Wednesday 4 June 2014

လေကြောင်းမှ အခွန်မဲ့ပစ္စည်းတင်သွင်းမှု ကူညီသည့် ၀န်ထမ်းများကို အရေးယူမည်

Photo: လေကြောင်းမှ အခွန်မဲ့ပစ္စည်းတင်သွင်းမှု ကူညီသည့် ၀န်ထမ်းများကို အရေးယူမည်
Wednesday, June 4, 2014

ရန်ကုန်လေဆိပ်မှ အခွန်မဲ့ပစ္စည်းများ တစ်ပိုင်တစ်နိုင်တင်သွင်းမှုတွင် ပါဝင်ပတ်သက်နေသည့် အကောက်ခွန်ဝန်ထမ်းများကို ဖော်ထုတ်အရေးယူသွားမည်ဟု အကောက်ခွန်ဦးစီးဌာန ကာကွယ်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက မဇ္ဈိမကို ပြောသည်။

“ပေါင်းပြီးလုပ်တယ်ဆိုရင်ဖော် ထုတ်မယ်၊ တိတိကျကျ တိုင်ကြားလာရင်တော့ ဖော်ထုတ်ပြီး ထိထိရောက် ရောက် အရေးယူမှာပါ” ဟု ၎င်းကပြောသည်။

သို့သော် အကောက်ခွန်ဦးစီးဌာန တာဝန်ယူထားရခြင်းမရှိသည့် ၀င်ပေါက်များလည်း ရန်ကုန်လေဆိပ်တွင် ရှိနေသေးသည်ဟု ဦးကျော်ဝင်းက အသိပေးသည်။

“လေဆိပ်ထဲမှာ ကျွန်တော်တို့တွေသွားလို့မရတဲ့နေရာတွေ ရှိပါတယ်” ဟု ၎င်းကဆိုသည်။ ယင်းကိုဖော် ထုတ်ရရှိပါက အကောက်ခွန်ဦးစီးဌာနက ခုံရုံးဖွဲ့စုံစမ်း စစ်ဆေးသွားမည်ဟု ဆိုသည်။

ဗဟိုဘဏ်၏ခွင့်ပြုချက်အရ နိုင်ငံသားတစ်ဦးသည် အမေရိကန်ဒေါ်လာ တစ်သောင်းအထိ အသုံးအဆောင် ပစ္စည်းများ သယ်ယူခွင့်ရရှိထားသည်။ ယင်းအနက် အမေရိကန်ဒေါ်လာ ငါးရာဖိုးအထိ ပစ္စည်းများကို အကောက်ခွန်ကင်းလွတ်ခွင့်ပြုထား ခြင်းဖြစ်သည်။

ယင်းကို အကြောင်းပြု၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အကောက်ခွန်ဝန်ထမ်းအချို့နှင့် ပူးပေါင်း ကာ ကားပစ္စည်း၊ အလှကုန်၊ ကွန်ပျူတာဆက်စပ်ပစ္စည်း၊ ဂေါ့ဖ်ရိုက် အသုံးအဆောင်များကိုအဖွဲ့လိုက်သယ် ယူ၍ အခွန်တိမ်းရှောင်နေသည်ဟု ရန်ကုန်လေဆိပ်အတွင်း အခြေစိုက်သည့် ဌာနတစ်ခုမှအဆင့်မြင့်အရာ ရှိတစ်ဦးက မေလကုန်တွင် မဇ္ဈိမကိုပြောထားသည်။ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် နိုင်ငံတကာ လေယာဉ်များ နေ့စဉ် အကြိမ် ၃၀ မှ ၄၀ ထိ ဆင်းသက်သည်ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦး စီးဌာန၏ စာရင်းများက ဆိုသည်။

Mizzima - News in Burmese
ရန်ကုန်လေဆိပ်မှ အခွန်မဲ့ပစ္စည်းများ တစ်ပိုင်တစ်နိုင်တင်သွင်းမှုတွင် ပါဝင်ပတ်သက်နေသည့် အကောက် ခွန် ၀န်ထမ်းများကို ဖော်ထုတ်အရေးယူသွားမည်ဟု အကောက်ခွန်ဦးစီးဌာန ကာကွယ်ရေးဌာနခွဲ ညွှန်ကြားရေး မှူး ဦးကျော်ဝင်းက မဇ္ဈိမကို ပြောသည်။

“ပေါင်းပြီးလုပ်တယ်ဆိုရင်ဖော် ထုတ်မယ်၊ တိတိကျကျ တိုင်ကြားလာရင်တော့ ဖော်ထုတ်ပြီး ထိထိရောက် ရောက် အရေးယူမှာပါ” ဟု ၎င်းကပြောသည်။

သို့သော် အကောက်ခွန်ဦးစီးဌာန တာဝန်ယူထားရခြင်းမရှိသည့် ၀င်ပေါက်များလည်း ရန်ကုန်လေဆိပ်တွင် ရှိနေသေးသည်ဟု ဦးကျော်ဝင်းက အသိပေးသည်။

“လေဆိပ်ထဲမှာ ကျွန်တော်တို့တွေသွားလို့မရတဲ့နေရာတွေ ရှိပါတယ်” ဟု ၎င်းကဆိုသည်။ ယင်းကိုဖော် ထုတ်ရရှိပါက အကောက်ခွန်ဦးစီးဌာနက ခုံရုံးဖွဲ့စုံစမ်း စစ်ဆေးသွားမည်ဟု ဆိုသည်။

ဗဟိုဘဏ်၏ခွင့်ပြုချက်အရ နိုင်ငံသားတစ်ဦးသည် အမေရိကန်ဒေါ်လာ တစ်သောင်းအထိ အသုံးအဆောင် ပစ္စည်းများ သယ်ယူခွင့်ရရှိထားသည်။ ယင်းအနက် အမေရိကန်ဒေါ်လာ ငါးရာဖိုးအထိ ပစ္စည်းများကို အကောက်ခွန်ကင်းလွတ်ခွင့်ပြုထား ခြင်းဖြစ်သည်။

ယင်းကို အကြောင်းပြု၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အကောက်ခွန်ဝန်ထမ်းအချို့နှင့် ပူးပေါင်း ကာ ကားပစ္စည်း၊ အလှကုန်၊ ကွန်ပျူတာဆက်စပ်ပစ္စည်း၊ ဂေါ့ဖ်ရိုက် အသုံးအဆောင်များကိုအဖွဲ့လိုက်သယ် ယူ၍ အခွန်တိမ်းရှောင်နေသည်ဟု ရန်ကုန်လေဆိပ်အတွင်း အခြေစိုက်သည့် ဌာနတစ်ခုမှအဆင့်မြင့်အရာ ရှိတစ်ဦးက မေလကုန်တွင် မဇ္ဈိမကိုပြောထားသည်။ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် နိုင်ငံတကာ လေယာဉ်များ နေ့စဉ် အကြိမ် ၃၀ မှ ၄၀ ထိ ဆင်းသက်သည်ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦး စီးဌာန၏ စာရင်းများက ဆိုသည်။

Mizzima - News in Burmese

No comments:

Post a Comment