Wednesday 4 June 2014

လားရှိုးမြို့မှ တရားမ၀င်အနှိပ်ခန်းကို ဖမ်းဆီးအရေးယူ

ရှမ်းပြည်(မြောက်ပိုင်း) လား ရှိုးမြို့၊မြို့မရဲစခန်းနယ်မြေအတွင်း တရားမ၀င်အနှိပ်ခန်းများ ဖွင့် လျက်ရှိနေ ကြောင်း သတင်းရရှိ သဖြင့် မေ ၂၇ ရက် (၂၃း၄၅) အချိန်တွင် လားရှိုးမြို့နယ်ရဲတပ်ဖွဲ့ မှူး ရဲမှူး တင်ဖေ၀င်း၊ လားရှိုးခရိုင် အထူးမှုခင်းနှိမ်နင်းရေးအဖွဲ့မှ ရဲ အုပ်ဝင်းထွန်း၊ အမှတ်(၁၆)လူကုန် ကူးမှုတားဆီး နှိမ်နင်းရေး တပ်ဖွဲ့စု (လားရှိုး)မှ ရဲအုပ်အောင်လိန်းကီး ဦးဆောင်သောအဖွဲ့များကသက် သေများနှင့်အတူ ရပ်ကွက် (၈)
နယ်မြေ(၃)မန်ဆူကားဝင်းအတွင်း ရှိ တရားမ၀င် အနှိပ်ခန်းဖွင့်လှစ် လုပ်ကိုင်နေကြောင်း သတင်းရရှိ သည့် “ရင်ခတ်ပန်း”စားသောက် ဆိုင်သို့ ၀င်ရောက်ရှာဖွေဖမ်းဆီး ရာ ဆိုင်ခန်းအမှတ် (၁၂)တွင် ဆိုင်ရှင်ပြည့်ဖြိုးမင်း (၂၄)နှစ် (ဘ) ဦးတင်မင်း၏ဆိုင်အပေါ်ထပ်တွင် အနှိပ်ခန်းများဖွဲ့၍  ဧည့်သည် ယောက်ျားများကို နှိပ်နယ်ပေးနေ သော မစုစု (၂၀)နှစ်၊(ဘ)ဦးသန်း (ကရင်/ဗုဒ္ဓ) တောင်ပေါ်စုရွာ၊ မြောင်းမြမြို့နယ်။ မအေးမြစန်း (၃၀)နှစ်၊ (ဘ) ဦးသိန်းအောင် (ဗမာ/ဗုဒ္ဓ) မြင်းလှည်းဂိတ်၊ ပြည် တော်သာ(၁)လမ်း၊ ရွှေပြည်သာ မြို့နယ်။ မိုးသန္တာ(၂၆) နှစ်၊ (ဘ) ဦးသန်းအောင်(ဗမာ/ဗုဒ်္ဓ)(လိပ်စာ တူနေသူ)။ မာလာမြင့် (၂၂)နှစ်၊ (ဘ) ဦးသိန်းမြင့်(ဗမာ/ဗုဒ္ဓ) ဟို ပိတ်ကုန်း၊ နယ်မြေ(၁၀)၊မြောင်းမြ မြို့နယ်။ မဇင်မာ (၂၄) နှစ်၊ (ဘ) ဦးဗိုက်ကြီး (ဗမာ/ဗုဒ္ဓ) ဇောင်း ယားပင်ဆိပ်(၃)လမ်း၊ မရမ်းကုန်း ရပ်ကွက်၊ မြောင်းမြမြို့နယ်။ ဟေ မန် (ခ) စုစု(၂၀)နှစ်၊(ဘ) ဦးသန်း ညို(ဗမာ/ဗုဒ္ဓ)ကန်ကြီးရွာ၊မြောင်း မြမြို့နယ်။ ဇင်မာဝင်း (၁၈) နှစ်၊ (ဘ) ဦးမြင့်ဦး (ဗမာ/ဗုဒ်္ဓ) ရှမ်းရွာ၊ ပုသိမ်မြို့နယ်။ ကေကေ(၃၅)နှစ်၊ (ဘ)ဦးမြအေး(ဟိန္ဒူ/ဗုဒ္ဓ)အမှတ် (၆)ရပ်ကွက်၊ မြောင်းမြမြို့နယ်  နေသူတို့ကိုတွေ့ရှိခဲ့သည်။

