Wednesday 4 June 2014

ကမ္ဘာ့တန် ကြေး အမြင့် ဆုံး က စား သ မား စာ ရင်း မှာ အဆင့်် သုံးနေရာ ကို တက်လှမ်း လာတဲ့ လူးဝစ် ဆွာရက်စ်

လီဗာပူးလ် အသင်း ရဲ့ တိုက်စစ်မှူး ဖြစ်တဲ့ လူးဝစ် ဆွာရက် ဟာ CIES Football Observatory အဖွဲ့ က ထုတ်ပြန်ခဲ့ တဲ့ ကမ္ဘာ့ တန်ကြေး အမြင့် ဆုံး ကစားသမား စာရင်း မှာ လီယွန်နယ် မက်ဆီ နဲ့ စီရော်နယ်လ်ဒို တို့ရဲ့ နောက် တတိယ နေရာ ကို တက်လှမ်း လာခဲ့ ပါပြီ။ လီယွန်နယ် မက်ဆီ အနေနဲ့ တန်ကြေး စုစု ပေါင်း ပေါင် ၁၆၁.၅ သန်းကနေ ၁၈၇.၆ သန်း ကြား တန် ကြေး နဲ့ ထိပ်ဆုံးမှာ ရပ်တည် နေပြီး သူ့ရဲ့ နောက်မှာ တော့ ရီးရဲလ် မက်ဒ ရစ် အသင်း ရဲ့ ကစားသမား စီရော်နယ်လ် ဒိုက ပေါင် ၈၅.၂-၉၉.၁ သန်း နဲ့ ရပ်တည် နေပါတယ်။ တတိယ နေရာ ကို တက်လှမ်း လာခဲ့ တဲ့ လူးဝစ် ဆွာရက်စ် ရဲ့ တန်ကြေး ကတော့ ပေါင် ၇၉.၄ နဲ့ ၉၂.၃ သန်း ကြားမှာပါ။

့ တန်ကြေး စုစုပေါင်းကို ဆုံးဖြတ် ရာမှာ ကစားသမား ရဲ့ အသက်၊ လက်ရှိကလပ် အသင်းနဲ့ စာချုပ်သက်တမ်း ဘယ်လောက် ကျန်ရှိမှု၊ ကစားသမားရဲ့ တာဝန် ယူကစားရ တဲ့ နေရာ( တိုက်စစ်၊ကွင်းလယ်၊ ခံစစ်)၊ စွမ်းဆောင်ရည် အချက် အလက်များ၊ နိုင်ငံတကာ အဆင့် အတွေ့ အကြုံ ကြွယ်ဝမှု နဲ့ ကစား သမား ရဲ့ လက်ရှိ ရပ်တည် နေတဲ့ အဆင့် အတန်း တွေ ပေါ် မူတည်ပြီး ဆုံး ဖြတ် တာ ဖြစ်ပါတယ်။ 
စတုတ္ထ နေရာမှာတော့ ချယ်လ်ဆီး အသင်း ရဲ့ ဘယ်လ်ဂျီယံ တောင်ပံ ကစား သမား အီဒင်ဟာ ဇက် နဲ့ ပဉ္စမ နေရာမှာ ဘာစီလိုနာ အသင်းရဲ့ ဘရာဇီးလ် တောင် ပံကစား သမား နေမာ တို့က အသီးသီး ရပ်တည် နေပါတယ်။ တန်ကြေး အမြင့်ဆုံး ထိပ်ဆုံး (၂၀) ဦး စာရင်းမှာ ပရီးမီးယားလိဒ် ကစားသမား ကိုးယောက် နဲ့ အများ ဆုံး ပါဝင်ခဲ့ပြီး .. လာလီဂါ ကစားသမား တွေထဲ က ခုနှစ်ယောက် နဲ့ ဘွန်ဒက်လီဂါ က နှစ်ယောက် ၊ လီဂူး က တစ်ယောက် နဲ့  စီးရီး အေ က တစ်ယောက် စီ အသီးသီး ပါဝင်ခဲ့ကြ ပါတယ်။

Football Café 

No comments:

Post a Comment