Wednesday 4 June 2014

Taken သရုပ်ဆောင် မင်းသားနှင့် စွယ်စုံရအနုပညာရှင် ဘန်စတီလာတို့ ရုပ်ရှင်ရိုက်ကူးရန် မြန်မာပြည်လာမည်

Photo: Taken သရုပ်ဆောင် မင်းသားနှင့် စွယ်စုံရအနုပညာရှင် ဘန်စတီလာတို့ ရုပ်ရှင်ရိုက်ကူးရန် မြန်မာပြည်လာမည်
Wednesday, June 4, 2014

ကမ္ဘာကျော် Taken ရုပ် ရှင်ဇာတ်လမ်းမှ အဓိကသရုပ် ဆေင်လီယမ်နယ်လ်ဆင်နှင့် စွယ် စုံရအမေရိကန်အနုပညာရှင် ဘန် စတီလာတို့နှစ်ဦးသည် မြန်မာ နိုင်ငံတွင် ရုပ်ရှင်ရိုက်ကူးရန်လာ ရောက်လေ့လာမှုများပြုလုပ်မည် ဖြစ်ကြောင်း ဦးသူရ(ဇာဂနာ) က ပြောကြားသည်။

အသက် (၄၉) နှစ်အရွယ် အမေရိကန်စွယ်စုံရအနုပညာရှင် ဘန်စတီလာနှင့် အသက် (၆၁) နှစ်အရွယ် အိုင်းရစ်သရုပ်ဆောင် လီယမ်နယ်လ်ဆင်တို့ နှစ်ဦးသည် မြန်မာနိုင်ငံတွင် ချွေးတပ်နှင့် ပတ် သက်သည့် ရုပ်ရှင်တစ်ကား ရိုက် ကူးရန် အစီအစဉ်ရှိသောကြောင့် လာရောက်မည်ဖြစ်ပြီး ယင်းကိစ္စနှင့် ပတ်သက်၍လည်း အကူအညီ ပေးသွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

‘‘သံဖြူဇရပ်အကြောင်းပါတဲ့ ဇာတ်ကားရိုက်ဖို့လည်းရှိတယ်လို့ ပြောတယ်။ လောလောဆယ် တော့ ဟိုမှာ ညှိနေတုန်းပဲ။ ဒါပေ မဲ့ အဲဒီဇာတ်ကားမရိုက်ဖြစ်ရင် တောင် သူတို့နှစ်ယောက်က တော့ မြန်မာနိုင်ငံကိုလာဖို့ အစီ အစဉ်ရှိတယ်’’ဟု ဦးသူရက ပြော ကြားသည်။

ဦးသူရသည် ဘန်စတယ် လာနှင့် ပုဂ္ဂိုလ်ရေး ရင်းနှီးမှုများရှိ ကာ အဆက်အသွယ်လည်းရှိပြီး နယူးယောက်ရေဒီယိုအစီအစဉ်တွင်လည်း နှစ်ယောက်အတူ ဟာသများ တင်ဆက်ဖူးသည်ဟု ပြောကြားသည်။ ဘန်စတီလာ လက်ရှိ ရိုက်ကူးနေသော ဇာတ်ကားမှာ လည်း ဇူလိုင်လကုန်မှ ပြီးစီးမည် ဖြစ်သောကြောင့် မြန်မာနိုင်ငံသို့ လာမည်ဆိုပါက သြဂုတ်လတွင် အစောဆုံး ဖြစ်နိုင်သော်လည်း မြန်မာနိုင်ငံ၌ မိုးများရွာနေသော ကြောင့် လာရောက်မည်ဆိုလျှင် စက်တင်ဘာလောက်မှသာ လာ ရောက်ရန် ၎င်းက အကြံပေးထား သည်ဟု ဆိုသည်။

ဘန်စတီလာသည် ရုပ်ရှင် မင်းသား၊ ဟာသသရုပ်ဆောင်၊ ဒါရိုက်တာ၊ ထုတ်လုပ်သူ၊ ဇာတ် ညွှန်းရေးသားသူ စသည့် အနုပညာမျိုးစုံဖြင့် အသက်မွေးဝမ်း ကျောင်း ပြုခဲ့သည့် စွယ်စုံအနုပ ညာရှင်တစ်ဦးဖြစ်ပြီး Night at the Museum၊ Meet the Fockersအပါအ၀င် ရုပ်ရှင်ဇာတ်ကားအ  မြောက်အမြားရိုက်ကူးခဲ့သူလည်း ဖြစ်သည်။ လီယမ်နယ်လ်ဆင် သည် Taken ရုပ်ရှင်ဇာတ်လမ်း များအပါအ၀င် Michael Collins၊ Les Miserables၊ Batman Begins၊ Kinsey၊ Clash of the Titans စသည့် ဇာတ်လမ်းများ တွင် ပါဝင်သရုပ်ဆောင်ခဲ့သူ ဖြစ်သည်။

