ကြားရ တော့ မယ်’’ဟု ပဲခူးမြို့နယ်ရှိ အခြေခံပညာ အ ထက်တန်းကျောင်းမှ အလယ် တန်းပြ ဆရာမတစ်ဦးက ပြော သည်။

ဦးသိန်းစိန် အစိုးရသည် ပညာရေးပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် ကြေညာထားပြီး တက္က သိုလ် ပညာသင်နှစ်များ တိုးမြှင့် သတ်မှတ်ခဲ့သကဲ့သို့အခြေခံပညာ  သင်နှစ်များ တိုးမြှင့်ရန် စီစဉ်လျက်ရှိရာ ယခုအခါ စတုတ္ထတန်းနှင့် အဋ္ဌမတန်းတို့ကို အစိုးရစစ်ပုံစံ ပြောင်းလဲမည့် သတင်းထွက်ပေါ် လာခြင်းဖြစ်သည်။

7Day DAILY 

No comments:

Post a Comment