Friday 20 June 2014

ဦးဆန်းဆင့်ကို ရမည်းသင်းထောင် ပို့၍ မိသားစုအား နေအိမ်အကျယ်ချုပ်ဖြင့် ထားရှိ


ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
ရန်ကုန်- တာဝန်မှ ရပ်စဲ၍ တရားစွဲဆိုခြင်းခံထားရသော သာသနာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းထောင်သို့ ဇွန်လ ၂၀ ရက်က ပို့ဆောင်လိုက်ပြီဖြစ်ကာ ၀န်ကြီးဟောင်း၏ မိသားစုကို နေအိမ် အကျယ်ချုပ်ထားရှိကြောင်း သတင်းရရှိသည်။

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) က တရားလိုပြုလုပ်ကာ အမှုဖွင့် တရားစွဲဆိုထားသည့် ကိစ္စရပ်နှင့် ပတ်သက်၍ စစ်ဆေးမေးမြန်းရန် ထိုကဲ့သို့ ခေါ်ဆောင်သွားသည်ဟု သိရှိရကြောင်း ဦးဆန်းဆင့်နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

‘‘ရမည်းသင်းထောင်ကို ပို့လိုက်တယ်လို့ သိရပါတယ်။ သူတစ်ဦးတည်းပါပဲ။ မိသားစုကတော့ နေအိမ် အကျယ် ချုပ်ရှိနေပါတယ်’’ ဟု ၎င်းက ဆိုသည်။ ဦးဆန်းဆင့် တာဝန်မှရပ်စဲခံရခြင်းသည် ၀န်ကြီးတစ်ဦး၏ တာဝန် များကို ကျော်လွန်လုပ်ဆောင်၍ဟုဆို 

နေပြည်တော်- သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်အား တာဝန်မှရပ်စဲသည့် ကိစ္စ တွင် မဟာသန္တိသုခပြဿနာမှာ အကြောင်းတစ်ခုအနေဖြင့် ပါဝင်သော်လည်း ပြည်ထောင်စုဝန်ကြီးတစ်ဦး ၏ တာဝန်များကို ကျော်လွန်လုပ်ဆောင်သည့်အတွက်ဖြစ်သည်ဟု နိုင်ငံတော်သမ္မတ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က မီဒီယာများအား ပြောကြားလိုက်သည်။

‘‘သမ္မတကြီးက သာသနာရေးဝန်ကြီးအနေနဲ့ မဟနရဲ့ ဆုံးဖြတ်ချက်ကိုလည်း အေးအေးချမ်းချမ်း အကောင် အထည်ဖော်နိုင်အောင် တစ်ဖက်ကလည်း ဟိုဘက်နဲ့ဒီဘက်ကြားမှာ သာသနာရေးဝန်ကြီးအနေနဲ့ရော၊ ဆရာဒကာအနေနဲ့ရော ၀င်ရောက်ဖြေရှင်းဖို့ ပြောခဲ့တာပါ။ ဒါပေမဲ့ အဲဒီကိစ္စအပြင် တခြားကိစ္စတွေမှာ ဦးဆန်းဆင့်ရဲ့ ဆောင်ရွက်ချက်တွေက ပါဝင်ပတ်သက်နေသူတွေကြားထဲမှာ နားလည်မှုဖြစ်စေဖို့ထက် စိတ်ဝမ်းကွဲပြားမှုဖြစ်စေတယ်။ နောက်ဆုံးမှာ အစိုးရနဲ့ သံဃာတွေကြားထဲမှာပါ နားလည်မှုလွဲစေတဲ့ အဖြစ်မျိုးထိ ဖြစ်လာတယ်။ တချို့ဟာတွေဆိုရင် သမ္မတကြီးမှာကြားချက်တွေကို ကျော်လွန်ပြီး လုပ်လိုက် တယ် ဆိုတဲ့ သဘောမျိုးထိ ရှိတယ်’’ ဟု ဦးရဲထွဋ်က ဦးဆန်းဆင့်အား အရေးယူထားသည့်အကြောင်းရင်းကို ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေး ရပ်နားချိန် မီဒီယာများအား ရှင်းလင်း ပြောကြားခဲ့သည်။

မလွှဲမရှောင်သာ၍သာ အရေးယူဆောင်ရွက်ရခြင်းဖြစ်ပြီး ယခင်ကတည်းက အကြိမ်ကြိမ်ပြောကြားခဲ့ပြီး ဖြစ်သည် ဟု ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ လာရောက်စဉ် သတင်းမီဒီယာများ၏ မေးမြန်းမှုကို ဦးရဲထွဋ်က ပြောကြားခဲ့ခြင်းဖြစ်သည်။

သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနေရာတွင် လက်ရှိသာသနာရေး ဒုဝန်ကြီး ဦးစိုးဝင်းအား ခန့်ထားလိုက်ကြောင်း ပြည်ထောင်စုလွှတ်တော်သို့ အကြောင်းကြားစာ ပေးပို့ခဲ့သည်။

7 Days

No comments:

Post a Comment