7Day DAILY
ကမ္ဘာကျော် Taken ရုပ် ရှင်ဇာတ်လမ်းမှ အဓိကသရုပ် ဆေင်လီယမ်နယ်လ်ဆင်နှင့် စွယ် စုံရအမေရိကန် အနုပညာရှင် ဘန် စတီလာတို့နှစ်ဦးသည် မြန်မာ နိုင်ငံတွင် ရုပ်ရှင်ရိုက်ကူးရန်လာ ရောက်လေ့လာမှု များပြုလုပ်မည် ဖြစ်ကြောင်း ဦးသူရ(ဇာဂနာ) က ပြောကြားသည်။

အသက် (၄၉) နှစ်အရွယ် အမေရိကန်စွယ်စုံရအနုပညာရှင် ဘန်စတီလာနှင့် အသက် (၆၁) နှစ်အရွယ် အိုင်းရစ်သရုပ်ဆောင် လီယမ်နယ်လ်ဆင်တို့ နှစ်ဦးသည် မြန်မာနိုင်ငံတွင် ချွေးတပ်နှင့် ပတ် သက်သည့် ရုပ်ရှင်တစ်ကား ရိုက် ကူးရန် အစီအစဉ်ရှိသောကြောင့် လာရောက်မည်ဖြစ်ပြီး ယင်းကိစ္စနှင့် ပတ်သက်၍လည်း အကူအညီ ပေးသွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

‘‘သံဖြူဇရပ်အကြောင်းပါတဲ့ ဇာတ်ကားရိုက်ဖို့လည်းရှိတယ်လို့ ပြောတယ်။ လောလောဆယ် တော့ ဟိုမှာ ညှိနေတုန်းပဲ။ ဒါပေ မဲ့ အဲဒီဇာတ်ကားမရိုက်ဖြစ်ရင် တောင် သူတို့နှစ်ယောက်က တော့ မြန်မာနိုင်ငံကိုလာဖို့ အစီ အစဉ်ရှိတယ်’’ဟု ဦးသူရက ပြော ကြားသည်။

ဦးသူရသည် ဘန်စတယ် လာနှင့် ပုဂ္ဂိုလ်ရေး ရင်းနှီးမှုများရှိ ကာ အဆက်အသွယ်လည်းရှိပြီး နယူးယောက် ရေဒီယိုအစီအစဉ်တွင်လည်း နှစ်ယောက်အတူ ဟာသများ တင်ဆက်ဖူးသည်ဟု ပြောကြားသည်။ ဘန်စတီလာ လက်ရှိ ရိုက်ကူးနေသော ဇာတ်ကားမှာ လည်း ဇူလိုင်လကုန်မှ ပြီးစီးမည် ဖြစ်သောကြောင့် မြန်မာနိုင်ငံသို့ လာမည်ဆိုပါက သြဂုတ်လတွင် အစောဆုံး ဖြစ်နိုင်သော်လည်း မြန်မာနိုင်ငံ၌ မိုးများရွာနေသော ကြောင့် လာရောက်မည်ဆိုလျှင် စက်တင်ဘာလောက်မှသာ လာ ရောက်ရန် ၎င်းက အကြံပေးထား သည်ဟု ဆိုသည်။

ဘန်စတီလာသည် ရုပ်ရှင် မင်းသား၊ ဟာသသရုပ်ဆောင်၊ ဒါရိုက်တာ၊ ထုတ်လုပ်သူ၊ ဇာတ် ညွှန်းရေးသားသူ စသည့် အနုပညာမျိုးစုံဖြင့် အသက်မွေးဝမ်း ကျောင်း ပြုခဲ့သည့် စွယ်စုံအနုပ ညာရှင်တစ်ဦးဖြစ်ပြီး Night at the Museum၊ Meet the Fockersအပါအ၀င် ရုပ်ရှင်ဇာတ်ကားအ  မြောက်အမြားရိုက်ကူး ခဲ့သူ လည်း ဖြစ်သည်။ လီယမ်နယ်လ်ဆင် သည် Taken ရုပ်ရှင်ဇာတ်လမ်း များအပါအ၀င် Michael Collins၊ Les Miserables၊ Batman Begins၊ Kinsey၊ Clash of the Titans စသည့် ဇာတ်လမ်းများ တွင် ပါဝင်သရုပ်ဆောင်ခဲ့သူ ဖြစ်သည်။

7Day DAILY

No comments:

Post a Comment