ဆိုင်ခန်းအမှတ်(၆)ဆိုင်ရှင် မောင်နိုင်နိုင်(၂၄)နှစ်၊ (ဘ)ဦးလှိုင် စိုး(ဂေါ်ရခါး/ဗုဒ်္ဓ)၏ ဆိုင်အပေါ် ထပ်သို့ ၀င်ရောက်ရှာဖွေဖမ်းဆီး ရာ အနှိပ်ခန်းများတွင်ယောက်ျား များကို  နှိပ်နယ်ပေးေ
နသော မကေဇင် (၁၈)နှစ်၊ (ဘ)ဦးဝင်း ထိန် (ချင်း/ဗုဒ္ဓ) ရပ်ကွက် (၁၂)၊ လားရှိုးမြို့။ မထက်ထက်(၁၈)နှစ်၊ (ဘ) ဦးအောင်နိုင်စိုး(ဗမာ/ဗုဒ်္ဓ) ရပ်ကွက်(၁၂)၊လားရှိုးမြို့။မဖြိုးဖြိုး အောင် (၂၀)နှစ်၊ (ဘ) ဦးထွန်း လင်း(ဗမာ/ဗုဒ်္ဓ) ရပ်ကွက်(၁၂)၊ လားရှိုးမြို့။ မမြတ်နိုင် (၂၀) နှစ်၊ (ဘ) ဦးတင်ဝင်း (ဗမာ/ဗုဒ္ဓ) နောင်လိုင်ရွာ၊ လားရှိုးမြို့နယ်နှင့် မထွေးထွေး(၁၈)နှစ်၊ (ဘ)ဦးလှဦး (ဗမာ/ဗုဒ္ဓ)  လက်ပံတန်းရွာ၊ ဟင်္သာတမြို့နယ်နေသူတို့ကို စစ် ဆေးတွေ့ရှိခဲ့သဖြင့် ဆိုင်ပိုင်ရှင် များဖြစ်ကြသော ပြည့်ဖြိုးမင်းနှင့် နိုင်နိုင်တို့၏ ဆိုင်ခန်းအပေါ်ထပ် တွင် အနှိပ်ခန်းလုပ်ကိုင်ရာတွင် အသုံးပြုခဲ့သော  မွေ့ယာခင်း၊ ခေါင်းအုံးနှင့်ကန့်လန့်ကာပိတ်စ များကို သိမ်းဆည်းပြီး ဆိုင်ပိုင်ရှင် ပြည့်ဖြိုးမင်း (၂၄)နှစ်၊(ဘ) ဦးတင် မင်းနှင့် နိုင်နိုင်(၂၄)နှစ်၊ (ဘ) ဦးလှိုင်ဦး (ဂေါ်ရခါး/ဗုဒ်္ဓ)တို့နှင့် အနှိပ်ခန်းတွင် လုပ်ကိုင်သူ အမျိုး သမီး (၁၃)ဦးတို့ကို ဥပဒေအရ အမှုဖွင့်အရေးယူနိုင်ရေး ဆောင် ရွက်လျက်ရှိကြောင်းသိရသည်။

မန်ဆူကားဝင်းအနီး ဈေး ရောင်းနေသူ အမျိုးသမီးတစ်ဦး မှလည်း““လားရှိုးမြို့ပေါ်မှာအနှိပ် ခန်းတွေကို ဒီလိုသာ ထိထိမိမိ ဖမ်းဆီး နှိမ်နင်းပေးမယ်ဆိုရင် ကောင်းတာပေါ့။ ဒါပေမဲ့ အခြား လုပ်ငန်းပြပြီး အနှိပ်ခန်းလုပ်နေတဲ့ ရေပူစမ်းနဲ့ သီပေါဘက် အထွက် ကြိုဆိုပါ၏ ဆိုင်းဘုတ်နားတို့၊ အထက်မန်အိုင်တို့၊ ဆက်သွယ် ရေးရုံးအနားတို့။ အို၊ ပြောရရင် ရပ်ကွက်တိုင်းနီးပါးရှိနေတာ ဘာလို့မဖမ်းကြလည်းမသိဘူး။ အခုဟာတော့ တရားမ၀င်အနှိပ် ခန်းဖွင့်လို့ဖမ်းတယ်ပြောတယ်။ ဒါဆို အထက်ကပြောတဲ့ တည်းခို ခန်း လိုလို၊ မိုတယ်လိုလို၊ ကာရာ အို ကေဆိုင်လိုလို၊KTV လိုလို အရောင်ပြပြီး အနှိပ်ခန်းဖွင့်ထား တာတွေက တရားဝင်ဖွင့်ခွင့်ပေး ထားတာပေါ့လေ။ အိမ်က ကို အ၀ှာတောင်အဲဒီဘက်ခြေဦးလှည့် နေသလားမသိဘူး။ စစ်ဆေးရ ဦးမယ်။တော်တော်ကြာတရားဝင် အနှိပ်ခန်းတွေက မောင်ကြီးမပြန် နိုင်ဖြစ်နေမှာစိုးရတယ်။ အခုဖမ်း တဲ့ ရဲမှူးကြီးတို့ရေ။ လားရှိုးမြို့က ဒုသမ္မတကြီးရဲ့မျက်နှာကိုထောက် ပြီး ဖိဖိစီးစီးလေး နှိပ်ကွပ်ပေး ကြပါအုံး။ မျက်နှာပြောင်တိုက်ပြီး သားပျို၊ သမီးပျိုလေးတွေ ဒုက္ခ မျိုးစုံကြုံရအောင် တရားဝင်လိုလို၊ လိုင်းကြေးပေးပြီး လုပ်နေသလို လို အနှိပ်ခန်းတွေကိုလည်း ကြပ် ကြပ်မတ်မတ်
ဖမ်းပေးကြပါဦး တော်။ ဒါမှ ကျွန်မတို့လို အိမ် ထောင်ရှင်မတွေအနား လင် တော်မောင် မောင်မင်းကြီးသား တို့ ပြန်ကပ်လာကြအောင်လို့ပါ တော်””ဟု ပြောသည်။

ထက်အောင်ကျော်(ရှမ်း/မြောက်)
Hot News Journal 

No comments:

Post a Comment